မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှုကြောင့် ၆ နှစ်အရွယ် မိန်းကလေးငယ် ၁ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃ ယောက်ရှိတယ်လို့ Special Task Force Ngazun အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

နိုဝင်ဘာ ၁၃ရက် မနေ့က ညပိုင်းမှာ ငါန်းဇွန်မြို့နယ်၊ မြေတိုင်းကျေးရွာကို  အကြမ်းဖက်စစ်ကောင်စီရဲ့ Y12 လေယာဥ်က တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွါးခြင်းလုံးဝမရှိဘဲ ဗုံးသီး အလုံး ၄၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သားတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေထိခိုက်သေဆုံးခဲ့ရပါတယ်။

“Y12 လေယာဥ်နဲ့ချသွားတာ ပေါင် ၅၀၀လည်း မဟုတ်ဘူးဗျ။ ကပစ နောက်ပိုင်းထုတ်တဲ့ ဗုံးသီးတွေနဲ့ ချသွားတာ။ စုစုပေါင်း ၄၂လုံးပါ။ သိရသလောက်ကတော့ ရွာရဲ့ တစ်ခြမ်းတည်းကိုပဲ အလုံး ၄၀လောက် ကြဲသွားတာလို့ပြောရမယ်။ တိုက်ပွဲလည်းမရှိပါဘူး။ စစ်တပ်သတင်းပေးကြောင့် လုပ်သွားတာလည်း ဖြစ်နိုင်ပါတယ်။” လို့ Special Task Force  Ngazun အဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ မြင်ကွင်းတချို့

မြေတိုင်းကျေးရွာအနေနဲ့ ငါန်းဇွန်မြို့နယ်ထဲက ထိတွေ့တိုက်ပွဲတွေကြောင့် မကြာခဏဆိုသလို လေကြောင်းတိုက်၊စစ်ကြောင်းထိုး ခံနေရပြီး ​စက်တင်ဘာလလောက်ကတည်းက ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြတယ်လို့လည်း သိရပါတယ်။

“အဲ့ရွာက ပြည်သူအများစုက လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက စစ်ရှောင်နေကြတာပါ။ အခုက တောင်ယာလုပ်ရင်း ရွာမှာနေတဲ့သူ အနည်းငယ်လောက်ပဲကျန်ခဲ့တာပါ။ ဒါကြောင့်လည်း ထိခိုက်မှုနည်းသွားတာပါ။ နေအိမ်တွေလည်း ထိခိုက်ပျက်စီးမှု ရှိပါတယ်။ အရေအတွက်တော့ အတည်မပြုရသေးပါဘူး။” လို့ Special Task Force  Ngazun အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ မြင်ကွင်းတချို့

ဒါ့အပြင် နိုဝင်ဘာ ၁၃ရက် မနေ့က မနက်အစောပိုင်းမှာလည်း ငါန်းဇွန်မြို့ကနေ မြို့သာကိုလာတဲ့ စစ်ကောင်စီကား ၄စီးကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲခဲ့လို့ ကား၁စီးပျက်စီးပြီး ပါလာတဲ့ စစ်အုပ်စုတွေ ထိခိုက်သေဆုံးခဲ့ပါတယ်။

အလားတူ နိုဝင်ဘာ ၁၁ရက်နေ့ကလည်း ​ထိတွေ့တိုက်ပွဲတွေရှိနေတဲ့ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ထဲက ကွမ်းစိုက်၊ ကူရွာနဲ့ ခြေဆေးရွာတွေကို စစ်ကောင်စီက လေယာဥ်နဲ့ ​ဗုံးသီးအလုံး ၇၀ လောက် ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လစလို့ မြင်းခြံခရိုင်အတွင်းက မြို့နယ်တွေ၊ ရွာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (MDSO) အမည်နဲ့ စစ်ရေးဖော်​ဆောင်မှုတွေ အရှိန်မြှင့်ဖော်ဆောင်နေပြီး စစ်ကောင်စီကလည်း လေကြောင်းကနေ ဆက်တိုက်ခုခံတိုက်ခိုက်နေတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးနေရတာ ဖြစ်ပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ မြင်ကွင်းတချို့
0 Shares:
You May Also Like
Read More

“မြန်မာပြည်အလယ်ပိုင်းထိုးဖောက်ဝင်ရောက်နိုင်ရေး” အတွက် ကျောင်းသားလက်ရုံးတပ်တော်က ရဲဘော်သစ်တွေ ခေါ်ယူနေ

"မြန်မာပြည်အလယ်ပိုင်းထိုးဖောက်ဝင်ရောက်နိုင်ရေး" အတွက် အတူ လက်တွဲ တိုက်ပွဲဝင်ဖို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) က ရဲဘော်သစ်တွေ ခေါ်ယူနေပါတယ်။
Read More

အူမတောင့်မှ သီလစောင့်နိုင်မှာဖြစ်လို့ ပြည်သူတွေရဲ့ စားဝတ်နေရေးဖူလုံဖို့ ဆောင်ရွက်ပေးမယ်လို့ မင်းအောင်လှိုင် ဆိုပြန်

အုပ်ချုပ်သူအစိုးရ၊ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေရဲ့စားရေးမှာ ဖူလုံမှုရှိစေရေးကို ဖြေရှင်းဆောင်ရွက်ပေးမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

မင်းဘူးခရိုင် PDF အမှတ် ၅ တပ်ရင်းမှ ကျဆုံးရဲဘော်များကို ရည်စူးပြီး ဝါဆိုသင်္ကန်းကပ်လှူ ကုသိုလ်ပြု (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းက ဝါတွင်းကာလမှာ ကျဆုံးရဲဘော်တွေကို ရည်စူးပြီး ဝါဆိုသင်္ကန်းကပ်လှူ ကုသိုလ်ပြုခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စေတုတ္ထရာတွင် ပြည်သူ့စစ်ဖွဲ့ဖို့ လုပ်နေသည့် အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါ ၂ ဦး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်မှာ စစ်ကောင်စီအတွက် စစ်မှုထမ်း လူရှာပေးရင်း ပြည်သူ့စစ်ဖွဲ့ဖို့ လုပ်ဆောင်နေတဲ့ ရပ်ကွက်အာဏာပိုင်တွေကို သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဒုစရိုက်မှုကျူးလွန်ထားတဲ့ တရားမဝင်နိုင်ငံခြားသား ၈၀၀ နီးပါးကို စစ်ကောင်စီ ဖမ်းဆီးထား ဟု ဆို

အွန်လိုင်းငွေလိမ် လောင်းကစားလုပ်ငန်းတွေက တရားမဝင်တဲ့ နိုင်ငံခြားသား ၈၀၀ ကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

ဘောလခဲရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့သည့် ကရင်နီဝံပုလွေစစ်ကြောင်းမှ တော်လှန်ရဲဘော်၏ စျာပနအခမ်းအနား

ကရင်နီပြည်နယ်၊ ဘောလခဲမြို့ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ တော်လှန်ရဲဘော်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့ကြောင်း ကရင်နီဝံပုလွေစစ်ကြောင်းက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။