၁ လေးလုံး စစ်ဆင်ရေးကို ကရင်နီတပ်ပေါင်းစုတွေက ကယားပြည်နယ် (ကရင်နီ)ရဲ့ မြို့တော် လွိုင်ကော်မြို့ဆီ ဦးတည်တိုက်ခိုက်ခဲ့တာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ၁ နှစ်တိတိပြည့်ခဲ့ပါပြီ။

လွိုင်ကော်မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးပူးပေါင်းတပ်တွေက လနဲ့ချီကြာအောင် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ခဲ့ပြီးနောက်မှာ လွိုင်ကော်တက္ကသိုလ်နဲ့ မြို့ထဲက နေရာတချို့ကို သိမ်းပိုက်နိုင်ခဲ့သလို လွိုင်ကော်အကျဉ်းထောင်က အကျဉ်းသားတွေကိုလည်း လွှတ်ပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်ရေးအရ အရေးပါတဲ့ စစ်စခန်းအားလုံးနီးပါးကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီရဲ့ လူအင်အား၊ ရိက္ခာထောက်ပံ့မှုတွေကိုလည်း ဖြတ်တောက်နိုင်ခဲ့တာကြောင့် စစ်ကောင်စီက ရဟတ်ယာဉ်တွေကိုသာ အသုံးပြုပြီး ထောက်ပံ့ရတဲ့ အခြေအနေကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

“စစ်ဆင်ရေးစပြီး ၄-၅ လအကြာလောက်မှာ စစ်ဆင်ရေးကို ကြီးကြီးမားမား ဆက်မလုပ်နိုင်တော့တာပေါ့နော်။ အဲ့တော့ စစ်ဆင်ရေးကိုက ခေတ္တရပ်နားထားတယ်လို့ ပြောလို့ရပါတယ်။ အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီဘက်က အင်အားတွေ ပြန်ဖြည့်လာပြီး တော်လှန်ရေးတပ်တွေကတော့ လွိုင်ကော်မြို့ကနေ တဖြေးဖြေးဆုတ်ခွာလာရတဲ့ အနေအထားဖြစ်သွားပါတယ်” လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက မောင်းကို ပြောပါတယ်။

လွိုင်ကော်မြို့ကို အပြီးသတ် မသိမ်းပိုက်နိုင်ခဲ့ပေမယ့် ကရင်နီပြည်ရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးကို လက်ရှိမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်ပြီး မြို့ ပေါင်း ၇ မြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ သူတို့ အခြေစိုက်ရာစခန်းရှိတဲ့ လွိုင်ကော်မြို့ အနီးနားတဝိုက်မှာသာ လှုပ်ရှားနိုင်တဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

သူကပဲ ဆက်လက်ပြီး “လက်ရှိ ဖားဆောင်းမှာဆိုရင်လည်း ကျနော်တို့ တော်လှန်ရေးတပ်တွေ ဝိုင်းဝန်းတိုက်ခိုက်တဲ့အတွက် သူတို့ရဲ့ တပ်စခန်းကနေ အပြင်မထွက်နိုင်တော့တဲ့ အခြေအနေဖြစ်သွားတယ်။ ဘော်လခဲဆိုလည်း ထိုနည်းလည်းကောင်းပါပဲ။ ပြီးတော့ ဖရူဆို၊ ဒီးမော့ဆို စတဲ့ မြို့တွေမှာလည်း စစ်ကောင်စီက အပြင်ကိုထွက်ပြီး မလှုပ်ရှားနိုင်တဲ့ အနေအထားပါ။ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေတွေက ပိုပြီး ကျယ်ပြန့်လာပါတယ်” လို့ ဆိုပါတယ်။

ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်ထားနိုင်တဲ့ မြို့ပေါင်း ၇ မြို့ကတော့ ဒီးမော့ဆို၊ နန်းဖယ်ခုံ၊ မယ်စဲ့၊ ရှားတော၊ ရွာသစ်၊ မော်ချီးနဲ့ မိုးဗြဲမြို့တွေပဲ ဖြစ်ပါတယ်။

ကရင်နီက ပြည်သူတွေသာမက တစ်နိုင်ငံလုံးက ပြည်သူတွေပါ ဝိုင်းဝန်းထောက်ပံ့ပေးခဲ့တာကြောင့်  ၁၁၁၁ စစ်ဆင်ရေးဟာ အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့တာဖြစ်ပြီး ဆက်လက်ပြီးတော့လည်း တာဝန်တွေကို ထမ်းဆောင်သွားမယ်လို့ တာအယ်စိုးက ဆိုပါတယ်။

လက်ရှိမှာလည်း ကရင်နီပြည်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ရာနယ်မြေတွေမှာ အုပ်ချုပ်ရေးပုံစံအသစ်ဖြစ်တဲ့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကိုလည်း ဖော်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စလင်း အနောက်ခြမ်းမှာ စစ်ကြောင်းခွဲဝင်လာတဲ့ အကြမ်းဖက်စစ်တပ် ကြားဖြတ်တိုက်ခံရပြီး ၆ယောက်သ၊ ၇ယောက်ထက်မနည်း ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့အနောက်ဘက်ခြမ်းမှာ စစ်ကြောင်းခွဲဝင်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ မင်းဘူးခရိုင်တပ်ရင်း ၅ တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးကာ ဗိုလ်အပါအဝင်  ထိခိုက်ဒဏ်ရာရသူ ၇ ယောက်ထက်မနည်း ရှိခဲ့ကြောင်း မင်းဘူးခရိုင် ၊ အမှတ် ၅ တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို ခုခံတိုက်ခိုက်နေတဲ့ အာရှလမ်းမကြီး စစ်မြေပြင်တနေရာမှာ (၇၆) မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားပြုလုပ်…

ကရင်ပြည်နယ်၊ ကောကရိတ်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို ခုခံတိုက်ခိုက်နေတဲ့ အာရှလမ်းမကြီး စစ်မြေပြင် နေရာတစ်နေရာမှာ ဇန်နဝါရီလ (၃၁) ရက်က ကရင့်တော်လှန်ရေးနေ့ အခမ်းအနားပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) ပ ထုတ်ပြန်ထားပါတယ်။
Read More

မင်းတပ် ဖွီကျေးရွာကို စစ်ကောင်စီ ဗုံးကြဲလို့ အရပ်သားပြည်သူ ၆ ဦး သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ဖွီကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၆ ယောက် သေဆုံးခဲ့ရတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

NUG အပေါ်ထားတဲ့ ပြည်သူလူထုရဲ့ ယုံကြည်မျှော်လင့်ချက်တွေကို ရိုက်ချိုးမပစ်ဖို့ NUG ယာယီသမ္မတ ပြောကြား

ပြည်သူတွေရဲ့ တော်လှန်ရေးအောင်မြင်စိတ်ကို ဘယ်သူကမှ ရိုက်ချိုးဖျက်ဆီးလို့ မရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

တစ်နှစ်တာအတွင်း အရပ်သားပြည်သူ ၃၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်

စစ်ကောင်စီက ၂၀၂၄ တစ်နှစ်တာအတွင်း အရပ်သားပြည်သူတွေကို မတရား ဖမ်းဆီးသတ်ဖြတ်မှု ၃၇၀ ကျော်သွားပြီဖြစ်ကြောင်း  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံမှ သိရပါတယ်။
Read More

လားရှိုးက တရုတ်ကွမ်ရင် ဘုရားကျောင်းကို စစ်ကောင်စီ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်

လာရှိုးက တရုတ်ဘာသာရေး ကွမ်ရင်ဘုရားကျောင်းကို စစ်ကောင်စီက တမင်ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်တယ်လို့ MNDAA က အောက်တိုဘာ ၄ရက်၊ ဒီနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။