စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ နိုဝင်ဘာ ၇ ရက် နေ့လည်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ယောက်ခန့် စီးနင်းလာတဲ့ ယာဉ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PDF Kalay – Mine Team အဖွဲ့ထံက သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ယာဉ် ရပ်တန့်သွားပြီး တော်လှန်ရေးတပ်တွေက လက်နက်ငယ်တွေနဲ့ ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။ တိုက်ပွဲဖြစ်ပွားနေချိန် ကလေးမြို့ ကွန်ပျူတာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကူစစ်ကြောင်းနဲ့ ကျီးကုန်းဘက်က ထွက်လာတဲ့ စစ်ကူစစ်ကြောင်းတို့ ရောက်ရှိလာတဲ့အတွက် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကူစစ်ကြောင်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေ မြေမြှုပ်မိုင်းထောင်ထားတဲ့ မိုင်းကွင်းထဲအရောက်မှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ တိုက်ပွဲမှာ ရဲအရာရှိ ၁ ယောက်အပါအဝင် စစ်ကောင်စီတပ်သား ၉ ယောက်ခန့် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို PDF Kalay – Mine Team နဲ့ Operation MoMo အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

သပိတ်ကျင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်လေကြောင်းဗုံးကြဲမှုကြောင့် ၆နှစ်အရွယ် ကလေးငယ်အပါ ၂ ယောက်သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းက စတင်ပြီး တွင်းငယ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းကနေ လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ပြီး မြေပြင်ထိုးစစ်ဆင်လာတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
Read More

ကန်ပိုက်တီးနယ်စပ်ဂိတ်နဲ့ ဌာနဆိုင်ရာတွေမှာ KIA အလံကိုလွှင့်ထူ (ရုပ်/သံ)

ကန်ပိုက်တီမြို့နဲ့ တရုတ်-မြန်မာ နယ်စပ် ချစ်ကြည်ရေး ဥမင်လှိုဏ်ခေါင်း အပါအဝင် ဌာနဆိုင်ရာတွေမှာ KIA က ကချင်အမျိုးသားအလံတော် ကိုလွှင့်တင်လိုက်ပြီး မြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေး သတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ပခုက္ကူမြို့နယ်အတွင်း အကြမ်းဖက်စစ်သားတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၂ ရက် မနက်ပိုင်းက ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE အဖွဲ့ထံက သိရပါတယ်။
Read More

မြန်မာပြည်သူ ၃ ယောက်မှာ ၁ ယောက်က လူသားချင်းစာနာထောက်ထားမှုများ လိုအပ်နေသည်ဟု ဗြိတိသျှသံရုံးအကြီးအကဲ ပြော (ရုပ်/သံ)

မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေဟာ ပြည်သူတွေအပေါ် ထိခိုက်မှုတွေရှိနေပြီး ပြည်သူ ၃ ယောက်မှာ ၁ ယောက်ဟာ လူသားချင်းစာနာထောက်ထားမှုတွေ လိုအပ်နေတယ်လို့ ဗြိတိသျှ သံရုံးအကြီးအကဲ Ken O’Flaherty က ပြောကြားခဲ့ပါတယ်။
Read More

The Spark မီးလျှံ သင်္ကြန်သံချပ်အဖွဲ့ လူ့ဘောင်သစ် သင်္ကြန်သံချပ်အဖွဲ့ အတာစိုးမယ့် တမာမိုးသံချပ် (ရုပ်/သံ)

The Spark မီးလျှံ သင်္ကြန်သံချပ်အဖွဲ့ လူ့ဘောင်သစ် သင်္ကြန်သံချပ်အဖွဲ့ အတာစိုးမယ့် တမာမိုးသံချပ် (ရုပ်/သံ)
Read More

တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ သေ့ဘောဘိုးစစ်စခန်းမြင်ကွင်း (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီအနီးရှိ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက် သိမ်းပိုက်ထားတဲ့ သေ့ဘောဘိုးစစ်စခန်းမှတ်တမ်းရုပ်သံကို Justice Soldier PDF မှ ထုတ်ပြန်လိုက်ပါ တယ်။