စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ကွန်ပျုတာတက္ကသိုလ်ကို ထွက်လာတဲ့ စစ်ကောင်စီအိမ်စီးကားကို မိုင်းဆွဲတိုက်ခိုက်ရင်း ထိတွေ့မှုဖြစ်ကာ စစ်ကောင်စီဘက်က အရာရှိ ၁ယောက်အပါဝင် ၉ယောက်သေဆုံးခဲ့ကြောင်း PDF Kalay -Mine Team ထံက သိရပါတယ်။

နိုဝင်ဘာ ၇ရက်၊ မနက်ပိုင်းက ကလေးမြို့ထဲကနေ ကွန်ပျူတာတက္ကသိုလ်ကို ထွက်ခွာလာတဲ့ အင်အား ၆ယောက်ပါ စစ်ကောင်စီအိမ်စီးကားကို ပြည်သူ့ကာကွယ်ရေးတပ်တွေက လမ်းပိုင်းတစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကားမိုင်းဆွဲခံရပြီး ရပ်တန့်သွားတဲ့နောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ကြရင်း ကွန်ပျူတာတက္ကသိုလ်နဲ့ ကျီးကုန်းရွာဘက်ကနေ စစ်ကူဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်း ၂ခုကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ထပ်မံမိုင်းဆွဲခဲ့ကြတယ်လို့ PDF Kalay-Mine Team တာဝန်ရှိသူက ပြောပါတယ်။

PDF Kalay -Mine Team နဲ့ Operation MO MO အဖွဲ့ဝင်များ

” ပထမဆုံး ကျနော်တို့ ကလေးတက္ကသိုလ်ကိုလာတဲ့ စစ်တပ်အိမ်စီးကားကို မိုင်းခွဲခဲ့ပါတယ်။ မိုင်းခွဲခွဲပြီးပြီးချင်း ကားကတစောင်းဖြစ်ပြီး ရပ်သွားတယ်။ အဲ့မှာ ပစ်ခတ်မှုဖြစ်ကြတယ်ပေါ့။ အဲ့အချိန်ကျီးကုန်းဘက်ကလာတဲ့ စစ်ကူ စစ်ကြောင်းတစ်ကြောင်းရယ် ကွန်ပျုတာတက္ကသိုလ်ဘက်ကလာတဲ့ တစ်ကြောင်းရယ် ထပ်ရောက်လာခဲ့တယ်။ သူတို့နဲ့ ကျနော်တို့ ထိတွေ့မှုဖြစ်နေတုန်း ကျနော်တို့မိုင်းမြှုပ်ထားတဲ့ သဲပုံပေါ် နေရာယူပစ်နေလို့ မိုင်းထပ်ခွဲခဲ့လိုက်ပါတယ်။ အကုန်လုံးကတော့ လွင့်စင်သွားပြီး ပစ်နေတဲ့ အသံတွေပါ တိတ်သွားတယ်။ ခဏနေတော့ လက်နက်ကြီးနဲ့  ရဲဘော်တွေရှိနိုင်တဲ့ ခန့်မှန်းနေရာတွေကို ထုပါတော့တယ်။ သေတဲ့စခတွေရဲ့လက်နက်တွေလည်း မြစ်ခြားနေလို့ ကောက်ခွင့်မရခဲ့ပါဘူး” လို့ PDF Kalay-Mine Team တာဝန်ရှိသူကပြောပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်မှုကို PDF Kalay-Mine Team နဲ့အတူ Operation MO MO အဖွဲ့တို့ ကပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ယင်းမာပင်ခရိုင် PDF တပ်ရင်း (၂) ရင်းကို တပ်ရင်း (၁) ရင်းတည်းအဖြစ် ပေါင်းစည်း…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင် ခရိုင် တပ်ရင်း (၂) ရင်းကို တပ်ရင်း ၁ ရင်း တည်းအဖြစ်ပေါင်းစည်းလိုက်တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

တောင်ကြီးတွင် ရွေးကောက်ပွဲ ကာကွယ်ပေးရေးဥပဒေကြောင့် အမျိုးသား ၁ ဦး ထောင် ၇ နှစ် ချမှတ်ခံရ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ ကာကွယ်ပေးရေး ဥပဒေကြောင့် ဖမ်းဆီးစစ်ဆေးခံရတဲ့ အမျိုးသားကို အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ 
Read More

ပခုက္ကူမြို့နယ်အတွင်းရှိ ပျူစခန်းများကို ရောကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ရှင်မကန်၊ ညောင်ဂျစ်ပင်၊ အနောက်မကျီးကန်နဲ့ အောင်သာကျေးရွာတွေက ပျူစခန်းတွေကို ၃ရက်ဆက် ရော့ကတ် ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE Pakokku က ထုတ်ပြန်ထားပါတယ်။
Read More

PDF တွေကို ရက် (၅၀) တစ်ကြိမ်နှုန်းနဲ့ ထောက်ပံ့နေပြီး တစ်ကြိမ်ထောက်ပံ့ရင် အမေရိကန်ဒေါ်လာ တစ်သန်းကျော် ရှိတယ်လို့ NUG ပြော

နိုင်ငံတစ်ဝန်းက PDF တွေအတွက် ရက် (၅၀) ကို တစ်ကြိမ် ထောက်ပံ့နေပြီး တစ်ကြိမ်ထောက်ပံ့ရင် အမေရိကန်ဒေါ်လာ တစ်သန်းကျော်ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
Read More

စစ်တပ်နှင့်ပေါင်းပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များကို များစွာဖိနှိပ်ခဲ့သည့် ရွာငံ ပျူခေါင်းဆောင် ဝင်းမြင့်ကို ပစ်ခတ်ရှင်းလင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပေါင်းပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် ဝင်းမြင့်နဲ့ အပေါင်းအပါတွေ ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားကြောင်း ရွာငံတော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းကိုပြောပါတယ်။
Read More

ဘုရားသုံးဆူမြို့မစျေးကြီးတွင် တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်‌ရေး လူထုလှုပ်ရှားမှုသပိတ် ပြုလုပ်ခဲ့ (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ မြို့မစျေးကြီးမှာ ပြည်သူတွေ အကြမ်းဖက် စစ်တပ်ရဲ့ တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်‌ရေး လူထုလှုပ်ရှားမှု သပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။