NUG လက်အောက်ခံ PDF တပ်တွေဟာ  မြေပြန့်မဟာဗျူဟာထိုးစစ်ကို စတင်နေပြီဖြစ်ကြောင်း NUG ရဲ့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှု မရသေးတဲ့ တပ်ဖွဲ့တွေကို ပူးပေါင်းဆောင်ရွက်ရေးအတွက် အမြဲလမ်းဖွင့်ထားတယ်လို့ဆိုပြီး မြေပြန့်မဟာဗျူဟာထိုးစစ် စတင်နေတဲ့အကြောင်းလည်း ပြည်သူတွေကို အသိပေးပြောဆိုလိုက်တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ COC အောက်မှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှု ရှိမထားတဲ့ တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ဦးနေဘုန်းလတ်က ဆိုပါတယ်။

“ပြည်သူလူထု နှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing)အစီအစဉ်” မှာ ဦးနေဘုန်းလတ်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရိက္ခာ၊ ခဲယမ်း ထောက်ပံ့ပေးမှုဆိုင်ရာ ဘဏ္ဍာရေးအခြေအနေတွေကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ပြီး တော်လှန်ရေးခရီးရောက်ဖို့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်ပေးမှုတွေ ဆက်ရှိဖို့လိုသေးကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့  နိုဝင်ဘာလ ၅ ရက်နေ့က ကျင်းပတဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ  အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် အနိုင်ရရှိမှုအပေါ် ဝမ်းမြောက်စွာ ဂုဏ်ပြုတယ်လို့လည်း ဆိုခဲ့ပါတယ်။

သမ္မတရွေးကောက်ပွဲကို ဒီမိုကရေစီနည်းကျ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့မှုအတွက်  အမေရိကန် နိုင်ငံသူနိုင်ငံသားတွေ၊ မဲဆန္ဒရှင်တွေနဲ့ အနိုင်ရရှိခဲ့တဲ့ သမ္မတလောင်း ဒေါ်နယ်ထရမ့် အပါအဝင် ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်တွေအားလုံးကို ဝမ်းမြောက်စွာဂုဏ်ပြုကြောင်း ဦးနေဘုန်းလတ်ကပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

အောင်သပြေရဲဝန်းထဲကို ၄၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်က အောင်သပြေ ရဲဝန်းထဲကို ၄၀ မမ (၂) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ပုလဲမြို့နယ်မှာ “ဒို့ဖက်ဒရယ်” နိုင်ငံရေးစာစဥ်ကို တော်လှန်ရဲဘော်များနှင့် ပြည်သူများဆီ ဖြန့်ဝေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကိုင်းဖိုရမ်က ဦးစီးထုတ်ဝေတဲ့ “ ဒို့ဖက်ဒရယ်” နိုင်ငံရေး စာစဥ်ကို ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေဆီ ဖြန့်ဝေပေးခဲ့တယ်လို့ ပုလဲ လူထုသပိတ်တိုက်ပွဲ ဦး‌ဆောင်ကော်မတီက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်ပြည်နယ် ပြည်သူ့ရင်ခွင် Camp ရှိ CDM စစ်သား၊ ရဲနှင့် မိသားစုဝင်များကို အခြေခံရိက္ခာ ထောက်ပံ့ပေး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပြည်သူ့ရင်ခွင် Camp က CDM စစ်သား၊ ရဲနဲ့ မိသားစုဝင်တွေ ဩဂုတ်လ ၁၁ ရက်မှာ အခြေခံရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့မှ ပေါက်မြို့သို့ ၂ လကျော်ကြာ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ယာဥ်တန်းကြောင့် စစ်ဘေးရှောင်ရသည့် ပြည်သူများကို ရိက္ခာထောက်ပံ့… (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ ပခုက္ကူမြို့ကနေ ပေါက်မြို့ကို ၂ လကျော်ကြာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ယာဥ်တန်းကြောင့် စစ်ဘေးရှောင်ရတဲ့ ပြည်သူတွေကို Pakokku Special Task Force မှ ရဲဘော်တွေနဲ့အတူ ANTS နဲ့ အညာမြေ အဖွဲ့တို့ ပူး​​ပေါင်းပြီး ဆန်၊ ဆီတွေ သွားရောက်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေဘို-မန္တလေးလမ်းပိုင်းရှိ စစ်အုပ်စုတပ်စွဲရာ ရွာကို ပကဖတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်အုပ်စု ၄ ဦး သေပြီး ပကဖတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-မန္တလေးလမ်းပိုင်းမှာ စစ်အုပ်စုအထိုင်ချနေရာကို ဝင်ရောက်တိုက်ခိုက်ရင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက်က ၄ ယောက်ထက်မနည်း သေဆုံးပြီး ပကဖတပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ကြောင်ရိုင်း-ရွှေဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘဏ္ဍာရှာဖွေရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အမှတ် (၂) စစ်ဆင်ရေးနယ်မြေအတွင်း ဝင်ရောက်လာသည့် အကြမ်းဖက်စစ်ကြောင်း စောင့်ကြိုတိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါ ၈ဦးထက်မနည်းသေ၊ RPG နှင့် လက်နက်ခဲယမ်းအချို့ တော်လှန်ရေးတပ်များ ရရှိ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးနယ်မြေထဲ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဆီးကြိုတိုက်ခိုက်ရာ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၈ယောက်ထက်မနည်း သေဆုံးပြီး RPG နဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ PDF ၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ စောဒိုရှင်းက မောင်းကို ပြောပါတယ်။