နိုင်ငံတစ်ဝန်းက PDF တွေအတွက် ရက် (၅၀) ကို တစ်ကြိမ် ထောက်ပံ့နေပြီး တစ်ကြိမ်ထောက်ပံ့ရင် အမေရိကန်ဒေါ်လာ တစ်သန်းကျော်ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ “ပြည်သူလူထု နှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်”မှာ  ဦးနေဘုန်းလတ်က PDF တွေကို ထောက်ပံ့မှုနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောကြားခဲ့တာပါ။

တပ်ရင်းတွေရဲ့ ရိက္ခာဖိုးနဲ့ အထွေထွေ အသုံးစရိတ်တွေကို ရက် ၄၀ ဒါမှမဟုတ် ရက် ၅၀ တစ်ကြိမ် ပို့ဆောင်ပေးနေတာဖြစ်ပြီး မြေပြင်ကို ထိရောက်အောင် ပံ့ပိုးထောက်ပံ့ပေးနိုင်တာ ဖြစ်တယ်လို့ ဦးနေဘုန်းလတ်က ပြည်သူကို သတင်းစကားပေးပါတယ်။

“တပ်ရင်းတွေရဲ့ ရိက္ခာဖိုးနဲ့ အထွေထွေ အသုံးစရိတ်တွေကို ပို့ရာမှာ လစဉ်ပို့ဆောင်ခြင်းမျိုး မဟုတ်ဘဲ ရက် ၄၀ ဒါမှမဟုတ် ၅၀ မှ တစ်ကြိမ်ပို့ဆောင်ခြင်းဖြစ်ပါတယ်။ PDF တပ်ရင်းအားလုံးကို အကြိမ် တစ်ကြိမ်ပို့ပေးရင် အမေရိကန်ဒေါ်လာ တစ်သန်းကျော် ကျသင့်ပါတယ်။ လက်ရှိ PRF က ပြီးခဲ့တဲ့ တစ်နှစ်စာ အကျဉ်းချုပ်ကို ကြည့်ပြီးတွက်ရင် တစ်လ ပျမ်းမျှ ဒေါ်လာ ၈ သိန်း နီးပါးရရှိတဲ့အတွက် PRF ထောက်ပို့တပ်သားအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်”လို့လည်း ဦးနေဘုန်းလတ်ကဆိုပါတယ်။

ထောက်ပံ့မှုအတွင်း  လိုငွေကို ပြည်ထောင်စုဘက်ဂျက်ကနေ ဖြည့်ဆည်းပြီး ပြည်ထောင်စုဘက်ဂျက်က ရရှိငွေဟာ ရိက္ခာနဲ့ အထွေထွေအသုံးစရိတ်မဟုတ်တဲ့ တခြားသော အရေးကြီးကိစ္စရပ်တွေမှာလည်း သုံးစွဲရတာဖြစ်လို့ PRF မှာ ထောက်ပို့တပ်သားတွေ ထပ်မံရရှိဖို့လည်း အရေးတကြီးလိုအပ်နေတယ်လို့ ဦးနေဘုန်းလတ်က တောင်းဆိုလိုက်ပါတယ်။

မိမိတတ်နိုင်တဲ့ ပမာဏနဲ့ PRF ထောက်ပို့တွေအဖြစ် ပါဝင်နေခြင်းဟာ မြေပြင်က PDF တပ်သားတွေအတွက် တိုက်ရိုက် ထောက်ကူနေခြင်းဖြစ်သလို တော်လှန်ရေးအောင်မြင်ရေးအတွက် ထိရောက်တဲ့ ထောက်ကူမှုဖြစ်တယ်လို့လည်း ဦးနေဘုန်းလတ်က သတင်းစကားပေးခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်မြို့မှတက်လာသည့် အကြမ်းဖက်စစ်ကြောင်း တပ်သား ၄ ဦးကို လက်နက်များနှင့်အတူ KNLA ဖမ်းမိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့က တက်လာတဲ့ အကြမ်းဖက်စစ်ကြောင်း ခလရ (၂၈၂) တပ်ရင်း စစ်သား ၄ယောက်ကို ဖမ်းဆီးရမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
Read More

နိုဝင်ဘာ ဒုတိယပတ်အတွင်း စစ်ကော်မရှင်တပ်ထံမှ အလင်းဝင်နှင့် စစ်သုံ့ပန်း စုစုပေါင်း ၁၀၉ ဦး ရှိ၊ သန္ဓေစစ်သားများ အလင်းဝင်မှု များလာ

အခုလ နိုဝင်ဘာ ဒုတိယပတ်အတွင်း စစ်ကော်မရှင်တပ်ထံကနေ အလင်းဝင်လာသူနဲ့ လက်နက်ချ စစ်သုံ့ပန်း စုစုပေါင်း ၁၀၉ ယောက်ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ စာရင်းအရ သိရပါတယ်။
Read More

MDY-PDF စိုးမိုးနယ်မြေမှ သီတင်းကျွတ် လပြည့်ည (ဓာတ်ပုံသတင်း)

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

ဝေါလေလမ်းပိုင်းမှာရှိတဲ့ ရွှေအေးမြိုင် ဘုရားကုန်းက အကြမ်းဖက်စစ်တပ် ကာကင်းစခန်းက စစ်သား ၁၆ဦးလတ်နတ်ခဲယမ်းများနဲ့အတူ အလင်းဝင်ရောက်လာ

ကရင်ပြည်နယ်၊ ဝေါလေလမ်းပိုင်းမှာရှိတဲ့ ဥကရစ်ထစခန်းရဲ့ ကာကင်းကုန်းဖြစ်တဲ့ ရွှေအေးမြိုင်ဘုရားကုန်းစခန်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ်က ဗိုလ်ကြီးအဆင့်အပါအဝင် စခန်းတခုလုံးက စစ်သားတွေ KTLA စစ်ကြောင်းဆီကို လက်နတ်ချအလင်းဝင်ရောက်ခဲ့တယ်လို့ KTLA တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

တေးရေး နိုင်မြန်မာရဲ့ ရုပ်ကလာပ်ကို ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင် (ဓာတ်ပုံသတင်း)

ဖေဖော်ဝါရီ ၇ ရက် ဒီနေ့မနက်ပိုင်းမှာ ကွယ်လွန်ခဲ့တဲ့ ဦးနိုင်ဦးမြင့် (ခ) တေးရေးဆရာ နိုင်မြန်မာ ရဲ့​ ရုပ်ကလာပ်ကို ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် နေအိမ်ကနေ ရေဝေးသုဿန်အအေးခန်းဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ နာရေးကူညီမှုအသင်း(ရန်ကုန်) က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေကျင်-သံဆိပ် ကားလမ်းပိုင်းတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကို ဝင်ရောက်ပစ်ခတ်၊ စစ်သား ၃ ဦး ပွဲချင်းပြီး သေဆုံး

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၃ ယောက် သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃၇၀၃ (မီးနဂါးတပ်ဖွဲ့) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။