ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ပူချယ်ကျေးရွာကနေ ကောက်ရိတ်ပြန်လာတဲ့ အရပ်သားပြည်သူ အယောက် (၂၀၀) ကို ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့က မတရားဖမ်းဆီးထားတယ်လို့ ရှေ့တန်းမြေပြင် သတင်းတွေအရ သိရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

KNDF ၏ ထုတ်ပြန်ချက်

နိုဝင်ဘာလ (၁၁)ရက်မှာ ဖမ်းဆီးထားတဲ့ ပြည်သူ အယောက် (၂၀၀) ခန့်ကို အကြမ်းဖက်စစ်ကောင်စီက ပင်လောင်းမြို့ အားကစားရုံအတွင်း ထိန်းသိမ်းထားတယ်လို့ ကနဦးသိရှိရပြီး ဖမ်းဆီးခံရသူ ပြည်သူတွေက ဘယ်သူတွေလဲဆိုတာနဲ့ အမျိုးသား၊ အမျိုးသမီးတွေ ဘယ်နှယောက် ရှိတယ်ဆိုတာကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ KNDF)
(ဓာတ်ပုံ KNDF)

ဖယ်ခုံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပင်လောင်း-ဖယ်ခုံ ကြားက နန့်ဖာမူ ၊ ပင်စုံ၊ လွိုင်ကြိုင်း၊ ကုန်းပေါ၊ ဗန်းမောက်၊ ကျေးရွာတွေနဲ့ ဖယ်ခုံမြို့ပေါ်ရပ်ကွက်က နေအိမ်တွေကို ဖောက်ထွင်း လုယက်ခြင်း၊ မီးရှို့ခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောင်းထိုးရာ လမ်းတလျှောက်မှာလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် (၁၀၀) မက လုပ်ဆောင်ခဲ့တဲ့အပြင်​ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေကိုလည်း လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလအတွင်း ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်း တိုက်ခိုက်မှုတို့ကြောင့် (၈) နှစ် အရွယ် ကလေးတစ်ယောက် အပါအဝင်  အရပ်သားပြည်သူ (၆) ယောက် သေဆုံးခဲ့ပြီး (၅) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ KNDF)
(ဓာတ်ပုံ KNDF)
0 Shares:
You May Also Like
Read More

ဆားလင်းကြီး တိုက်နယ်ဆေးရုံကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်၍ ဆရာဝန်တစ်ဦးအပါ သုံးဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် တိုက်နယ်ဆေးရုံကို စစ်အုပ်စုကဗုံးကြဲတိုက်ခိုက်လို့ ဆရာဝန်တစ်ယောက်အပါအဝင် သုံးယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ချောက်မှာ ရွာမီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်းကို ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကောင်စီက လင်းတကိုင်းတိုက်နယ်ကို ဝင်ရောက်စီးနင်းပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ဒေသခံတွေဆီက ကာလတန်ဖိုး ငွေကျပ် သိန်း ၇၀၀ နီးပါးရှိတဲ့ ငွေကြေးနဲ့ပစ္စည်းတွေ လုယက်သွားတယ်လို့ သိရပါတယ်။
Read More

ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်ကောင်စီက ဖိအားတချို့ကြောင့် အပေါ်ယံသာ နှိမ်နင်းပြနေတယ်လို့ NUG ပြော၊ ကျားဖြန့်ဂိုဏ်းတွေမှာ စစ်ဗိုလ်ချုပ်အချို့ရဲ့ အကျိုးစီးပွါးတွေပါ၀င် ဆက်နွယ်နေ

ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လည်ဂိုဏ်းတွေကို စစ်ကောင်စီက နိုင်ငံတကာရဲ့ ဖိအားကြောင့် အပေါ်ယံသာ နှိမ်နင်းပြနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။
Read More

မြောင်မှာ စစ်ကောင်စီတပ် လက်နက်ကြီးနှင့် စက်တပ်လေထီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သား ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ စက်တပ်လေထီး အသုံးပြုတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ - CDSOM က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မတ္တရာနှင့် ပုသိမ်ကြီးရှိ ကျေးရွာ ၃ ရွာမှ စစ်ကောင်စီတပ်စခန်းအားလုံးကို MDY-PDF နှင့်ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ ဗိုလ်ကြီး ၁ ဦးအပါ ၁၆ ဦးအရှင်မိပြီး လက်နက်ခဲယမ်းအများအပြားနှင့် စစ်သားအလောင်း ၁၅ လောင်း သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်ရှိ ကျေးရွာ ၃ ရွာက စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု မတရားဖမ်းဆီးထားသည့် သတင်းစာဆရာ ဦးစည်သူအောင်မြင့်၊ သတင်းထောက် မထက်ထက်ခိုင်နှင့် အဆိုတော် သံသာဝင်းတို့ ပြန်လည်လွတ်မြောက်လာ

အကြမ်းဖက်စစ်အုပ်စု မတရားဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံရေးအကျဥ်းသားတွေထဲက ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့်၊ သတင်းထောက် မထက်ထက်ခိုင်နဲ့ အဆိုတော် သံသာဝင်းတို့ အကျဥ်းထောင်တွေကနေ  ပြန်လည်လွတ်မြောက်လာကြောင်း သိရပါတယ်။