မန္တလေးတိုင်း၊ တောင်သာ – မိတ္ထီလာလမ်းပေါ်က ရုံးစဥ်ကြီး တိုက်နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ယောက် သေဆုံးခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်သာ ပကဖ) – TTA PDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၁၁ ရက် မနေ့အစောပိုင်းကစလို့ ရုံးစဥ်ကြီးတိုက်နယ်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်က မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO) အဖြစ် လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ဒရုန်းတွေ အသုံးပြုကာ လေးဖက်လေးတန် ဝင်ရောက်ပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေအနေနဲ့ စခန်းမသိမ်းနိုင်ခဲ့ပေမယ့် ရဲဘော်အားလုံး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကတော့ ရဲ ၂ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို တောင်သာ ပကဖ ၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့၊ နေပြည်တော် ၈၀၁ တပ်ရင်း၊ မိတ္ထီလာ ပကဖ၊ စဉ့်ကိုင် ပကဖ ၊ ကျောက်ပန်းတောင်း ပကဖ ၊ တောင်သာ ပလဖ နဲ့ ညောင်ဦးခရိုင် တပ်ရင်း ၁ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သဲစက်ကို စိတ်မချလို့ သွားကြည့်သည့် ပိုင်ရှင်ဖြစ်သူနှင့် အလုပ်သမားဖြစ်သူ ၂ ဦး စစ်ကော်မရှင်တပ် စနိုက်ပါဖြင့် ပစ်ခတ်လို့ သေဆုံး

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ အင်ကြင်းမြိုင်ရွာမှာရှိတဲ့ သဲစက်ကို စိတ်မချလို့ သွားရောက်ကြည့်တဲ့ ပိုင်ရှင်ဖြစ်သူနဲ့ အလုပ်သမားဖြစ်သူ ၂ ယောက်ကို စစ်ကော်မရှင်တပ်က စနိုက်ဘာနဲ့ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ နမ့်ဆော့ကျေးရွာတွင် အကြမ်းဖက်စစ်တပ် လေကြောင်းနှင့် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နမ့်ဆော့ကျေးရွာမှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းနယ်ကို အကြမ်းဖက်စစ်တပ်  စစ်ကြောင်းထိုးလာချိန် ကြားဖြတ် တိုက်ခိုက်ခံရပြီး   ၃ ဦး သေဆုံး

ပဲခူးတိုင်း ၊ နတ်တလင်းနယ်ကို စစ်ကော်မရှင်တပ်စစ်ကြောင်း ထိုးလာချိန် ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက် ခဲ့လို့ သေဆုံးခဲ့ တာတွေရှိတယ်လို့ Bamar Revolution Army-B.R.A တပ်ဖွဲ့ ဆီက သိရပါတယ်။
Read More

ရွှေဈေး အဆမတန် မြင့်တက်မှုကြောင့် အရောင်းများပြီး အဝယ်ပါးနေ

အခုရက်ပိုင်းအတွင်း ရွှေဈေးက ၂သိန်းဝန်းကျင်မြင့်တက်လာကြောင့် အရောင်းအဝယ်ဈေးကွက်ထဲမှာ ရွှေရောင်းချသူတွေ များနေပြီး ဝယ်ယူသူတွေ နည်းပါးနေတယ်လို့ ရွှေကုန်သည်တွေထံက သိရပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ် စစ်အုပ်စုတပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးတပ်တွေ တပြိုင်နက်တည်းဝင်တိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်အုပ်စု အခြေချတပ်စွဲထားတဲ့နေရာတွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိကြောင်း Monywa Inventor အဖွဲ့တာဝန်ရှိသူ ကိုမိုးသောက်က မောင်းကိုပြောပါတယ်။
Read More

နိုဝင်ဘာလအတွင်း ရွှေကျင်မှာ စစ်ကောင်စီအခြေစိုက် နေရာ ၅ ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့

နို၀င်ဘာလအတွင်း ရွှေကျင်မြို့နယ်ထဲက စစ်ကောင်စီ အထိုင်ချတပ်စွဲရာ နေရာ ၅ခုကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့ကြောင်း KNLA Nighthawks အဖွဲ့က မနေ့က နိုဝင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။