ဘုရားသုံးဆူမြို့အနီး ထိုင်းနယ်စပ်မြို့ စံခလဘူရီမှာ တရုတ်ရာဇဝတ်ဂိုဏ်းသား အယောက် ၂၀ ကို နိုဝင်ဘာ ၁၁ ရက်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံသား ၁၈ ယောက်နဲ့ လာအိုအမျိုးသမီး ၂ ယောက်ပါဝင်တဲ့ အဲဒီအဖွဲ့ကို နိုင်ငံတွင်းတရားမ၀င်နေထိုင်မှုနဲ့ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က အင်္ဂါနေ့မှာ ပြောပါတယ်။

စံခလဘူရီကနေ သဘာဝလမ်းကြောင်းကတဆင့် မြန်မာနိုင်ငံကို တရားမဝင် ဝင်ထွက်သွားလာနေတဲ့ တရုတ်ဂိုဏ်းတစ်ဂိုဏ်းကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ကြောင်း စံခလဘူရီရဲစခန်းမှူး Paitoon Sriwilai က ပြောပါတယ်။

ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ တရုတ်နိုင်ငံသား ၁၈ ယောက်နဲ့ လာအိုအမျိုးသမီး ၂ ယောက် (ဓာတ်ပုံ Sangkhla Buri Police)
ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ တရုတ်နိုင်ငံသား ၁၈ ယောက်နဲ့ လာအိုအမျိုးသမီး ၂ ယောက် (ဓာတ်ပုံ Sangkhla Buri Police)

ပြီးခဲ့တဲ့ တနင်္လာနေ့က နယ်စပ်ကို ကွင်းဆင်းလေ့လာတဲ့ ရဲနဲ့ ကင်းလှည့်စစ်သား ပူးပေါင်းတပ်ဖွဲ့ဟာ မသင်္ကာဖွယ် သံသယရှိသူတစ်စုကို တွေ့ရှိခဲ့ပြီး သူတို့ကို စုံစမ်းစစ်ဆေးရာမှာ နိုင်ငံကူးလက်မှတ် သို့မဟုတ် တခြားသက်သေခံ တရားဝင်စာရွက်စာတမ်းတွေ မပါရှိတာကြောင့် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း၊ ဥပဒေအတိုင်းအရေးယူဖို့ ဆက်လက်လုပ်ဆောင်ထားကြောင်း သိရပါတယ်။

ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ တရုတ်နိုင်ငံသား ၁၈ ယောက်နဲ့ လာအိုအမျိုးသမီး ၂ ယောက် (ဓာတ်ပုံ Sangkhla Buri Police Station)

ထိုင်း၊ ကန်ချနဘူရီသတင်း ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုမှာ ဖော်ပြထားတာကတော့ အဲဒီအဖွဲ့ဟာ ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်နေခဲ့တာဖြစ်ပြီး အခွင့်မရှိဘဲ နယ်စပ်ဖြတ်သန်းဖို့ ကြိုးပမ်းခဲ့ကြတဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေ (Chinese Grey Gangs) ထဲက ဖြစ်ကြောင်း သံသယရှိခဲ့ကြတာလို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁၂ ရက်မှာလည်း စံခလဘူရီ ရန်ဒီတံတား စစ်ဆေးရေးဂိတ်မှာ မြန်မာလုပ်သား ၇ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာ ၇ ယောက် (ဓာတ်ပုံ Sangkhla Buri Police Station)
ဖမ်းဆီးခံရတဲ့ မြန်မာ ၇ ယောက် (ဓာတ်ပုံ Sangkhla Buri Police Station)

သူတို့ ၇ ယောက်ဟာ မြန်မာပြည်ပြန်ဖို့ ဘတ်စ်ကားစီးရင်းလိုက်ပါလာစဉ် ထိုင်းရဲတွေက စစ်ဆေးရာမှာ နေထိုင်ခွင့်အထောက်အထား မပြနိုင်လို့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှု၊ နေထိုင်မှုတို့နဲ့ စွဲဆိုထားကြောင်း သိရပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာ ၇ ယောက် (ဓာတ်ပုံ Sangkhla Buri Police)
ဖမ်းဆီးခံရတဲ့ မြန်မာ ၇ ယောက် (ဓာတ်ပုံ Sangkhla Buri Police)

မူရင်း – Chinese illegals busted near Myanmar border

0 Shares:
You May Also Like
Read More

အာဏာသိမ်းစစ်တပ်လက်ထဲက နိုင်ငံတကာက ပေးအပ်တဲ့ ငလျင်အလှူငွေတွေကို စောင့်ကြည့်ဖို့လိုအပ်ဟု သတိပေး

အာဏာသိမ်းစစ်တပ်လက်ထဲမှာ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် နိုင်ငံတကာကလှူဒါန်းထားတဲ့ စီးဆင်းငွေ အမေရိကန်ဒေါ်လာ ၁၃၆ သန်းအထိ ရရှိထားတာကြောင့် ပြည်သူတွေထံ ရောက်ရှိဖို့ စောင့်ကြည့်ရမယ်လို့ Burma News International နဲ့ Myanmar Peace Monitor တို့က ပူးတွဲထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။
Read More

ငလျင်ဘေးသင့်နေချိန် လေကြောင်းတိုက်ခိုက်မှုတွေကို ဘယ်လိုစိတ်နဲ့  လုပ်ရက်ရတာလဲ ဟု စစ်အုပ်စုအပေါ် ဝေဖန်လိုက်တဲ့ ထိုင်းလွှတ်တော်အမတ်၊ BIMSTEC အစည်းအဝေးတက်ဖို့ မြန်မာစစ်ခေါင်းဆောင်ကို ထိုင်းအစိုးရ ဖိတ်ကြားထားမှုအပေါ်လည်း ၄င်းက ဆက်လက်ဝေဖန်ခဲ့သည်

ငလျင်ဘေးသင့် ပြည်သူတွေကို နိုင်ငံတကာက အကူအညီပေးနေချိန် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့  ထိုင်း Fair ပါတီ လွှတ်တော်အမတ် Kannavee Suebsang က မတ်လ ၃၁ ရက်မှာ ပြောလိုက်ပါတယ်။
Read More

ဆန်ဖရန်စစ္စကို မြို့တော်ခန်းမရှေ့မှ ၁၆၁ ကြိမ်မြောက် မြေပြင်လူထုသပိတ်တိုက်ပွဲ

အ​မေရိကန်ပြည်​ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ရဲ့ မြို့တော်ခန်းမရှေ့မှာ ၁၆၁ ကြိမ်မြောက် မြေပြင်လူထုသပိတ်တိုက်ပွဲအဖြစ် ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဒီနှစ်လည်း အာဆီယံထိပ်သီးညီလာခံ တက်ရောက်ခွင့်ရမှာ မဟုတ်ကြောင်း မလေးရှားဝန်ကြီးချုပ် အတည်ပြု

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်တပ်လော်ဘီတွေ ဝါဒဖြန့်နေသလို အာဆီယံ ထိပ်သီးညီလာခံအစည်းအဝေး တက်ရောက်ခွင့်ရရှိမှာ မဟုတ်ဘူးလို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားလိုက်ကြောင်း မလေးရှား Bernama သတင်းဌာနက သတင်းဖော်ပြထားပါတယ်။
Read More

အိန္ဒိယ၏ အာသံရိုင်ဖယ်တပ် ပစ်ခတ်လို့ မြန်မာလက်နက်ကိုင် ၁၀ ဦး သေဆုံးဟု ဆို

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ချန်ဒဲခရိုင်၊ အိန္ဒိယ-မြန်မာနယ်စပ်အနီးမှာ စစ်သွေးကြွတွေလို့ အိန္ဒိယစစ်တပ်က ယူဆတဲ့ သံသယရှိသူ ၁၀ ယောက်ကို မေလ ၁၄ ရက် ဗုဒ္ဓဟူးနေ့က ပစ်သတ်ခဲ့ကြောင်းနဲ့ သူတို့တွေဟာ မြန်မာနိုင်ငံသားတွေဖြစ်နေကြောင်း မဏိပူရ်လုံခြုံရေးအရာရှိကို ကိုးကားပြီး အိန္ဒိယသတင်းက ဖော်ပြထားပါတယ်။
Read More

မဏိပူရမှ မြန်မာဒုက္ခသည် ၅၀၀၀ ကျော် နေရပ်ပြန်

မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မဏိပူရပြည်နယ်အတွင်း ခိုလှုံနေခဲ့ကြတဲ့ မြန်မာဒုက္ခသည် ၅၀၀၀ ကျော်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက နေရပ်ပြန်သွားပြီဖြစ်ကြောင်း အိန္ဒိယ အရှေ့မြောက်ပိုင်းအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။