စစ်ကိုင်းတိုင်း ပုလဲမြို့မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး  စစ်ကောင်စီတပ်က မြို့မကျရေး လေကြောင်းကနေ ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ပုလဲမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက နိုဝင်ဘာ ၁၁ ရက် မနေ့က မနက်ပိုင်းမှာ စတင်ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူမှုတွေ လုပ်နေပြီး ဗုံးဒဏ်ကြောင့် အရပ်သား သေဆုံးမှုတွေရှိတယ်လို့လည်း သိရပါတယ်။

လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ရဲစခန်း အရှေ့မြောက်ဘက်က မြို့နယ်လျှပ်စစ် ဝန်ထမ်းအိမ်ရာပေါ်ကို ပေါင် ၅၀၀ ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး မြို့နယ်လျှပ်စစ်မှူး သေဆုံးခဲ့ကာ သူ့ရဲ့ဇနီးဖြစ်သူလည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း-၁၁ ထံက သိရပါတယ်။ ဒါ့အပြင် ရဲစခန်းအနောက်ဘက် ဝန်ထမ်းအိမ်ရာမှာ နေထိုင်တဲ့ ထွေအုပ်စာရေးဒဏ်ရာရရှိပြီး ဇနီးနဲ့ သားဖြစ်သူတို့ကတော့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ အရပ်သားပြည်သူတွေကို တော်လှန်ရေးတပ်ဖွဲ့က ဘေးလွတ်ရာ ကူညီကယ်ထုတ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အနောက်မန်ကျည်းကန် ပျူစခန်းသိမ်းတိုက်ပွဲအတွင်း စစ်‌ကောင်စီတပ်သား ၅ ဦး သေပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

ပခုက္ကူမြို့နယ်၊ အနောက်မန်ကျည်းကန် ပျူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ စခန်းသိမ်း တိုက်ပွဲဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်သေပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွား တယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ်သားကို စနိုက်ပါဖြင့် ပစ်ခတ်ရှင်းလင်း (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်သားကို စနိုက်ပါနဲ့ ပစ်ခတ်ရှင်းလင်းခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင်ကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန် ဖော်ပြထားပါတယ်။
Read More

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရသည့် MLA ရဲဘော် ၅ ဦး၏ စျာပနကို ရှေ့တန်းတစ်နေရာမှာ ပြုလုပ် (ရုပ်/သံ)

စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ရဲဘော် ၅ ယောက်ရဲ့ နာရေးစျာပနကို ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ Mon Liberation Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပင်လယ်ဘူးမြို့ကို သိမ်းပိုက်ထားတဲ့ PDF ရဲဘော်တွေနဲ့ ပြည်သူတွေ အတူတကွ အောင်ပွဲခံ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့ရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ပြီး မြို့သိမ်းပိုက်ထားတဲ့ PDF ရဲဘော်တွေ(ဗျူဟာ ၄၂)နဲ့ ပြည်သူတွေ အတူတကွ အောင်ပွဲခံနေတဲ့ ရုပ်သံမြင်ကွင်းကို ဗိုလ်စွမ်း(ဓါးမဆိုင်း)မှ ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

မူဆယ်မြို့အထွက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အထွက်မှာ အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ တပ်ခွဲမှူးသင်တန်းဆင်းများ ယာဉ်တန်းတိုက်ခိုက်ခံရ၊ ခွဲမှူး ၈ ဦးနှင့် ယာဉ်မောင်းတပ်ကြပ် ၁ ဦး သေဆုံး (ရုပ်/သံ)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ စစ်သင်တန်းကျောင်းက တပ်ခွဲမှူး သင်တန်းဆင်းတွေပါတဲ့ ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ ခွဲမှူး ၈ ယောက်နဲ့ ယာဉ်မောင်းတပ်ကြပ် ၁ ယောက် သေဆုံးခဲ့တယ်လို့ People Defence Force - Thandaung က သတင်းထုတ်ပြန်ထားပါတယ်။