စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ဝန်ထမ်းအိမ်ရာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ ၂ယောက် သေဆုံးကာ တပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း Moe Nyo Revolution Force (M.N.R.F) အဖွဲ့ထံက သိရပါတယ်။

နိုဝင်ဘာ ၁၃ရက်၊ မနေ့က မနက်အစောပိုင်းမှာ မြင်းမူမြို့ ဝန်ထမ်းအိမ်ရာဝန်းထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်သားအယောက် ၂၀နီးပါးကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တာကြောင့် အထိုင်စခန်းအထိ ဝင်ရောက်စီးနင်းဖို့ကြိုးစားခဲ့ပေမယ့် မြေပြင်အနေအထားကြောင့် မအောင်မြင်ခဲ့ဘူးလို့ Moe Nyo Revolution Force (M.N.R.F) အဖွဲ့က ပြောပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီဘက်က အမြင့်ပိုင်းနေရာကနေ စက်​သေနတ်တွေနဲ့ ပစ်ခတ်နေသလို မြင်းမူမြို့ထဲ တပ်စွဲထားတဲ့ စစ်တပ်သံပြားကာ ကားတွေ စစ်ကူရောက်လာတာကြောင့် ပြန်ပြီးဆုတ်ခွာခဲ့ရတယ်လို့လည်း သိရပါတယ်။

“သူတို့တပ်စွဲနေတဲ့ အဆောက်ဦးက လေးထပ်အဆောင်ဗျ။ အာဏာသိမ်းပြီးတည်းက ဝင်နေနေတာပေါ့။ အဲ့တော့အမြင့်ကနေလည်း ပစ်ကြတယ်။ နောက်ပြီး သူတို့ဘက်က ပြည်သူတွေရဲ့ နေအိမ်တွေဘက်ကို လက်နက်ကြီးတွေထုတယ်။ အဲ့ဒါ မြို့ထဲက ပြည်သူ ၃ယောက် ဒဏ်ရာရပါတယ်။ အဓိကကတော့ ကျနော်တို့ဘက်က လက်နက်မပြည့်စုံတာလည်း ပါပါတယ်။ အဲ့ဒါကြောင့်မသိမ်းနိုင်ခဲ့တာပါ။ ကျနော်တို့က ထောက်ပံ့ခံရတာ အားနည်းတာလည်း ပါပါတယ်” လို့ Moe Nyo Revolution Force (M.N.R.F )အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကို Moe Nyo Revolution (M.N.R.F )အဖွဲ့နဲ့အတူ Dog Killers People’s Defence Force (DK-PDF MMU) ၊ မြင်းမူမြို့နယ် ပကဖ ၊ ဇေယျာ​ရွှေမြေ၊ မြင်းမူမြို့နယ်အနောက်ခြမ်းပကဖ ၊ စစ်ကိုင်းမြို့နယ် တိုက်ခိုက်ရေးတပ်ခွဲ ၂ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးကို ပိုမိုကျစ်လျစ် အားကောင်းလာစေမည့် MDY PDF ၏ စစ်ကိုင်းတပ်မဟာ

ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး (MDY PDF) ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ တပ်မဟာ အသစ်တစ်ခုကို ဖွဲ့စည်းသွားမယ်လို့ မနေ့က  ဒီဇင်ဘာလ ၃၀ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

မတ္တရာအနောက်ခြမ်းမှာ တိုက်ပွဲပြင်းထန်နေ၊ အထိနာနေတဲ့ စစ်ကောင်စီတပ်က ဓာတု အဆိပ်ဗုံးတွေ ကြဲချခဲ့လို့ အရပ်သားတွေ ထိခိုက်သေဆုံးတဲ့အပြင် မူးဝေအော့အန်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေရာ ဓာတုဗုံးတွေလည်း ပါဝင်ကြောင်းနဲ့ အရပ်သား၁ယောက် သေဆုံးပြီး ၂ယောက် ထိခိုက်ဒဏ်ရာပြင်းထန်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ယင်းမာပင်ခရိုင် PDF တပ်ရင်း (၂) ရင်းကို တပ်ရင်း (၁) ရင်းတည်းအဖြစ် ပေါင်းစည်း…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင် ခရိုင် တပ်ရင်း (၂) ရင်းကို တပ်ရင်း ၁ ရင်း တည်းအဖြစ်ပေါင်းစည်းလိုက်တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒဏ်ရာရ တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေ…

အကြမ်းဖက် စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ရှေ့တန်းစစ်မြေပြင်မှာ ဒဏ်ရာရရဲဘော်တွေနဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူတွေလက်မခံတဲ့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက် စစ်အုပ်စု ကြေညာ

ပြည်တွင်းစစ် ပြင်းထန်စွာဖြစ်ပွားနေတဲ့အကြား စစ်အုပ်စုက သူတို့ရဲ့ ထွက်ပေါက်ဖြစ်စေမယ့်ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ပြုလုပ်မယ်လို့ ဩဂုတ်လ ၁၈ ရက်က ကြေညာခဲ့ပါတယ်။
Read More

နတ်ရေကန်ဂိတ်မှ ခြေလျင်ထွက်လာသည့် စစ်သားများ မိုင်းဆွဲခံရပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ဂိတ်ကနေ ခြေလျင်ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေရှိခဲ့တယ်လို့ People’s Defence Force – South Monywa တပ်ဖွဲ့ထံက သိရပါတယ်။