နိုင်ငံတစ်ဝန်းက PDF တွေအတွက် ရက် (၅၀) ကို တစ်ကြိမ် ထောက်ပံ့နေပြီး တစ်ကြိမ်ထောက်ပံ့ရင် အမေရိကန်ဒေါ်လာ တစ်သန်းကျော်ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ “ပြည်သူလူထု နှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်”မှာ  ဦးနေဘုန်းလတ်က PDF တွေကို ထောက်ပံ့မှုနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောကြားခဲ့တာပါ။

တပ်ရင်းတွေရဲ့ ရိက္ခာဖိုးနဲ့ အထွေထွေ အသုံးစရိတ်တွေကို ရက် ၄၀ ဒါမှမဟုတ် ရက် ၅၀ တစ်ကြိမ် ပို့ဆောင်ပေးနေတာဖြစ်ပြီး မြေပြင်ကို ထိရောက်အောင် ပံ့ပိုးထောက်ပံ့ပေးနိုင်တာ ဖြစ်တယ်လို့ ဦးနေဘုန်းလတ်က ပြည်သူကို သတင်းစကားပေးပါတယ်။

“တပ်ရင်းတွေရဲ့ ရိက္ခာဖိုးနဲ့ အထွေထွေ အသုံးစရိတ်တွေကို ပို့ရာမှာ လစဉ်ပို့ဆောင်ခြင်းမျိုး မဟုတ်ဘဲ ရက် ၄၀ ဒါမှမဟုတ် ၅၀ မှ တစ်ကြိမ်ပို့ဆောင်ခြင်းဖြစ်ပါတယ်။ PDF တပ်ရင်းအားလုံးကို အကြိမ် တစ်ကြိမ်ပို့ပေးရင် အမေရိကန်ဒေါ်လာ တစ်သန်းကျော် ကျသင့်ပါတယ်။ လက်ရှိ PRF က ပြီးခဲ့တဲ့ တစ်နှစ်စာ အကျဉ်းချုပ်ကို ကြည့်ပြီးတွက်ရင် တစ်လ ပျမ်းမျှ ဒေါ်လာ ၈ သိန်း နီးပါးရရှိတဲ့အတွက် PRF ထောက်ပို့တပ်သားအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်”လို့လည်း ဦးနေဘုန်းလတ်ကဆိုပါတယ်။

ထောက်ပံ့မှုအတွင်း  လိုငွေကို ပြည်ထောင်စုဘက်ဂျက်ကနေ ဖြည့်ဆည်းပြီး ပြည်ထောင်စုဘက်ဂျက်က ရရှိငွေဟာ ရိက္ခာနဲ့ အထွေထွေအသုံးစရိတ်မဟုတ်တဲ့ တခြားသော အရေးကြီးကိစ္စရပ်တွေမှာလည်း သုံးစွဲရတာဖြစ်လို့ PRF မှာ ထောက်ပို့တပ်သားတွေ ထပ်မံရရှိဖို့လည်း အရေးတကြီးလိုအပ်နေတယ်လို့ ဦးနေဘုန်းလတ်က တောင်းဆိုလိုက်ပါတယ်။

မိမိတတ်နိုင်တဲ့ ပမာဏနဲ့ PRF ထောက်ပို့တွေအဖြစ် ပါဝင်နေခြင်းဟာ မြေပြင်က PDF တပ်သားတွေအတွက် တိုက်ရိုက် ထောက်ကူနေခြင်းဖြစ်သလို တော်လှန်ရေးအောင်မြင်ရေးအတွက် ထိရောက်တဲ့ ထောက်ကူမှုဖြစ်တယ်လို့လည်း ဦးနေဘုန်းလတ်က သတင်းစကားပေးခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

နတ်ရေကန်ဂိတ်မှ ခြေလျင်ထွက်လာသည့် စစ်သားများ မိုင်းဆွဲခံရပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ဂိတ်ကနေ ခြေလျင်ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေရှိခဲ့တယ်လို့ People’s Defence Force – South Monywa တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဆောမြို့မရဲစခန်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် လက်နက်ခဲယမ်းတချို့နဲ့ အလင်းဝင်လာ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့မရဲစခန်းကနေ လောင်းရှည်တိုက်နယ် ရဲစခန်းကို ထွက်လာတဲ့ စစ်ကြောင်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် လက်နက်ခဲယမ်းတချို့နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ မှာ မြန်မာပြည်သူ (၁၅) သန်းလောက် ငတ်မွတ်ခေါင်းပါးမှု ရင်ဆိုင်ရနိုင်

မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူ ၁၅ သန်းခန့်ဟာ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲအဖြစ်  ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

မြောင်လမ်းခွဲတွင် ပိုက်ဆံကောက်ရန် ထွက်လာသည့် စစ်အုပ်စုကား မိုင်းဆွဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ မြောင်လမ်းခွဲ အထိုင်စခန်းမှာ ပိုက်ဆံကောက်ဖို့ ထွက်လာတဲ့ စစ်အုပ်စုကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဆီက သိရပါတယ်။
Read More

မူးမြို့နယ်တွင် စစ်တပ် ဒရုန်းတိုက်ခိုက်မှုကြောင့် (၆) နှစ်အရွယ် ကလေးငယ်နှင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

TRI ဗျူဟာက တပ်သားသစ်များ ခေါ်ယူနေ၊ LGBTQ လိင်စိတ်ခံယူမှု ကွဲပြားသူများပါ တပ်သားသစ်အဖြစ် လျှောက်ထားနိုင်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ TRI ဗျူဟာ - အမှတ် (၁၂၂) တပ်ရင်းက တိုက်ပွဲဝင်မယ့် တပ်သားသစ်ရဲဘော်တွေကို ဖိတ်ခေါ် ထားပါတယ်။