မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ သန်းခေါင်စာရင်းကောက်ယူမှုဟာ အပြည့်အ၀ မအောင်မြင်ခဲ့ဘူးလို့  ရာမညဖက်ဒရယ်အင်အားစုသစ် – NRFF က ထုတ်ပြန်ပါတယ်။

NRFF ရဲ့ “ကျည်ဆံများကြားက ၂၀၂၄ သန်းခေါင်စာရင်း – မွန်ပြည်မှ ပဲ့တင်သံ ” အစီရင်ခံစာမှာ သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းစဉ်ဟာ မွန်ပြည်နယ်မှာ အပြည့်အဝ အကောင်အထည်ဖော် ကောက်ခံနိုင်ခြင်း မရှိခဲ့သလို ပြည်သူတွေဘက်ကလည်း တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

NRFF က ကောက်ယူရရှိတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်အတွင်းက ချောင်းဆုံမြို့နယ်၊ ပေါင်မြို့နယ်နဲ့ မော်လမြိုင်မြို့နယ် စတဲ့ မြို့နယ် ၃ခုမှာသာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းစဉ် အပြည့်အဝဆောင်ရွက်နိုင်ခဲ့ပြီး ကျန်မြို့နယ်တွေမှာ အပြည့်အ၀ မဆောင်ရွက်နိုင်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

မွန်ပြည်နယ်တစ်ခုလုံးအနေနဲ့ စစ်ကောင်စီက ၆၉ရာခိုင်နှုန်းသာ သန်းခေါင်စာရင်း အပြည့်အဝ ကောက်ယူနိုင်ခဲ့ပြီး ၁၅.၆ ရာခိုင်နှုန်းသော နေရာဒေသတွေမှာတော့ တစိတ်တပိုင်း ကောက်ယူနိုင်ခဲ့ကာ လုံးဝမကောက်ယူနိုင်တဲ့ နေရာဒေသက ၁၅.၄ရာခိုင်နှုန်းရှိတယ်လို့ အဲဒီအစီရင်ခံစာက ဆိုပါတယ်။

တော်လှန်ရေးတပ်တွေ အားကောင်းတဲ့ မွန်ပြည်နယ်မှာ စစ်ကောင်စီဟာ ထင်သလောက် ဖြန့်ကျက်ပြီး သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

သန်းခေါင်စာရင်းကောက်ယူနေတဲ့ အချိန်အတွင်းမှာ စစ်ကောင်စီက လက်နက်အင်အားနဲ့ ခြိမ်းခြောက်ခြင်း၊ စစ်မှုထမ်းဖို့ ကြိုတင်စာရင်းဖြည့်သွင်းခြင်း၊ မသက်ဆိုင်တဲ့ အချက်အလက်တွေကို မေးမြန်းပြီး ပိုင်ဆိုင်မှုတွေကို မှတ်တမ်းတင်ခြင်းတွေ ပြုလုပ်ကာ သန်းခေါင်စာရင်းနဲ့ မသက်ဆိုင်တဲ့ ကိစ္စရပ်တွေကို လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ တစ်နိုင်ငံလုံးက အိမ်ထောင်စုပေါင်း ၁၃သန်းက လူဦးရေ ၅၆ သန်းကျော်ကို ကောက်ကွက်ပေါင်း ၁သိန်းကျော်နဲ့ ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ၂၀၂၅ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းနေတဲ့ အာဏာသိမ်း စစ်ကောင်စီက ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ရက်ကနေ ၁၅ရက်အထိ သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့ပေမယ့် အချိန်မလောက်လို့ သက်တမ်းတိုးမြှင့်မှုတွေလည်း ပြုလုပ်ထားရပါတယ်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)အပါအဝင် မွန်တော်လှန်ရေးအဖွဲ့အစည်းတွေကတော့ အာဏာသိမ်းစစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို ပြည်သူတွေ ပူးပေါင်းပါဝင်ခြင်းမပြုကြဖို့ တိုက်တွန်းခဲ့ပြီး ဒီလူဦးရေသန်းခေါင်စာရင်းကိုလည်း အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းမှုကြောင့် မွန်ပြည်နယ်အတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ပေါင်း ၃၀ ထက်မနည်း ပေါ် ပေါက်လာခဲ့ပြီး အဓိက မွန်လက်နက်ကိုင်တပ်ဖွဲ့ လေးခုက လှုပ်ရှားလျက်ရှိနေတာ ဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေစိုးမိုးနိုင်မှုတွေကြောင့် စစ်ကောင်စီဟာ မွန်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူမှုမှာ အောင်မြင်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးခရိုင် ပကဖ တိုက်ခိုက်ရေးမွမ်းမံ သင်တန်းဆင်းပွဲ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံကို အကြမ်းဖက်စစ်တပ် Y 12 လေယာဥ်၊ အသေခံဒရုန်းများနှင့် အကြောင်းမဲ့ တိုက်ခိုက်ခဲ့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံကို အကြမ်းဖက် စစ်ကောင်မရှင်က Y 12 လေယာဥ်၊ ကာမီကာဇေဒရုန်းတွေကို အသုံးပြုပြီး အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

လေကြောင်းအန္တရာယ် အသိပညာပေးစာစောင်များနှင့် ဗီနိုင်းများ ပြည်သူလူထုဆီ ဖြန့်ဝေခဲ့ (ဓာတ်ပုံသတင်း)

လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်အချက်တွေကို ပြည်သူတွေ အလွယ်တကူ လေ့လာသိရှိ နားလည်ဆောင်ရွက်နိုင်အောင် လေကြောင်းအန္တရာယ် အသိပညာပေး စာစောင်တွေနဲ့ ဗီနိုင်းတွေကို လက်ပံတောင်းတောင် ပင်မသပိတ်နဲ့ ပူးပေါင်းပြီး ပြည်သူတွေဆီ မျှဝေခဲ့တယ်လို့ ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုနှင့် ကျောက်မဲတွင် စစ်ကောင်စီတပ် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၁) ဦး သေဆုံး၊ (၃) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နဲ့ ကျောက်မဲမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချမှုနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့်  ပြည်သူ (၁) ယောက် သေဆုံးပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမြို့တော်ခန်းမရှေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်က မြို့တော်ခန်းမနဲ့ ဆေးရုံရှေ့မှာ စစ်အုပ်စုဆန့်ကျင်ရေး ဆန္ဒပြခဲ့တယ်လို့ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀) ဗုံး ၂ လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင်(၂၅၀) ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ထုတ်ပြန်ပါတယ်။