NUG လက်အောက်ခံ PDF တပ်တွေဟာ  မြေပြန့်မဟာဗျူဟာထိုးစစ်ကို စတင်နေပြီဖြစ်ကြောင်း NUG ရဲ့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှု မရသေးတဲ့ တပ်ဖွဲ့တွေကို ပူးပေါင်းဆောင်ရွက်ရေးအတွက် အမြဲလမ်းဖွင့်ထားတယ်လို့ဆိုပြီး မြေပြန့်မဟာဗျူဟာထိုးစစ် စတင်နေတဲ့အကြောင်းလည်း ပြည်သူတွေကို အသိပေးပြောဆိုလိုက်တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ COC အောက်မှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှု ရှိမထားတဲ့ တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ဦးနေဘုန်းလတ်က ဆိုပါတယ်။

“ပြည်သူလူထု နှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing)အစီအစဉ်” မှာ ဦးနေဘုန်းလတ်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရိက္ခာ၊ ခဲယမ်း ထောက်ပံ့ပေးမှုဆိုင်ရာ ဘဏ္ဍာရေးအခြေအနေတွေကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ပြီး တော်လှန်ရေးခရီးရောက်ဖို့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်ပေးမှုတွေ ဆက်ရှိဖို့လိုသေးကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့  နိုဝင်ဘာလ ၅ ရက်နေ့က ကျင်းပတဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ  အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် အနိုင်ရရှိမှုအပေါ် ဝမ်းမြောက်စွာ ဂုဏ်ပြုတယ်လို့လည်း ဆိုခဲ့ပါတယ်။

သမ္မတရွေးကောက်ပွဲကို ဒီမိုကရေစီနည်းကျ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့မှုအတွက်  အမေရိကန် နိုင်ငံသူနိုင်ငံသားတွေ၊ မဲဆန္ဒရှင်တွေနဲ့ အနိုင်ရရှိခဲ့တဲ့ သမ္မတလောင်း ဒေါ်နယ်ထရမ့် အပါအဝင် ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်တွေအားလုံးကို ဝမ်းမြောက်စွာဂုဏ်ပြုကြောင်း ဦးနေဘုန်းလတ်ကပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်ကြောင့် ဝမ်းတွင်းတွင် သေဆုံးသူ ၃၀ဦးအထက်ရှိလာပြီး၊ ထိခိုက်ဒဏ်ရာရသူ ၇၀ ကျော်ရှိဟု ဆို

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ ငလျင်ဒဏ်ကြောင့် မြို့နယ်လုံးကျွတ် ထိခိုက်ပျက်စီးကာ ကလေးငယ်နဲ့ သံဃာတော်များ အပါအဝင် သေဆုံးသူ ၃၀ ကျော်အထိ ရှိတယ်လို့ Voice of Wundwin တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ထားဝယ်အခြေစိုက် ခမရ ၄၀၁ မှ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ဖြင့် အလင်း၀င်လာ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ) ၄၀၁ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်နဲ့ အလင်း၀င်ရောက်လာ တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတိုင်းမှာ ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၅၉ ဦး သေဆုံးခဲ့…

စစ်ကိုင်းတိုင်းအတွင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဧပြီလ ၈ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ ၅၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူက မွေးဖွားလာသည့် PDF များ ကျင့်ဝတ်စည်းကမ်း ဖောက်ဖျက်ကျူးလွန်လျှင် ပဲ့ပြင်ထိန်းကျောင်းနိုင်ရန် တိုင်တန်းကြဖို့ MDY-PDF ပြည်သူကို ပန်ကြား…

ပြည်သူကြားက မွေးဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော် (PDF) တွေကို လက်နက်က ရလာတဲ့ ရာထူး၊ အာဏာတွေကြား ဖောက်ပြန်မသွားအောင် ပြည်သူလူထုအနေနဲ့ လိုအပ်သလို ပဲ့ပြင်ထိန်းကျောင်းပေးကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထုတ်ပြန်ပန်ကြားထားပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ တရုတ်က ဇင်ယော် စစ်ဆင်ရေးကို လုပ်ဆောင်မည်

တရုတ်က ကျားဖြန့်လုပ်ငန်းတွေကိုနှိမ်နင်းဖို့ “ဇင်ယော်” စစ်ဆင်ရေးအဖြစ် မဲ့ခေါင်ဒေသက ၆ နိုင်ငံမှာ လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက  ဇန်နဝါရီလ ၂၁ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်
Read More

မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် ကူညီအားပေးပြီး စစ်ကောင်စီရဲ့ ဖိအားပေးလုပ်ရပ်တွေကို အကူအညီမပေးဖို့ ထိုင်းကို NUG တောင်းဆို

ထိုင်းအစိုးရအနေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ်  အားပေးကူညီပြီး စစ်ကောင်စီရဲ့ ဖိအားပေး လုပ်ရပ်တွေကို အကူအညီမပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ဒီနေ့ ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။