မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်က စစ်ကောင်စီတပ်ရဲ့ ရှမ်းတဲလေတပ်စခန်းကို နိုဝင်ဘာ ၁၁ ရက် မနက်အစောပိုင်းက ၁၁၁၁ ရွှေလင်းယုန် Drone အထူးစစ်ဆင်ရေးအဖြစ် ဒရုန်း ၂၄ စီးအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ Meiktila Revolution Force အဖွဲ့ထံက သိရပါတယ်။

ဒရုန်းတွေကို လကသ အရာရှိအိမ်ရာ (လေကြောင်းအတတ်သင်)၊ ခဲယမ်းသိုလှောင်ရုံ၊ လထခ အရာရှိရိပ်သာ (လေကြောင်းထုတ်လုပ်)နဲ့ တပ်မ (၉၉ ) ဌာနချုပ်တွေဆီ ဦးတည်တိုက်ခိုက်ခဲ့ပြီး Y-12  စစ်လေယာဉ် ၂ စီး၊ ထုတ်လုပ်ရေးအဆောက်အအုံ ၂ လုံးနဲ့ အရာရှိ ၂ ယောက်အပါအဝင် စစ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

၁၁၁၁ ရွှေလင်းယုန် Drone အထူးစစ်ဆင်ရေးမှာ မိတ္ထီလာမြို့နယ် ပကဖ၊ မိတ္ထီလာ ဒရုန်းတပ်ဖွဲ့၊ မိတ္ထီလာတပ်ရင်း (၃)၊ ၁၈၂၅ စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း (၈) နဲ့ အမည်မဖော်လိုတဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့တွေက NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထောက်ပံ့ကူညီမှု၊ ရှားထူးဝေါနည်းပညာအဖွဲ့ရဲ့ နည်းပညာပိုင်းအကူအညီတွေနဲ့ တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သက်ရှိစည်းရိုးလို့  အကြမ်းဖက်စစ်တပ် အမွှန်းတင်ခဲ့တဲ့ ဥကရစ်ထစခန်းမှာ KNLA ပူးပေါင်းတပ်များ ကရင့်အမျိုးသားအလံ လွှင့်ထူ

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်ရဲ့ နံမည်ကြီး ဥကရစ်ထစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ယမန်နေ့ နေ့လည်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
Read More

Taw Twin Tup Pee Local PDF အခြေခံစစ်ပညာရက်တိုသင်တန်းအပတ်စဉ် ၁၃ အောင်မြင်စွာ ပြီးစီး (ရုပ်/သံ)

Taw Twin Tup Pee Local PDF က အခြေခံစစ်ပညာ ရက်တိုသင်တန်း အပတ်စဉ် (၁၃) ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
Read More

အထူးချေမှုန်ရေးတပ်ဖွဲ့ (S.T.F) ရဲဘော်တွေရဲ့ လေ့ကျင့်ရေးနဲ့ တိုက်ပွဲဝင်ပုံရိပ်တွေကို ရန်ကုန်တိုင်းစစ်ဌာနထုတ်ပြန် (ရုပ်/သံ)

အထူးချေမှုန်ရေးတပ်ဖွဲ့ (S.T.F) ရဲဘော်တွေရဲ့ လေ့ကျင်ရေးနဲ့ တိုက်ပွဲဝင် မှတ်တမ်းပုံရိပ်တွေကို ရန်ကုန်တိုင်းစစ်ဌာနက အများပြည်သူများသိရှိနိုင်ဖို့ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ရေဦးမြို့ ပျူစောထီးသင်တန်းဆင်းပွဲကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု နယ်ထိန်းရဲအပါအဝင် ၄ ယောက်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ရေဦးမြို့နယ် ထွေအုပ်ရုံးအတွင်း နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက ပျူ စောထီးသင်တန်းဆင်းပွဲပြုလုပ်နေချိန် Fixed-Wing Drone တွေနဲ့ ဗုံးသီး ၉ လုံးကြဲချတိုက်ခိုက်ခဲ့ တယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။
Read More

ဘုတလင်မြို့ပေါ်မှ စစ်ကော်မရှင်တပ်သား ချစ်မိုး ‌အလင်းဝင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သား ချစ်မိုး အလင်းဝင်ရောက်လာတယ်လို့ ဘုတလင်မြို့နယ်‌ရွေ့လျားစစ်‌ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရပြီး ဆုံးပါးခဲ့ရတဲ့ NLD ဒုဥက္ကဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ် (ရုပ်/သံ)

စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီး အိုးဘိုထောင်အတွင်း မတရားအကျဉ်းကျခံရကာ ကင်ဆာရောဂါကို လုံလောက်တဲ့ ဆေးကုသမှုမရဘဲ ဆုံးပါးခဲ့ရတဲ့  NLD ဗဟိုအလုပ်မှုဆောင် ကော်မတီ ဒုဥက္ကဌ ၊ မန္တလေးတိုင်းဝန်ကြီးချုပ်  ဒေါက်တာဇော်မြင့်မောင်အတွက် ဝမ်နည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့တယ်လို့ Nay Pyi Taw PDF ကထုတ်ပြန်ထားပါတယ်။