ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းနဲ့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းတို့ လန်ဒန်မြို့မှာတွေ့ဆုံခဲ့ကြတယ်လို့ ဖြူဖြူကျော်သိန်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Phyu Phu In London တော်လှန်ရေးရန်ပုံငွေ ဖျော်ဖြေပွဲမတိုင်ခင် လူထုခေါင်းဆောင်ရဲ့ သားဖြစ်သူနဲ့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

“အားလုံးနဲ့လဲပေးခဲ့တဲ့ “သူမ” အတွက် ဖြူဖြူ ပြန်ပေးနိုင်တာဆိုလို့ သီချင်းလေးတပုဒ်ပဲရှိလို့ ရှက်ရပါတယ်၊ အန်တီစုရဲ့မိသားစုကို အားနာ ကျေးဇူးတင် တောင်းပန်ရပါတယ်။ I deeply apologize Ko Htein Lin, his brother and the grand children of Aunty Su. She chooses us but we have failed her” လို့ ဖြူဖြူကျော်သိန်းက သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

လန်ဒန်မှာ ပြုလုပ်တဲ့ တေးသံရှင် ဖြူဖြူကျော်သိန်းရဲ့ နွေဦးတော်လှန်ရေးရန်ပုံငွေ ဂီတပွဲတော်မှာ လူတစ်ထောင်ကျော် တက်ရောက်အားပေးခဲ့ပြီး အောင်မြင်တဲ့ တော်လှန်အနုပညာပွဲတစ်ခုအဖြစ် စံချိန်တင်ခဲ့ပါတယ်။

ဖြူဖြူကျော်သိန်းဟာ Phyu Phyu In London တစ်ကိုယ်တော်ဂီတပွဲကနေ ရရှိတဲ့ ဝင်ငွေအားလုံးကို အနုပညာကြေး တစ်ပြားတစ်ချပ်မှမယူဘဲ NUG အစိုးရကတဆင့် မြန်မာပြည်တွင်းက လိုအပ်နေတဲ့နေရာတွေအတွက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အင်အားကြီးနိုင်ငံတွေက မီဒီယာတွေကို သူတို့အလိုကျ ခြယ်လှယ်ပြီး လက်ကိုင်တုတ်အဖြစ် အသုံးပြုနေသည်ဟု မင်းအောင်လှိုင် စွပ်စွဲ

အင်အားကြီးနိုင်ငံတွေက မီဒီယာတွေကို သူတို့အလိုကျ ဝင်ရောက်ခြယ်လှယ်ပြီး လက်ကိုင်တုတ်အဖြစ်  အသုံးပြုနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ (ဗျူဟာ ၄၇) မှာ တပ်ရင်းမှူးအပါအဝင် လူကြီးတွေကို သီတင်းကျွတ်ကန်တော့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ (ဗျူဟာ ၄၇) က ရဲဘော်တွေဟာ တပ်ရင်းမှူးအပါအဝင် တပ်ရင်းရှိ လူကြီးတွေမှာ ဒီကနေ့မှာ မြန်မာ့ဗုဒ္ဓဘာသာထုံးတမ်းဓလေ့နဲ့အညီ သီတင်းကျွတ်အခါသမယမှာ ကန်တော့ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ပေါက်နဲ့ ကမ္မမှာ စစ်အုပ်စုတွေ ဒရုန်းနဲ့ရော စနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ခံရ၊ စစ်သား ၁ ဦး သေပြီး ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်နဲ့ ကမ္မမြို့နယ်တွေက စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ရော စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက်သေဆုံးခဲ့တယ်လို့ King Fighter SGF အဖွဲ့တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပေါ်တာဆွဲဖို့ထွက်လာသည့် စစ်အုပ်စုကားကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်၊ ကားထိခိုက်ပျက်စီးပြီး သေဆုံးသူတွေလည်းရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ ထွက်လာတဲ့ စစ်အုပ်စုကားကို RPG နဲ့ ပစ်ခတ်တိုက်ခိုက်ရာ ကားထိခိုက်ပျက်စီးပြီး ထိခိုက်သေဆုံးသူတွေလည်းရှိခဲ့ကြောင်း လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံ ရှဲဒိုးက  မောင်းကိုပြောပါတယ်။
Read More

ဆိုင်ခန်းပေါင်း ရာနဲ့ချီ ဆုံးရှုံးပြီး အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တဲ့ လှိုင်ရတနာဈေး မီးလောင်မှု

ရန်ကုန်မြို့က သက်တမ်းရင့် ဘာဒါစျေးလို့ လူသိများတဲ့ လှိုင်ရတနာစျေးမီးလောင်ကျွမ်းမှုမှာ တစ်ယောက် သေဆုံးပြီး သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူတွင် အကြမ်းဖက်စစ်တပ် မီးရှို့မှုကြောင့် အိမ်ခြေ ၂၀၀ ကျော်ရှိသည့် ကံရပ်ကြီးကျေးရွာ မီးလောင်ပြာကျ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်တပ် အင်အားအများအပြားသုံးပြီး ဝင်ရောက်မီးရှို့ခဲ့တာကြောင့် မြို့နဲ့ ၁၀မိုင်အကွာ ကံရပ်ကြီးကျေးရွာ တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးသွားခဲ့ရတယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။