တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ရဲ့ အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲကို တအာင်းပြည် ထိန်းချုပ်နယ်မြေတစ်နေရာမှာ နိုဝင်ဘာ (၉)ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း TNLA က အသိပေးထုတ်ပြန်ပါတယ်။

အမျိုးသား အထူးတိုက်ခိုက်ရေးသင်တန်းမှာ အမှတ်စဥ်(က)နဲ့ (ခ) ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းကာလအတွင်း စစ်ဆင်ရေးနဲ့ ရှေ့တန်းမှာ တိုက်ခိုက်ရေး ကျွမ်းကျင်မှုအဆင့်ရှိစေဖို့ အဓိက သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။ သင်တန်းကာလ (၃)လကျော် ကြာမြင့်ခဲ့ပြီး သင်တန်းသား စုစုပေါင်း  (၁၀၀၀)ကျော် တက်ရောက်ပြီးမြောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အထူးတိုက်ခိုက်ရေး သင်တန်းဆင်းပွဲမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ရဲ့ စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရိူန်းက ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားတဲ့ မြို့နယ် (၁၂)မြို့ကို ဆက်လက်ကာကွယ်စောင့်ရှောက်သွားဖို့  မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

တဆက်တည်းမှာပဲ အမျိုးသမီး စစ်သင်တန်းအမှတ်စဥ် (၆၆) (ဂ) သင်တန်းဆင်းပွဲကိုလည်း နိုဝင်ဘာလ (၁၁)ရက်  မနက်ပိုင်းက တအာင်းပြည် ထိန်းချုပ်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်လို့ ထုတ်ပြန်ထားပါတယ်။

အမျိုးသမီး စစ်သင်တန်းမှာ သင်တန်းသူ (၂၀၀) ဝန်းကျင်ရှိခဲ့ပြီး သင်တန်းဆင်းခဲ့တဲ့ အမျိုးသမီးစစ်မေတွေကို PSLF/TNLA ရဲ့ အဓိက ဌာနဆိုင်ရာဖြစ်တဲ့ အုပ်ချုပ်ရေးဌာန တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန၊ သတင်းနှင့် ပြန်ကြားရေးဌာန၊ ဗဟိုရုံးချုပ်နှင့် စစ်ဦးစီးချုပ်ရုံးတွေမှာ အသီးသီး တာဝန်ခွဲဝေ ပေးအပ်သွားမယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်၊ မေလက တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)ရဲ့ အခြေခံ စစ်သင်တန်းအပတ်စဥ်(၆၅)မှာ သင်တန်းသူ/သား ဦးရေ (၁၀၀၀)ကျော် မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA ဟာ ရှမ်းမြောက်က မြို့ပေါင်း ၁၂ မြို့ကို သိမ်းပိုက်ထားပြီး MDY PDF လို NUG လက်အောက်ခံတပ်တွေနဲ့ ပူးတွဲကာ မြေပြန့်မှာ စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

TNLA က ထိန်းချုပ်ထားတဲ့ မြို့တွေကို ဆက်လက်ပြီး ဒေသန္တရ အုပ်ချုပ်ရေးကို အသက်သွင်းနေကာ အုပ်ချုပ်ရေးယန္တရားတွေ ပုံမှန်လည်ပတ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း TNLA က အသိပေးထားပါတယ်။

 

(ဓာတ်ပုံ The Ta’ang Post)

0 Shares:
You May Also Like
Read More

ရန်ကုန်-ပြည်လမ်းပေါ် တိုက်ပွဲဖြစ်ပွားနေသောကြောင့် ယာဉ်ကျောပိတ်နေ

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်မှာ တော်လှန်ရေးတပ်နဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ကားတွေ ရပ်ထားရပြီး ယာဉ်ကျောပိတ်ဆို့မှု ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
Read More

ပေါက် ကပစ (၂၄) မှ အကြမ်းဖက်စစ်ကြောင်း ပခုက္ကူဘက် ပြန်ထွက်လာလို့ လမ်းတလျှောက် ကျေးရွာများ ပြန်လည်တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ကပစ (၂၄) ကို ရောက်ရှိခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းက စစ်အုပ်စုနဲ့ ကားတန်းဟာ ပခုက္ကူမြို့ဘက်ကို ပြန်လည်ထွက်ခွာလာနေတာကြောင့် ဒေသခံတွေ ထပ်မံတိမ်းရှောင်နေရကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက မောင်းကို ပြောပါတယ်။
Read More

နိုင်ငံတော်ပုန်ကန်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသူ ဒေါက်တာအေးမောင်ကို ရွေးကောက်ပွဲဝင်နိုင်ရန် စစ်ကော်မရှင် လွတ်ငြိမ်းခွင့်ပေး 

ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို ကျခံဖို့ ကျန်ရှိနေတဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေအားလုံးကနေ စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်က လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရွှေကျင်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်…

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

အကြောင်းအမျိုးမျိုးကြောင့် CDM မလုပ်ရပေမယ့် Pre CDM (ဖရဲသီး) အဖြစ် တာဝန်ကျေရန် ပြည်သူ့ရင်ခွင် ဖိတ်ခေါ်

မလွဲမရှောင်သာ Non-CDM ဖြစ်နေရသူတွေအနေနဲ့ စစ်အုပ်စု ယန္တရားထဲကနေ ဟန်မပျက် တာဝန်ထမ်းဆောင်ပြီး Pre-CDM (ဖရဲသီး) အဖြစ် တာဝန်ထမ်းဆောင်ကြဖို့ ပြည်သူ့ရင်ခွင်က ဖိတ်ခေါ်ထားပါတယ်။ 
Read More

စလင်းက စစ်ကောင်စီအထိုင်ချတပ်စွဲထားတဲ့နေရာတွေကို တပြိုင်နက်တည်းတိုက်ခိုက်

မကွေးတိုင်း၊ စလင်းမြို့က စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ သုံးခုကို တော်လှန်ရေးအင်အားစုတွေက တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် (၁)တပ်ရင်းက မောင်းကို အတည်ပြုပြောဆိုပါတယ်။