ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဆီ စစ်ကူနဲ့ လက်နက်ခဲယမ်းရိက္ခာတွေ ပို့ဆောင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ ရဟတ်ယာဉ် ၁ စီးကို ရက္ခိုင့်တပ်တော် AA က ပစ်ခတ်ခဲ့ရာ ထိမှန်ခဲ့တယ်လို့ AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက အတည်ပြုထားကြောင်း ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဆီ စစ်ကူ၊ လက်နက်နဲ့ ရိက္ခာတွေ လာပို့တဲ့ ရဟတ် ယာဉ် ၄ စီးကို နိုဝင်ဘာလ ၁၀ ရက် နေ့လည်ပိုင်းက ပစ်ခတ်ခဲ့ရာ ရဟတ်ယာဉ် ၁ စီးရဲ့ အမြီးပိုင်းကို ထိမှန်ခဲ့ပြီး မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း ဆင်းသက်သွားတယ်လို့ AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောဆိုထားပါတယ်။

“ကျနော်တို့ဘက်က    စီးစလုံးကို လိုက်ပစ်တာ    စီးက အမြီးပိုင်းကိုထိသွားပါတယ်။ ဒါပေမယ့် အဲဒီထိသွားတဲ့ ရဟတ်ယာဉ်ဟာ အဲဒီနေရာမှာ ထိုးကျပျက် စီးသွားတာမျိုးမဟုတ်ဘဲ သူ့တို့ (အကြမ်းဖက် စစ်ကောင်စီ) ထိန်းချုပ်ထားတဲ့ နေရာအထိ ရောက်အောင် ကြိုးစားထိန်းမောင်းပြီးမှ သတ်မှတ်နေရာကို မရောက်ဘဲ အဆင်ပြေတဲ့တစ်နေရာမှာ ဆင်းသက်သွားတယ်လို့ ကျနော်တို့ သိရပါတယ်။ အဲဒီရဟတ်ယာဉ်ဆင်းသက်သွားတာကတော့ မကွေးတိုင်း၊ ငဖဲမြိုနယ်၊ ကျောက်ဆုံရွာ အနီးကို ဆင်းသွားတယ်လို့ စုံစမ်းသိရှိရတယ်” လို့ ခိုင်သုခက ပြောဆိုထားပါတယ်။

အခုနှစ်ဆန်းပိုင်း ဖေဖော်ဝါရီလတုန်းကလည်း AA က စစ်ကောင်စီရဲ့ စစ်ရဟတ် ယာဉ် ၁ စီးကို ပစ်ခတ်ခဲ့ပြီးနောက် ပျက်ကျနေတဲ့ ရဟတ်ယာဉ်ပုံရိပ်တွေကိုပါ AA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူခရိုင်တပ်ရင်း အမှတ် (၁၉) မှ ကျဆုံးရဲဘော် YZ (ခ) နေတိုးအောင်၏ ရက်လည် ဆွမ်းကပ်တရားနာပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်တပ်ရင်း အမှတ် (၁၉) က ကျဆုံးရဲဘော် YZ (ခ) နေတိုးအောင်ကို ရည်စူးပြီး ရက်လည် ဆွမ်းကပ်တရားနာပွဲ ပြုလုပ်ပေးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

မင်္ဂလာဒုံဆေးရုံ တစ်ခေါက်လိုက်ပို့ရင် ဓာတ်ဆီ ၁၅ ဂါလံ ပေးမယ်လို့ ပရဟိတအသင်းတွေကို စစ်ကောင်စီ ကမ်းလှမ်း

ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်း ပရဟိတအဖွဲ့အစည်းတွေကို စစ်ကောင်စီက သူတို့ရဲ့ ဒဏ်ရာရစစ်သားတွေကို  ရန်ကုန် မင်္ဂလာဒုံဆေးရုံ တစ်ခေါက်ပို့ပေးရင် ဆီ ၁၅ ဂါလံ ပေးမယ်လို့ ကမ်းလှမ်းပြောဆိုမှုတွေ ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

သာဂရမြို့ဟောင်းက မြို့ရိုးတွေ ဖြိုချနေမှုမှာ ဗထူးတပ်မတော် ပါဝင်ပတ်သက်နေတယ်လို့ ပြောဆိုမှုတွေရှိနေ၊ စွပ်စွဲမှုတွေအပေါ် ဗထူးတပ်မတော် ငြင်းဆို

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က နှစ် တစ်ထောင် သက်တမ်းရှိ ထားဝယ်ရှေးဟောင်းအမွေအနှစ် သာဂရမြို့ဟောင်း၊ မြို့ရိုးတွေကို စက်ယန္တရားသုံးဖြိုချနေတဲ့ အပေါ် ဝေဖန်ပြောဆိုမှုတွေ မြင့်တက်နေပါတယ်။
Read More

ရေး – ထားဝယ်လမ်းမပေါ် အမတ (၃၁၆) အမြောက်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့

မွန်ပြည်နယ်၊ ရေး-ထားဝယ်လမ်းပိုင်းက အမတ (၃၁၆) အမြောက်တပ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Mon State Revolutionary Force - MSRF က သတင်းထုတ်ပြန်ပါတယ်။
Read More

ဆောနယ်ကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ၃ ဦး သေဆုံး ၊ ၆ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဆောမြို့နယ်က ကျေးရွာတစ်ရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ‌ဒေသခံတွေဆီက သိရပါတယ်။
Read More

ပြိုကျပျက်စီးသွားတဲ့ မန္တလေး Sky Villa ကွန်ဒိုအတွင်းမှ မြေးအဖွား ၃ ဦး အသက်ရှင်

ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ ပြင်းအားမြင့် ငလျင်ကြောင့် မန္တလေးမြို့မှာရှိတဲ့ Sky Villa ကွန်ဒို ပြိုကျခဲ့မှုအတွင်း မြေးအဖွား ၃ ဦးကို အသက်ရှင်လျက်ပြန်ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။