အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့လယ်စာကြည့်တိုက်(Allen Country Public Library) မှာ ဒေါက်တာမီမီဝင်းဘတ်နဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားပြည်သူတွေ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက အထူးဧည့်သည်အဖြစ် တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့တာပါ။

တွေ့ဆုံပွဲအတွင်း တက်ရောက်လာသူတွေကို NUG အစိုးရနဲ့ တိုင်းရင်းသားအင်အားစုတွေအကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ တပ်ပေါင်းစုအသွင်ဆောင်ရွက်နေတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီူ NUG ဝန်ကြီးက ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကျင်းပဖို့ ကြိုးစားနေမှုအပေါ် သဘောထားအမြင်တွေ၊ မြေပြင်မှာ ဖြစ်ပွါးနေတဲ့ အရပ်သားပြည်သူအပေါ် အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနေပုံတွေကိုလည်း ဝန်ကြီးဦးအောင်မျိုးမင်းက တက်ရောက်လာသူတွေနဲ့ အပြန်အလှန် ဆွေးနွေးဖြေကြားခဲ့တယ်လို့ သိရပါတယ်။

 

(ဓာတ်ပုံ Ministry of Human Rights – NUG)

0 Shares:
You May Also Like
Read More

ဘန်ကောက်က မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မယ်

ဘန်ကောက်က မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်သွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ခေါင်းဆောင် ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။
Read More

ငဖဲတွင် နှစ်လဆက် ထိတွေ့တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီဘက်က အယောက်၂၀ ထက်မနည်း သေဆုံးခဲ့

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ဖေဖော်ဝါရီလနဲ့ မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က အယောက်၂၀ ထက်မနည်း သေဆုံးပြီး အများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က ထုတ်ပြန်ထားပါတယ်။
Read More

တန့်ဆည်မှာ စစ်တပ်ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ထုတ်ပြန်ပါတယ်။
Read More

အင်အား ၁၂၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံး အလုံး ၂၀ ကြဲတိုက်ခိုက်ရာ ၈ ယောက်ထက်မနည်း ထိခိုက်မှု ရှိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တပိုဆယ်အိမ်စုကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား (၈) ယောက်ထက်မနည်း ထိခိုက်မှုရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမှာ စစ်သားသစ် စုဆောင်းခံရသူ စစ်ကောင်စီတပ်သားသစ်တစ်ဦး စလင်း ပကဖ ထံ ခဲယမ်းများနှင့် အလင်းဝင်

မကွေးတိုင်း၊ စလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကနေ စစ်မှုထမ်းဆင်း စစ်ကောင်စီတပ်သားသစ် ၁ ယောက် ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း (စလင်း ပကဖ)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘို – မြစ်ကြီးနားလမ်းပိုင်း၊ ငှက်ပျောတိုင်းရွာက အထိုင်ချစစ်တပ်ကို ဒရုန်းနဲ့ တိုက်ခိုက်၊ တော်လှန်ရေးတပ်များ၏ ကျပ်သိန်း ၇၀၀ တန်ဖိုးရှိ ဒရုန်း ၁ စီး ပျက်စီး…

"စကမတပ် အသေအပျောက်မသိရသေးပေမယ့် မိမိတို့ ဒုန်းတစီး ပျက်စီးသွားခဲ့ရပြီး သိန်း (၇၀၀)လောက် ဆုံးရှုံးခဲ့ရပါတယ်။ အသိရှိသူများ ငွေကြေးတတ်နိုင်သူများ အားလုံးကို ဖိတ်ခေါ်ချင်ပါတယ်၊ ဖက်စစ် စစ်တပ်ကို အမြစ်ပြတ်အောင်တိုက်မဲ့ အဖွဲ့အစည်းတခု ငွေကြေးခက်ခဲပီး မိမိတို့အရင် အမြစ်ပြတ်သွားမှာလဲ စိုးရိမ်ရပါတယ်ဗျ။" လို့ Air Force One ဒရုန်းအဖွဲ့က ရေးသား ဖော်ပြထားပါတယ်။