စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေရာ အရပ်သား ၁သောင်းနီးပါး စစ်ဘေးတိမ်းရှောင်နေရကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်ထံက သိရပါတယ်။

လက်ရှိမှာ ပုလဲမြို့ပေါ်မှာ BNRA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်မှုတွေကို စစ်ကောင်စီက လေကြောင်းကနေ အသည်းအသန်ခုခံနေရပြီး အရပ်သားတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ရက်နေ့ကစလို့ ပုလဲမြို့ပေါ်က စစ်ကောင်စီတပ်သားတွေတပ်စွဲထားတဲ့ ရဲစခန်း၊ စာသင်ကျောင်း၊ ထွေအုပ်ရုံး စတဲ့နေရာတွေကို BNRA နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ စစ်ဘေးရှောင်များ (ဓာတ်ပုံ စစ်ကိုင်းပြည်သူ ဖေးမကူ)
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ စစ်ဘေးရှောင်များ (ဓာတ်ပုံ စစ်ကိုင်းပြည်သူ ဖေးမကူ)

အဲ့ဒီနေ့မှာပဲ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးအလုံးရေ ၂ဝ ကို  ပုလဲမြို့နယ်ထဲ ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ၇ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပုလဲမြို့ပေါ်က လျှပ်စစ်ဝန်ထမ်းအိမ်ရာအပါအဝင် နေရာတချို့ကို စစ်ကောင်စီလေတပ်က ပေါင်၅၀၀ဗုံးတွေ ကြဲချခဲ့တဲ့အတွက် မြို့နယ်လျှပ်စစ်မှူး ဦးကျော်ဆန်းဆိုသူနဲ့  Non CDM ထွေအုပ်စာရေးရဲ့ ဇနီးနဲ့သားတို့ ထိခိုက်သေဆုံးခဲ့ပါတယ်။

နိုဝင်ဘာ ၁၃ရက်နေ့ မနက်ပိုင်းနဲ့ ဒီနေ့ နိုဝင်ဘာ ၁၄ရက်နေ့တွေမှာလည်း တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာတွေ၊ Mi35 တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ စစ်ဘေးရှောင်များ (ဓာတ်ပုံ စစ်ကိုင်းပြည်သူ ဖေးမကူ)
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ စစ်ဘေးရှောင်များ (ဓာတ်ပုံ စစ်ကိုင်းပြည်သူ ဖေးမကူ)

မြို့ထဲပိတ်မိနေတဲ့ အရပ်သား ၂၀၀ကျော်ကို ဘေးလွတ်ရာဆီ ကယ်ထုတ်ထားနိုင်ကြောင်းလည်း ကျားသစ်နက်တပ်မတော်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပုလဲမြို့ပေါ်အပါအဝင် အလယ်ဘုံ၊ အေးကုန်း၊ သာယာကုန်း၊ ချောင်းကန်၊ ကံကြီး၊ ညောင်ကန်၊ ညောင်ကုန်း၊ မန်ကျည်းခွ၊ ဇောင်ချမ်းကုန်း၊ မြကုန်း၊ ရိုးရွာစတဲ့ ကျေးရွာပေါင်း၁၂ရွာ၊ အိမ်ထောင်စု၂၁၂၀ စု က အရပ်သား ၉၅၃၉ယောက်အထိ စစ်ဘေးရှောင်နေကြရတာ ဖြစ်ပါတယ်။

စစ်ဘေးရှောင်အရေတွက် များပြားလွန်းတာကြောင့် အခြေခံစားနပ်ရိက္ခါနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့လည်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်ကပြောပါတယ်။

လက်ရှိမှာ ပုလဲမြို့ရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ စစ်ဘေးရှောင်များ (ဓာတ်ပုံ စစ်ကိုင်းပြည်သူ ဖေးမကူ)
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ စစ်ဘေးရှောင်များ (ဓာတ်ပုံ စစ်ကိုင်းပြည်သူ ဖေးမကူ)
0 Shares:
You May Also Like
Read More

MLA မှ တပ်ပြေးရဲဘော် ၅ ဦးကို ထုတ်ပြန်ကြေညာ

မွန်ပြည်နယ်ခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တပ်ဖွဲ့ ကနေ တပ်ပြေးရဲဘော် ၅ယောက်ကို ဒီနေ့ ဇွန်လ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာလာပါတယ်။ 
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် “TRI” ဗျူဟာ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ "TRI"  ဗျူဟာ (ဗျူဟာအမှတ် ၉၃ ) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲ အခမ်းအနား ပုံရိပ်တွေကို "TRI" ဗျူဟာက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကံမ္မမြို့အတွင်း ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေသည့် အကြမ်းဖက်စစ်တပ်ကို အလစ်ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၇ ဦး သေဆုံး

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ် ၊ ကံမ္မမြို့အတွင်း ပြည်သူပိုင်ပစ္စည်းတွေကို ကား ၂ စီးနဲ့ လိုက်လံခိုးယူတင်ဆောင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို အလစ်ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ Pakokku People Defense Force (PPDF) က ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်ခေါင်းနဲ့ မင်းလှမှာ စစ်တပ်သတင်းပေးလုပ်နေတဲ့ ပျူစောထီး ၂ ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပေါက်ခေါင်းနဲ့ မင်းလှမြို့နယ်တို့မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ ပျူစောထီးတွေ ပစ်ခတ်ရှင်းလင်းခံရကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

စလင်းနှင့် ဆင်ဖြူကျွန်းအတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်၊ စစ်တပ် မြှုပ်နှံထားခဲ့သည့် အလောင်း ၃ လောင်း တူးဖော်တွေ့ရှိ…

မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူ ခရိုင် အမှတ် ၁၄ တပ်ရင်းရဲ့ တပ်ရင်း၂ နှစ်ပြည့်အခမ်းအနား… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ပခုက္ကူခရိုင် အမှတ် ၁၄ တပ်ရင်းက တပ်ရင်း ၂ နှစ်ပြည့်အခမ်းအနားကို ဒီဇင်ဘာလ ၁ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။