နိုင်ငံတစ်ဝန်းက PDF တွေအတွက် ရက် (၅၀) ကို တစ်ကြိမ် ထောက်ပံ့နေပြီး တစ်ကြိမ်ထောက်ပံ့ရင် အမေရိကန်ဒေါ်လာ တစ်သန်းကျော်ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ “ပြည်သူလူထု နှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်”မှာ  ဦးနေဘုန်းလတ်က PDF တွေကို ထောက်ပံ့မှုနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောကြားခဲ့တာပါ။

တပ်ရင်းတွေရဲ့ ရိက္ခာဖိုးနဲ့ အထွေထွေ အသုံးစရိတ်တွေကို ရက် ၄၀ ဒါမှမဟုတ် ရက် ၅၀ တစ်ကြိမ် ပို့ဆောင်ပေးနေတာဖြစ်ပြီး မြေပြင်ကို ထိရောက်အောင် ပံ့ပိုးထောက်ပံ့ပေးနိုင်တာ ဖြစ်တယ်လို့ ဦးနေဘုန်းလတ်က ပြည်သူကို သတင်းစကားပေးပါတယ်။

“တပ်ရင်းတွေရဲ့ ရိက္ခာဖိုးနဲ့ အထွေထွေ အသုံးစရိတ်တွေကို ပို့ရာမှာ လစဉ်ပို့ဆောင်ခြင်းမျိုး မဟုတ်ဘဲ ရက် ၄၀ ဒါမှမဟုတ် ၅၀ မှ တစ်ကြိမ်ပို့ဆောင်ခြင်းဖြစ်ပါတယ်။ PDF တပ်ရင်းအားလုံးကို အကြိမ် တစ်ကြိမ်ပို့ပေးရင် အမေရိကန်ဒေါ်လာ တစ်သန်းကျော် ကျသင့်ပါတယ်။ လက်ရှိ PRF က ပြီးခဲ့တဲ့ တစ်နှစ်စာ အကျဉ်းချုပ်ကို ကြည့်ပြီးတွက်ရင် တစ်လ ပျမ်းမျှ ဒေါ်လာ ၈ သိန်း နီးပါးရရှိတဲ့အတွက် PRF ထောက်ပို့တပ်သားအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်”လို့လည်း ဦးနေဘုန်းလတ်ကဆိုပါတယ်။

ထောက်ပံ့မှုအတွင်း  လိုငွေကို ပြည်ထောင်စုဘက်ဂျက်ကနေ ဖြည့်ဆည်းပြီး ပြည်ထောင်စုဘက်ဂျက်က ရရှိငွေဟာ ရိက္ခာနဲ့ အထွေထွေအသုံးစရိတ်မဟုတ်တဲ့ တခြားသော အရေးကြီးကိစ္စရပ်တွေမှာလည်း သုံးစွဲရတာဖြစ်လို့ PRF မှာ ထောက်ပို့တပ်သားတွေ ထပ်မံရရှိဖို့လည်း အရေးတကြီးလိုအပ်နေတယ်လို့ ဦးနေဘုန်းလတ်က တောင်းဆိုလိုက်ပါတယ်။

မိမိတတ်နိုင်တဲ့ ပမာဏနဲ့ PRF ထောက်ပို့တွေအဖြစ် ပါဝင်နေခြင်းဟာ မြေပြင်က PDF တပ်သားတွေအတွက် တိုက်ရိုက် ထောက်ကူနေခြင်းဖြစ်သလို တော်လှန်ရေးအောင်မြင်ရေးအတွက် ထိရောက်တဲ့ ထောက်ကူမှုဖြစ်တယ်လို့လည်း ဦးနေဘုန်းလတ်က သတင်းစကားပေးခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

တိုက်ကြီးမြို့မရဲစခန်းကို ပြင်းအားမြင့် အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ မြို့မရဲစခန်းကို ပြင်းအားမြင့်အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စိုးမိုးနယ်မြေအတွင်း အခွန်ကောက်ခံတာမရှိဘူးလို့ မုံရွာခရိုင် တပ်ရင်း (၂) ထုတ်ပြန်…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂) - အနောက်မြောက်လွင်ပြင် တော်လှန်ရေး အင်အားစု က စိုးမိုးနယ်မြေအတွင်း အခွန်ကောက်ခံတာ လုံးဝမရှိဘူးလို့ ထုတ်ပြန်လာပါတယ်။
Read More

ရှမ်းပြည်တောင်ပိုင်း တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ကို KNDF ဗျူဟာ ၉ အဖြစ် ဖွဲ့စည်း…

ရှမ်းပြည်တောင်ပိုင်း တော်လှန်ရေးတပ်ပေါင်းစုမှ 1005 တပ်ရင်း ၊ 1008 တပ်ရင်း ၊ ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေး တပ်ပေါင်းစု (SSLRU)၊ Special Operation Drone Force (SODF) တို့ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ် (၉) အဖြစ် ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
Read More

မိုးကုတ်မြို့မှ ပြည်သူအချို့ စိုးရိမ်စိတ်ကြောင့် စွန့်ခွာတိမ်းရှောင်မှုများရှိနေ

သိပ်မကြာခင် အာဏာသိမ်း အကြမ်းဖက်စစ်တပ် ပြန်ဝင်လာဖို့ရှိနေတဲ့ မိုးကုတ်မြို့မှာ တိုက်ပွဲတွေဖြစ်မှာ စိုးရိမ်တဲ့အတွက် မြို့ပေါ်ကနေ ပြည်သူတချို့ စွန့်ခွာတိမ်းရှောင်နေကြတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးလာသူတချို့ ကားပေါ်က ကုန်ချထွက်ပြေးလို့ အကြမ်းဖက်စစ်တပ် ပိုက်စိပ်တိုက် ရှာဖွေနေ

ကျုံပျော်မြို့မှာ အကြမ်းဖက်စစ်တပ် လူငယ်တချို့ကို ပေါ်တာဆွဲဖမ်းဆီးပြီး ဒီဇင်ဘာ ၂၀ ရက် ဒီနေ့မနက်ပိုင်းမှာ ဓနုဖြူမြို့ဘက်ကို ပို့ဆောင်စဉ် ကားပေါ်ကနေ ခုန်ချထွက်ပြေးသွားလို့ဆိုပြီး အကြမ်းဖက်စစ်တပ်က ပိတ်ဆို့ရှာဖွေမှုတွေ လုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

မြိုင်မှာ ရဲ ၁ ယောက်ကို ရှင်းလင်းခဲ့သူတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် လက်နက်နဲ့တကွ ပကဖထံ ထွက်ပြေးခိုလှုံ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရဲ၁ယောက်ကို ပစ်ခတ်ရှင်းလင်းပြီး အလင်းဝင်လာသူတွေအပါအဝင် စစ်​ကောင်စီတပ်သား၄ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ခိုလှုံလာကြောင်း မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။