မန္တလေးတိုင်း၊ မိတ္ထီလာမြို့ အမှတ် ၁၂ ရပ်ကွက်က အမျိုးသား ၁၇ ယောက်ကို အကြမ်းဖက်စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်သန်းရဲ့ ဦးဆောင်မှုနဲ့ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရပ်ကွက်အတွင်း ဧည့်စာရင်းတွေ လိုက်စစ်ပြီး စစ်တပ်က တပ်သားသစ်အဖြစ် စုဆောင်းကာ စစ်တပ်ထဲခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

“အုပ်ချုပ်ရေးမှူးက စာရင်းလုပ်ပေးလိုက်တာ။ သူနဲ့ အဆင်မပြေတဲ့ မိသားစုဝင်တွေကို ထည့်ပေးလိုက်တာ။ စာရင်းထဲပါတဲ့ မိသားစုဝင် အိမ်တွေကို ဧည့်စာရင်းဝင်စစ်ပြီးမှ ခေါ်သွားတာ” လို့ ရပ်ကွက်နေ ပြည်သူတစ်ယောက်က ပြောပါတယ်။

အုပ်ချုပ်ရေးမှူး အဖွဲ့နဲ့ နီးစပ်သူတစ်ယောက်ကလည်း “စစ်မှုထမ်းဥပဒေ စာရင်းကို လုပ်ထားတာ မဟုတ်ဘူးဗျ။ စစ်တပ်က လူလာတောင်းမှ ရပ်ကွက်ထဲမှာနေတဲ့ သူနဲ့အဆင်မပြေတဲ့ မိသားစုတွေရဲ့ နာမည်တွေ တန်းစီရေးပြီး သူ့ရာအိမ်မှူးကို အိမ်တွေ လိုက်ပြခိုင်းပြီး ခေါ်သွားတာ” လို့ ဆိုပါတယ်။

စစ်အင်အားလိုအပ်နေတဲ့ စစ်ကောင်စီတပ်ဟာ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းနေကြတာဖြစ်ပြီး ရုတ်တရက် ဧည့်စာရင်းဝင်စစ်ရင်း ဖမ်းခေါ်သွားတာကြောင့် ပြင်ဆင်ချိန်မရဘဲ ရပ်ကွက်နေပြည်သူ ၁၇ ယောက် ပါသွားတာဖြစ်တယ်လို့ သိရပါတယ်။ တချို့ပြည်သူတွေဆိုရင် စစ်မှုထမ်းမလိုက်ချင်လို့ လူငှါးရှာဖို့အတွက် ကျပ်ငွေ ၃သိန်းပေးထာရပြီးမှ အခုလို ခေါ်ဆောင်သွားခံလိုက်ရတာလည်း ရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

0 Shares:
You May Also Like
Read More

ဂျာမနီရောက် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် The Elders အဖွဲ့နှင့် တွေ့ဆုံခဲ့

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ The Elders အဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် တရုတ်ဇနီးမယားအဖြစ် အတင်းအဓမ္မ ရောင်းစားခံရတဲ့ ပြဿနာ ကြီးထွားလာနေ…

မြန်မာနိုင်ငံတဝှမ်းမှာ ယခုလို မတည်မငြိမ်ကာလတွေအတွင်း အမျိုးသမီးငယ်တွေကို ဇနီးမယားများအဖြစ် တရုတ်နိုင်ငံကို အတင်းအဓမ္မ ရောင်းစားနေမှုဟာ စိုးရိမ်ဖွယ် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာနေတယ်လို့ ကချင် အမျိုးသမီး အစည်းအရုံး - ထိုင်းနိုင်ငံ (KWAT) က ထုတ်ဝေထားတဲ့ “တရုတ် ဇနီးမယား အဖြစ် အတင်းအဓမ္မ ရောင်းစားခံရခြင်း” အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။
Read More

ပျူစောထီးတွေ သောင်းကျန်းနေတဲ့ သန္ဓေပင်ရပ်ကွက်ရုံး မိုင်းခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ စစ်ကောင်စီလက်ပါးစေ ပျူစောထီးတွေ သောင်းကျန်းနေတဲ့ သန္ဓေပင်ရွာ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းတွေအသုံးပြုပြီး တိုက်ခိုက်ရာ ထိခိုက်မှုတွေရှိကြောင်း မြို့ပြကြွက်တာဝန်ရှိသူက ပြောပါတယ်။
Read More

စစ်ကောင်စီ၏ အပစ်ရပ်ကြေညာချက် လီဆယ်လှည့်ဖြားမှုသာဖြစ်ဟု  NUG ထုတ်ပြန် 

အကြမ်းဖက်စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာချက်ဟာ လီဆယ်လှည့်ဖြားခြင်းသာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ညမှာ ထုတ်ပြန်လိုက်ပါတယ်။ 
Read More

ရန်ကုန်-ပြည် ကားလမ်းမှာ ခရီးသည်တင်ယာဉ်တစ်စီး အပူရှိန်များပြီး မီးလောင်၊ လူတွေထိခိုက်မှု မရှိခဲ့ 

ရန်ကုန်-ပြည် ကားလမ်းပေါ် ရွှေတောင်နဲ့ ပြည်ကြားမှာ ဇန်နဝါရီ ၂၇ ရက် မနေ့က ညနေ ၄နာရီဝန်းကျင်က ခရီးသည်တင် ယာဉ်တစ်စီး အပူရှိန်လွန်ကဲကာ မီးလောင်မှု ဖြစ်ပွါးခဲ့တယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။
Read More

နောင်ချိုမြို့နယ်ရှိ ကျေးရွာ (၅)ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ နောင်ဖာ၊ ဉာဏ်တော၊ လုံစံ၊ အုမ္မခါးနဲ့ နောင်လင်ကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး မနေ့ကတစ်ရက်တည်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးအလုံး (၇၀) ၊ ဒရုန်းနဲ့ ဗုံး (၃၂)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။