ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်း (Myanmar Defense Force) အနေနဲ့ တပ်ရင်းက ရဲဘော် ၃ ယောက် ကျဆုံး​​ခြင်းအတွက် အမိန့်ပြန်တမ်း ပြန်ဆိုခြင်းနဲ့ အလေးပြုခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Myanmar Defense Force)
(ဓာတ်ပုံ Myanmar Defense Force)

နိုဝင်ဘာလ ၁၀ ရက် ညပိုင်းမှာ သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်း မိုင်းရဲဘော် ရန်နိုင် (ကိုယ်ပိုင်အမှတ် P1 29 26 165) နဲ့ ချေမှုန်းရေး ရဲဘော် မျိုးလေး (ကိုယ်ပိုင်အမှတ် P2 38 02 307) တို့ဟာ တပ်ရင်းက ပေးအပ်တဲ့ တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၁၁ ရက် ညပိုင်းမှာလည်း သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်းရဲ့ ချေမှုန်းရေးရဲဘော် မုန်တိုင်း (ကိုယ်ပိုင်အမှတ် P2 38 02 328) ဟာလည်း တော်လှန်ရေးတာဝန်တွေ လုပ်ဆောင်ရင်း ကျဆုံးခဲ့ပါတယ်။

(ဓာတ်ပုံ Myanmar Defense Force)
(ဓာတ်ပုံ Myanmar Defense Force)

အသက်ကို စွန့်လွှတ်ပြီး တော်လှန်ရေးတာဝန်တွေ စွမ်းစွမ်းတမံ ထမ်းရွက်ခဲ့တဲ့ ကျဆုံးရဲဘော်တွေကို သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ရဲဘော်တွေအားလုံး ဂုဏ်ယူအ​လေးပြုကြောင်း အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ Myanmar Defense Force)
(ဓာတ်ပုံ Myanmar Defense Force)
0 Shares:
You May Also Like
Read More

ကံမတွင် ရွေးကောက်ပွဲနေ့ မဲရုံများ လိုက်လံစစ်ဆေးသည့် ထွေအုပ် အုပ်ချုပ်ရေးမှုးနှင့် တပည့် ဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်ရှိ ရွေးကောက်ပွဲမဲရုံတွေကိုလိုက်လံ စစ်ဆေးတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး နဲ့ တပည့်ဖြစ်သူ တိုက်ခိုက်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

လားရှိုးမှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မယ်ဟန်ရွာက ရွှေမြင်းနှစ်ကောင် စက်ရုံကို ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA က ထုတ်ပြန်ထားပါတယ်။
Read More

ကျောင်းပို့သည့် ဆိုင်ကယ်ကို ကားဝင်တိုက်ပြီး ကျောင်းသား ၂ဦးနှင့် အမျိုးသမီး ၁ဦး စိုးရိမ်ရ

“ထိတာက ကလေးက ခြေထောက်ထိတယ်။ ခေါင်းတွေထိတယ်။ လွင့်ထွက်သွားတာဆိုတော့ ဘာတွေကျိုးကုန်မှန်းတော့ မသိဘူး။ ဓာတ်မှန်တွေဘာတွေရိုက်မှ သိရမယ်။ ကားကကျော်တက်ပြီး အနောက်ကနေ တိုက်သွားတာ.. ကလေးတွေနဲ့ ကျောင်းသားမိဘတစ်ယောက်က အခြေအနေမကောင်းလို့ ဘားအံကို ပို့ထားလိုက်တယ်။ ကျန်တဲ့ ၂ ယောက်ကတော့ မစိုးရိမ်ရလို့ ရွာမှာပဲကျန်ခဲ့တာ” လို့ ကမမောင်း နယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။
Read More

မူဆယ်မှာ စစ်ကောင်စီတပ် လက်ကျန် မိုင်းနင်းမိပြီး အမျိုးသားတစ်ယောက် ပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ်၊ နမ့်ဟွယ်ကျေးရွာမှာ အမျိုးသားတစ်ယောက် မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပန်ဝါကို KIA က သိမ်းပိုက်လိုက်တာကြောင့် လိုင်ဇာအနီးကို စစ်ကောင်စီက ပြန်လည်ဗုံးကြဲတိုက်ခိုက်

ပန်၀ါဒေသကို KIA ကထိန်းချုပ်သိမ်းပိုက်လိုက်လို့ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးကို စစ်ကောင်စီက လေကြောင်းကနေပြန်လည် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

အာဏာရှင်စနစ် အပြီးတိုင် မဖယ်ရှားနိုင်သရွေ့၊ လူထုကိုယ်တိုင်ပါဝင်နိုင်တဲ့ လူထုအုပ်ချုပ်ရေး မဖော်ဆောင်နိုင်သရွေ့ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ဟု SNLD ပြော

တိုင်းပြည်အတွက် လိုအပ်နေတဲ့ လူထုအုပ်ချုပ်ရေးမှာ လူထုမပါဝင်ဘဲ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းလို့ ရမှာ မဟုတ်ကြောင်း  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် - SNLD က ထုတ်ပြန်ပါတယ်။