မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆင်မင်းကျေးရွာမှာ စစ်ကောင်စီတပ်သား ၁ယောက်ကို လက်နက်နဲ့တကွ ဖမ်းဆီးရမိထားတယ်လို့ Young Force UG က သတင်းထုတ်ပြန်လာပါတယ်။

မနေ့က နိုဝင်ဘာ ၁၁ ရက်နေ့မှာ အဲဒီစစ်ကောင်စီတပ်သားဟာ သူတို့ တပ်စွဲထားတဲ့ ဆင်မင်းဂိတ်ကနေ ပြည်သူ့ကာကွယ်ရေးတပ်တွေ စိုးမိုးထားတဲ့ နယ်မြေကို လမ်းမှား ဝင်ရောက်လာတာကြောင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“သူ တစ်ယောက်တည်း ထွက်လာတုန်း ဖမ်းမိတာပါ။ သူတို့ ဂိတ်ကနေ နဲနဲဝေးဝေး ထွက်လာတုန်းပေါ့။ လမ်းမှားဆို ကျနော်တို့ ကင်းနဲ့ တွေ့တာပေါ့။ ရောက်တာလည်း မကြာသေးတော့ နယ်မြေ မကျွမ်းတာပေါ့” လို့ Young Force UG က တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

(ဓာတ်ပုံ Young Force UG)

အဲဒီစစ်သားထံက ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကာဘိုင်ကျည် ၄၅ တောင့်၊ ကျည်ကာဝတ်စုံ ၁ ထည်၊ ဦးထုပ် ၁ လုံးနဲ့ ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီလှုပ်ရှားမှုကို Pakokku People Defense Force (PPDF) နဲ့ Young Force U.G တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ စစ်သားကိုတော့ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး စစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထီးလင်းမှာ အကြမ်းဖက်စစ်တပ်က ရော့ကတ်တွေ၊ ဗုံးသီးတွေနဲ့ ကြဲချလို့ အမျိုးသမီး ၁ယောက်သေဆုံးပြီး ၉ယောက် ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရော့ကတ်ဗုံးသီးတွေထဲ မပေါက်ကွဲသေးတာတွေရှိနေသေးတယ်လို့ ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။
Read More

နောင်ချိုတွင် စစ်ကောင်စီတပ်၏ ဟောင်ဝစ်ဇာ လက်နက်ကြီးကျည်ကြောင့် နေအိမ် (၂) လုံး ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာနဲ့ လက်နက်ကြီး (၅) လုံး ပစ်ခတ်တိုက်ခိုက်ရာ နေအိမ် (၂) လုံး ထိမှန်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ တအာင်းတပ်မတော် - TNLA က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

သီပေါတွင် စစ်ကောင်စီ၏ လက်ကျန်မိုင်းကြောင့် အမျိုးသမီး ၁ ဦး ခြေထောက် ၁ ဖက် ဆုံးရှုံးခဲ့ရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာမှာ ဒေသခံ အမျိုးသမီးတစ်ယောက် ခြံရှင်းလင်းရင်း စစ်ကောင်စီရဲ့ လက်ကျန်မိုင်းကို ထိမိကာ ဘယ်ဘက်ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီး၊ ပဲချက်ရွာကို စစ်အုပ်စု စက်တပ်လေထီး ၃ စီးဖြင့် ဗုံးကြဲ၊ ၄ ဦး သေဆုံးပြီး ကလေးငယ်အပါ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ၄ ယောက် သေဆုံးပြီး ကလေးငယ်နဲ့ အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။
Read More

အင်းတော်ကို စစ်ကူလာသည့် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၄၀ ခန့်သေပြီး ၃၀ ခန့်အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကနေ အင်းတော်မြို့နယ်ဘက် စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သားအယောက် ၄၀ ခန့်သေဆုံးပြီး အယောက် ၃၀ ခန့်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် - KIA ရဲ့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

နမခကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်မှုမှာ အရာရှိအပါ ၉ ဦး သေဆုံး၊ ၁၆ ဦး ဒဏ်ရာရ၊ ရဟတ်ယာဉ်တစ်စင်းလည်း မီးလောင်ပျက်စီးနိုင်ခြေရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ထဲကို ၁၀၇ မမ ရှော့တိုက်ဒုံး‌ေတွနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က အရာရှိ ၁ ယောက် အပါအဝင် ၉ ယောက် သေဆုံးပြီး ၁၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်လာပါတယ်။