ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး မြို့နယ်နဲ့ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေ ပစ်မှတ် ထားတဲ့ ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ ဗုံးကြဲခြင်း၊ လက်နက်ကြီးတွေ ပစ်ခတ်ခြင်းတို့ကြောင့် ပြည်သူပိုင် နေအိမ်(၁)လုံး၊ စာသင်ကျောင်း (၁) ကျောင်းနဲ့ အရပ်သား ပြည်သူ(၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် စစ်ကောင်စီတပ် ထောင်ထားတဲ့မိုင်း နင်းမိပြီး ပြည်သူ (၁) ယောက် ထိခိုက်ဒဏ်ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ KNU)

ကျောက်ကြီးမြို့နယ်အတွင်း နိုဝင်ဘာလ (၁၀) ရက်  ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ကျောက်တံခါးကနေပြီး သမင်အင်းကုန်း ကျေးရွာ တွင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာပိုင် စာသင်ကျောင်း (၁) ကျောင်း ထိခိုက် ပျက်စီး ခဲ့ရသလို ကွင်းချောင်း၀ရှိ စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီး (၁)လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ တောကြောင်ပေါက်ကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ (၉) ရက် နေ့လည်ပိုင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ် ခလရ-၂၆၄ တပ်ရင်းက ၁၂၀  မမ လက်နက်ကြီး (၂) လုံး ပစ်ခတ်ခဲ့ရာ အင်းပရစ် ကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲပြီး   နေအိမ်(၁)လုံး ထိခိုက်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ KNU)
(ဓာတ်ပုံ KNU)

မူးမြို့နယ်အတွင်းမှာလည်း နိုဝင်ဘာလ (၁၀) ရက် နေ့လည်ပိုင်းက ကော့ပြင်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားတဲ့ မိုင်းနင်းမိပြီး ကော့ပြင်းကျေးရွာသား (၅၅) နှစ်အရွယ် အမျိုးသား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ (၉)ရက် ညနေပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ် ခမရ-၄၃၉ တပ်ရင်းက လက်နက်ကြီး (၂) လုံး ပစ်ခတ်ခဲ့ရာ သရက်ကုန်း ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး (၂၃)နှစ်အရွယ် ယောကျ်ားလေး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

(ဓာတ်ပုံ KNU)
0 Shares:
You May Also Like
Read More

မန္တလေးတိုင်းတွင်း တော်လှန်ရေးတပ်များ စိုးမိုးရာနေရာများမှ ငလျင်ဒဏ်သင့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးနေ

မန္တလေးတိုင်းအတွင်းက ငလျင်ဒဏ်သင့် ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကျန်းမာရေးဝန်ကြီးဌာနက CDM ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့နယ်တွင် ဘုန်းကြီးကျောင်းကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်၊ ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မူ၊ ၇ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲမြို့နယ်က ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆရာတော်တစ်ပါးပျံလွန်တော်မူပြီး ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အောက်တိုဘာ ၂၄ ရက် မနေ့က ညနေပိုင်းမှာ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ ထိတွေ့တိုက်ပွဲမရှိဘဲ ကောပေါင်ကျေးရွာထဲက ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အခုလိုကြဲချတိုက်ခိုက်ခဲ့လို့ ကျောင်းထိုင်ဆရာတော်တစ်ပါးပျံလွန်တော်မူပြီး (၄) နှစ်၊ (၁၇) နှစ်၊ (၁၄) နှစ်နဲ့ (၁၃) နှစ်အရွယ် ကိုရင်တွေအပါအဝင် (၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

လျှပ်စစ်မီးလိုင်းပြင်ရန်လာသည့် စစ်ကောင်စီနှင့် ကာကွယ်ရေးတပ်တို့ ထိတွေ့မှုဖြစ်၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး ၂၀ခန့် ဒဏ်ရာရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်သာမြို့ကနေ သံမဏိစက်ရုံကိုသွားတဲ့ လျှပ်စစ်မီးလိုင်းကို ပြင်ဖို့လာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်းထံက သိရပါတယ်။
Read More

ဘုရားသုံးဆူမြို့မှာ တရုတ်နိုင်ငံကလာတဲ့ တရုတ်လူမျိုးတွေ စီးပွါးရေးချဲ့ထွင်မှုကြောင့် မြို့ခံတွေရဲ့ လူမှုစီးပွားဘဝ ထိခိုက်လာနေ

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ တရုတ်နိုင်ငံကနေ တရုတ်လူမျိုးတွေ အလုံးအရင်းနဲ့ လာရောက်နေထိုင်ပြီး စီးပွားရေးချဲ့ထွင်နေတာကြောင့် မြို့ခံတွေရဲ့ လူမှု၊စီးပွားဘဝ ထိခိုက်လာနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရှမ်းနီးတပ်ရဲ့ ပေါ်တာဆွဲခြင်း ခံရပြီး ခမရ ၅၅၇ ရောက် စစ်သား ၁ ယောက် လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့အနီး၊ အောက်ကင်းရွာအခြေစိုက် အကြမ်းဖက် စစ်ကော်မရှင်တပ် ခမရ ၅၅၇ တပ်ရင်းက စစ်သားတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်လာကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၂၂) မှ တပ်ရင်းရှိ ရဲဘော်အားလုံးအတွက် စစ်ယူနီဖောင်း တပ်ဆင်ပေးခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၂၂) အနေနဲ့ တပ်တွင်းရှိ တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ ရဲဘော်တွေ အားလုံးအတွက် စစ်ယူနီဖောင်းတွေကို တပ်ဆင်ဝေမျှပေးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။