၁၀၂၇ ဒုတိယလှိုင်း ၊ စဉ့်ကူးမြို့နယ် စစ်ဆင်ရေးအတွင်း ပျူစောထီး အယောက် ၁၀၀ လောက်ကို လက်နက်ချအညံ့ခံဖို့ စည်းရုံးနိုင်ခဲ့တဲ့ အမှတ် ၁၂၂၂ တပ်ရင်းက တပ်ရင်းမှူး “ဒိုလေး” ကို “စစ်ရေးဗျူဟာထူးချွန်ဆု” ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် နယ်မြေဆီ ထွက်ပြေးရောက်ရှိနေတဲ့ စဉ့်ကူးမြို့နယ် ပျူစောထီး ခေါင်းဆောင် “ရေတော်ငနိုင်” အပါအဝင် စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာ ပျူစောထီး လက်နက်ကိုင်တွေ၊ ဆည်သည်၊ ဒိုးပင်ကုန်း၊ ဇီးပင်ကုန်း၊ ရေတော်ဘက်က ပျူစောထီးခေါင်းဆောင်တွေ စုစုပေါင်း ပျူစောထီး အယောက် (၁၀၀) လောက်ကို တော်လှန်ရေးတပ်ရှိရာ နယ်မြေဆီ ပြန်လည်ခေါ်ယူပြီး သေနတ်ကျည်တစ်ချက်မှ မဖောက်‌ရဘဲ လက်နက်ချ အညံ့ခံဖို့ စည်းရုံးသိမ်းသွင်းနိုင်ခဲ့တာကြောင့် တပ်ရင်းမှူး “ဒိုလေး” ကို “စစ်ရေးဗျူဟာထူးချွန်ဆု” ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

 

(ဓာတ်ပုံ အမှတ် -၁၂၂၂ တပ်ရင်း  (One Two Tri Brothers))

0 Shares:
You May Also Like
Read More

နိုဝင်ဘာလအတွင်း ဗိုလ်မှူး (၁) ဦးအပါအဝင် စစ်သားနှင့်ရဲ (၃၃) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့

နိုဝင်ဘာလအတွင်း အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တော့တဲ့ ဗိုလ်မှူး (၁) ယောက် အပါအဝင် စစ်သားနဲ့ ရဲ (၃၃) ယောက်ဟာ ပြည်သူ့ရင်ခွင်အဖွဲ့ထံ ခိုလှုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ဒီနေ့ ဒီဇင်ဘာလ ၁၆ ရက်မှာ အသိပေး ထုတ်ပြန်လာပါတယ်။ 
Read More

ဝေါနှင့် ရွှေကျင်မှာ စစ်ကောင်စီတပ်ကို စနိုက်ပါနှင့် ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦး ထိမှန်ခဲ့

ပဲခူးတိုင်း၊ ဝေါမြို့နယ်နဲ့ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၃ ယောက် ထိမှန်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ညိုစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုလောမြို့နယ်၊ ပလမြို့တွင် အကြမ်းဖက်စစ်တပ်က နေအိမ် ၇၀ ကျော်ကို မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့၊ အမှတ် ၄၊ ဆားဖိုဆိပ်ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က ရုတ်တရက် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ် ၇၈ လုံး မီးလောင် ပျက်စီးသွားတယ်လို့ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပုလော ပကဖ) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေးနယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင် တပ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင် တပ်သားတွေ တိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံးသူတွေ ရှိတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရဲ့ ပြောရေး ဆိုခွင့်ရှိသူက မောင်းကို ပြောပါတယ်။
Read More

Sexy Dance ဖြင့် ဖျော်ဖြေခဲ့မှုကြောင့် သရုပ်ဆောင် သင်ဇာဝင့်ကျော် အမှုဖွင့်ခံထားရ

ရန်ကုန်မြို့က ဖျော်ဖြေပွဲတစ်ခုမှာ လိင်အသားပေး Sexy Dance အကနဲ့ ဖျော်ဖြေခဲ့တယ်ဆိုပြီး သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို ကမာရွတ်မြို့နယ်ရဲစခန်းမှာ တရားစွဲဆိုထားတယ်လို့​ သိရပါတယ်။
Read More

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်ရောက် CDM စစ်သား၊ရဲများကို စစ်ဥပဒေဆိုင်ရာ ပညာရပ်များ ဆွေးနွေးပို့ချ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်ရောက် CDM စစ်သား၊ရဲများကို လူအခွင့်အရေး၊ တရား မျှတမှု၊ စစ်ဥပဒေဆိုင်ရာ ပညာရပ်များကို ဆွေးနွေးခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။