အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အင်အားရာနဲ့ချီတဲ့ နောက်တန်းပြန်ဆင်း စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သား ၅၀ ကျော် ထိခိုက်မှုနဲ့ သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ရိုးမ (၂) စစ်ကြောင်း အထူးကွန်မန်ဒိုတပ်ရင်းက ထုတ်ပြန်ပါတယ်။

ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးမြို့ဖက်ကနေ နတ်သံကွင်းမြို့ဘကိ နောက်တန်းပြန် စစ်ကြောင်း အင်အား ၁၀၀ကျော် (ကမ်းရိုးတန်းတပ်၊ တြိဂံတိုင်းတပ်၊ ကျောက်ကြီးအခြေစိုက်တပ် ပူးပေါင်းတပ်တွေ ပါဝင်တဲ့) စစ်ကြောင်းကို သုံးရက်တာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ နို၀င်ဘာ ၁၁ရက် မနေ့က ထုတ်ပြန်ခဲ့တာပါ။

(ဓာတ်ပုံ အထူးကွန်မန်ဒိုတပ်ရင်း -P29914-)

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ရက်၊ ၃၀ရက်နဲ့ နိုဝင်ဘာ၁ရက်တို့မှာ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်တပ်ဘက်က အယောက် ၃၀ ကျော် သေဆုံးပြီး အယောက် ၂၀ လောက် ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ဆိုပါတယ်။

သုံးရက်တာတိုက်ပွဲအတွင်း နေ့စဉ်တိုက်ပွဲတွေဖြစ်ပွါးခဲ့ပြီး ရိုးမ(၂) + KNLA ပူးပေါင်းဒရုန်းအဖွဲ့ရဲ့ ချေမှုန်းမှုကြောင့် အထိနာသွားတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ကျောက်ကြီးမြို့ဘက် ပြန်လည်ဆုတ်ခွါသွားခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ အထူးကွန်မန်ဒိုတပ်ရင်း -P29914-)

၃ရက်တာတိုက်ပွဲမှာ ရိုးမ(၂)+KNLAပူးပေါင်းဒရုန်းအဖွဲ့တွေနဲ့ မြေပြင်ကွန်မန်ဒို၊ KNLA၊ ဖြူးပကဖ၊ ရိုးမ(၁)စစ်ကြောင်း အာဠာဝက၊ ပူးပေါင်းအဖွဲ့တွေ ပါ၀င်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅၀ကျော် ထိခိုက်၊သေဆုံးကာ လက်နက်ခဲယမ်းတချို့နဲ့ စစ်ပစ္စည်းအသုံးအဆောင်တွေကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ အထူးကွန်မန်ဒိုတပ်ရင်း -P29914-)
0 Shares:
You May Also Like
Read More

ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့် အခမ်းအနား

ပဲခူးတိုင်း၊ ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့် အခမ်းအနားကို ကရင်အမျိုးသားအစည်အရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တပ်မဟာ (၁) နယ်မြေမှာ ဇွန်လ ၂၃ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မတ္တရာမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာ၊ အနွေးထည်နဲ့ စောင်တွေကို ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေအတွက် သပိတ်ကျင်းတိုက်နယ်(ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့က သပိတ်ကျင်းမြို့နယ် (ပကဖ) အဖွဲ့ ၊ နွေဦးမေနဲ့ သွေးချင်းညီမများအဖွဲ့နဲ့အတူ စားနပ်ရိက္ခာ၊ အနွေးထည်နဲ့ စောင်တွေကို ဇန်နဝါရီလ ၇ ရက်မှာ သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ဂျပန်ရောက် မြန်မာတော်လှန်ရေး အင်အားစုတွေက NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကို ဂျပန် ယန်း ၆၇၀၀၀၀ ကျော် လှူဒါန်း

ဂျပန်နိုင်ငံရောက် မြန်မာတော်လှန်ရေး အင်အားစုတွေက အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကို ဂျပန် ယန်း ၆၇၀၀၀၀ ကျော် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

မူးမြို့နယ်မှာ စစ်ကြောင်းထိုးမယ့် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၃) နှစ်အရွယ်အပါ (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားပြီး ကျေးရွာတွေအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့

မကွေးတိုင်း ၊ ပေါက်မြို့နယ်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းက PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်သားဖြစ်လာသူ ၂ ဦး အလင်းဝင်ရောက်လာနိုင်ဖို့ Burma Revolution Rangers အဖွဲ့ သွားရောက်ခေါ်ဆောင်

အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါ်တာဆွဲဖမ်းဆီးခြင်းခံရပြီး စစ်ကောင်စီတပ်သားဖြစ်လာသူ ၂ ယောက်ကို အလင်းဝင်ရောက်နိုင်ဖို့ သွားရောက်ခေါ်ဆောင်ပေးခဲ့ကြောင်း Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။