မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်က စစ်ကောင်စီရဲ့ ရှမ်းတဲလေတပ်စခန်းကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်မှုမှာ Y-12 စစ်လေယာဉ် ၂ စီး အပါအဝင် ထုတ်လုပ်ရေးအဆောက်အအုံ ၂ လုံးနဲ့ အရာရှိတွေ ထိခိုက်သွားကြောင်း မိတ္ထီလာ ပကဖ တာဝန်ခံ ဦးနောင်ချိုက မောင်းကို အတည်ပြုပြောဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ၁၁၁၁ ရွှေလင်းယုန် ဒရုန်း အထူးစစ်ဆင်ရေးအဖြစ် တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တစ်နှစ်ကြာ အချိန်ယူပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၁ ရက်၊ မနက်၄နာရီအချိန်မှာ မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းဝန်းထဲကို တော်လှန်ရေးအဖွဲ့တွေက ဒရုန်း ၂၄ စီးအသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၈ စီး အောင်မြင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒရုန်းတွေကို လေတပ်ဝန်းထဲက လကသ အရာရှိအိမ်ရာ (လေကြောင်းအတတ်သင်)၊ ခဲယမ်းသိုလှောင်ရုံ၊ လထခ အရာရှိရိပ်သာ (လေကြောင်းထုတ်လုပ်)နဲ့ တပ်မ (၉၉) ဌာနချုပ်တွေဆီ ဦးတည်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

မိတ္ထီလာ ရှမ်းတဲ လေတပ်စခန်း (ဓာတ်ပုံ စကစ)

“ကျနော်တို့ တိုက်ခိုက်မှုကြောင့် Y-12  စစ်လေယာဉ် ၂ စီးနဲ့ ထုတ်လုပ်ရေးစခန်း၂ ခုပျက်စီးတယ်။ နောက်ပြီး အရာရှိ ၂ယောက်နဲ့ စစ်သား ၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။ ထိတဲ့အရာရှိတွေက ရှမ်းတဲက တစ်ယောက်နဲ့ တပ်မ ၉၉ က တစ်ယောက်ပါ” လို့ မိတ္ထီလာ ပကဖ တာဝန်ခံ ဦးနောင်ချိုက မောင်းကိုပြောပါတယ်။

ဒီစစ်ဆင်ရေးကို မိတ္ထီလာမြို့နယ် ပကဖနဲ့အတူ မိတ္ထီလာ ဒရုန်းတပ်ဖွဲ့၊ မိတ္ထီလာ တပ်ရင်း (၃)၊ ၁၈၂၅ စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း (၈) နဲ့ အမည်မဖော်လိုတဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့တွေက NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထောက်ပံ့ကူညီမှု၊ ရှားထူးဝေါနည်းပညာအဖွဲ့ရဲ့ နည်းပညာပိုင်းအကူအညီတွေနဲ့ တိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

ရှမ်းတဲလေတပ်ကို တိုက်ခိုက်ခံရမှုကြောင့် တပ်အတွင်း ဖုန်းအသုံးပြုခွင့်တွေ ပိတ်ပင်ထားကြောင်းနဲ့ လေတပ်ဝန်း ထိခိုက်ပျက်စီးမှုတွေအပေါ် စစ်ကောင်စီက သတင်းတွေ ဖုံးဖိထားတယ်လို့လည်း ပြောပါတယ်။

တိုက်ခိုက်ခဲ့တဲ့ အသေခံဒရုန်းများ (ဓာတ်ပုံ ပကဖအသံ)

“ကျနော်တို့ စစ်ဆင်ရေးက အောင်မြင်တယ် ပြောလို့ရတယ်ပေါ့နော်။ ပြည်သူတွေလည်း စိတ်ဝင်တစားနဲ့ ဝမ်းပန်းတသာ ကြိုဆိုကြတယ်။ အခုဆို တပ်ထဲ ဆက်သွယ်လို့မရအောင် ဖုန်းတွေသိမ်းထားတယ်။ တပ်နယ်ကို အခုလို တိုက်ခိုက်နိုင်တာ ရဲဘော်တွေရဲ့အင်အားတင်မကဘဲ ဖရဲသီးရဲ့ထောက်ပံ့သတင်းပေးမှုတွေကြောင့် မစ်ရှင်အောင်​​အောင် လုပ်နိုင်ခဲ့တာပါ” မိတ္ထီလာ ပကဖ တာဝန်ခံ ဦးနောင်ချိုက ဆိုပါတယ်။

မိတ္ထီလာ ရှမ်းတဲ လေတပ်စခန်းဟာ မြန်မာနိုင်ငံမှာ အကြီးဆုံး လေယာဥ်ပြုပြင် ထိန်းသိမ်းရေးဌာနစခန်း ဖြစ်ပြီး မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တွေမှာ လေကြောင်းပစ်ကူပေးနေတာကြောင့် စစ်ကောင်စီအတွက် အရေးပါတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဘုရားသုံးဆူမြို့မစျေးကြီးတွင် တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်‌ရေး လူထုလှုပ်ရှားမှုသပိတ် ပြုလုပ်ခဲ့ (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ မြို့မစျေးကြီးမှာ ပြည်သူတွေ အကြမ်းဖက် စစ်တပ်ရဲ့ တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်‌ရေး လူထုလှုပ်ရှားမှု သပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နတ်တောင်တာဝါတိုင်စခန်းကုန်းကို AA သိမ်းပိုက်၊ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ စက်တပ်လေထီး ၂ စီးနှင့် ဒရုန်းများကို AA ပစ်ချ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ စစ်ကောင်စီတပ်ရဲ့ ညောင်ကျိုး လက်နက်ကြီးအထိုင်စခန်းရဲ့ ကာကင်းစခန်းဖြစ်တဲ့ နတ်တောင်တာဝါတိုင်စခန်းကုန်းကို ရက္ခိုင့်တပ်တော် AA တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ထီးလင်းစစ်ကြောင်း အထိနာအောင် ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ PDF ရဲဘော်တွေကို ဒေသခံပြည်သူတွေ ကြိုဆိုဂုဏ်ပြု

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့က ထွက်ခွာလာတဲ့ အင်အား ၈၀ ပါ စစ်တပ်စစ်ကြောင်းကို အထိနာ နောက်ပြန်ဆုတ်သွားအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဒေသခံတွေက အောင်သပြေနဲ့ ကြိုဆိုခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ဆင်ဖြူကျွန်းက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီးပြန်လာတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ပြည်သူတွေကြိုဆို

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီးက စစ်ကောင်စီအခြေစိုက်တပ်စွဲရာနေရာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ အမှတ် (၁၀၁) တပ်ရင်းကို ပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မင်းလှမြို့နယ် ဇရစ်မျှောင်ရွာမှ အမျိုးသမီး ၅ ဦးအား စစ်ကောင်စီ ဖမ်းဆီးထား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဇရစ်မျှောင်ရွာက အမျိုးသမီး ၅ ယောက်ကို စစ်အုပ်စုက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရွှေဘို၊ မြင်းချင်းပျူစောထီးရွာက စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေပြီး ၁၀ ယောက်ကျော် ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းပျူစောထီးရွာရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရခဲ့တယ်လို့ အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဒီပဲယင်း) က ဒီနေ့ ထုတ်ပြန်ပါတယ်။