စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဇီးကုန်းတိုက်နယ်အတွင်းက ကျေးရွာ ၃ ရွာကို အကြမ်းဖက်စစ်အုပ်စုက ​မီးထပ်ရှို့ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အရပ်သား၁ယောက်ကိုပါ မီးရှို့သတ်ဖြတ်ထားခဲ့ရင်း ကျန်တဲ့ ၁ယောက်ကိုလည်း ဖမ်းဆီးသွားခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

နိုဝင်ဘာလ ၉ ရက်၊ မနက်အစောပိုင်းမှာ ကန့်ဘလူမြို့၊ အမှတ် ၁ သကြားစက်ကနေ ထွက်လာတဲ့ အင်အား ၁၂၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းဟာ ဇီးကုန်းတိုက်နယ်အတွင်းက ကျောင်းကုန်း၊ ဖိုလ်ကုန်း နဲ့ သပြေသာရွာတို့ကို  အကြမ်းဖက်ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျောင်းကုန်းရွာမြင်ကွင်း (ဓာတ်ပုံ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့)
စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျောင်းကုန်းရွာမြင်ကွင်း (ဓာတ်ပုံ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့)

စစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကျောင်းကုန်းရွာက အရပ်သား နေအိမ် ၄၃ လုံး၊ ဖိုလ်ကုန်းရွာက  ၂၃ လုံးနဲ့ သပြေသာရွာက ၆၇ လုံး အပါအဝင် စုစုပေါင်း နေအိမ် (၁၃၃) လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သပြေသာရွာအတွင်း မီးရှို့သတ်ခံထားရတဲ့ အရပ်သား ရုပ်အလောင်းတစ်လောင်းကိုလည်း တွေ့ရှိခဲ့ပြီး ဘယ်သူဘယ်ဝါ အတည်ပြုနိုင်ခြင်းမရှိသေးသလို စစ်ကြောင်းနဲ့တိုးပြီး အရပ်သား ၁ယောက်လည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျောင်းကုန်းရွာမြင်ကွင်း (ဓာတ်ပုံ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့)
စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျောင်းကုန်းရွာမြင်ကွင်း (ဓာတ်ပုံ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့)

ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ ရဲ့ပြောပြချက်အရ ဇီးကုန်းတိုက်နယ်ဟာ စစ်ကောင်စီလက်အောက်ခံ ပျူအထိုင်စခန်းတွေနဲ့ နီးကပ်လွန်းတဲ့အတွက် ဒေသခံတွေ မကြာခဏ စစ်ဘေးတိမ်းရှောင်နေရပြီး ကျေးရွာတွေထဲ ဝင်ရောက်နိုင်ခြင်းမရှိတာ ကြာနေပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ကုန်လောက်ပိုင်းကစလို့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်မှာ အကြမ်းဖက် စစ်ကောင်စီက ၆၀၀၆ တင့်ကားတပ်ရင်း၊ အမှတ် ၁ သကြားစက်နဲ့ ကာဘိုးပျူအထိုင်စခန်းစတဲ့ နေရာတွေကနေ စစ်ကြောင်းထိုး မီးရှို့သတ်ဖြတ်နေတာတွေကြောင့် အပြစ်မဲ့ပြည်သူ (၈၀၀၀)ခန့် အိုးအိမ်စွန့်ခွါပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျောင်းကုန်းရွာမြင်ကွင်း (ဓာတ်ပုံ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့)
0 Shares:
You May Also Like
Read More

နိုင်ငံတစ်ဝန်း ဇန်နဝါရီတစ်လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး ၈၀ ကျော် သေဆုံးခဲ့ရ

နိုင်ငံတစ်ဝန်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် ဇန်နဝါရီလ တစ်လတည်းမှာပင် အမျိုးသမီး ၈၆ ဦးအထိ သေဆုံးခဲ့ရတယ်လို့  မြန်မာအမျိုးသမီးများသမဂ္ဂ (BWU) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လာနိုင်သည်ဟု ပြည်သူအပေါ် ဆင်းရဲဒုက္ခမျိုးစုံ ပေးနေသည့် စစ်ကောင်စီ ဖိတ်ခေါ်

အာဏာသိမ်းစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ရာ ဒေသတွေနဲ့ ပြည်ပကို ရောက်ရှိနေတဲ့ နိုင်ငံသားတွေ ပြန်လာနိုင်တယ်လို့ ဒီနေ့ မတ်လ ၂၁ရက်မှာ ဖိတ်ခေါ်လိုက်ပါတယ်။
Read More

တောင်သာမှာ စစ်တပ်က စက်တပ်လေထီးတွေနဲ့ ၂ ရက်ဆက် ဗုံးကြဲမှုကြောင့် ပြည်သူ ၄ ယောက် သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က စက်တပ် လေထီးတွေနဲ့ ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၄ ယောက် သေဆုံးခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ - တောင်သာမြို့နယ်ဆီက သိရပါတယ်။
Read More

ပခုက္ကူတွင် စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်က ကမ္မတပ်ပေါင်းစု၏ KMDF စခန်းကို မီးရှို့ဖျက်ဆီး၊ လက်နက်ခဲယမ်း ကျပ်သိန်း ၄၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကြောင်းဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်က ကမ္မတပ်ပေါင်းစုရဲ့ Kamma Defence Force (KMDF) စခန်းကို မီးရှို့ဖျက်ဆီးခဲ့သလို လက်ရှိအချိန်အထိ ဆက်လက်စစ်ကြောင်းထိုးနေကြောင်း မြေပြင်​တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

မြန်မာ့တရားစီရင်ရေးကို ကမ္ဘာက လေးစားဂုဏ်ယူရတဲ့ တရားရေးစနစ်ဖြစ်အောင် လုပ်ဆောင်ဖို့ အောင်လင်းဒွေး ပြောကြား

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကို ကမ္ဘာက လေးစားဂုဏ်ယူရတဲ့ တရားရေးစနစ်တစ်ခု ဖြစ်လာအောင် လုပ်ဆောင်ဖို့  အာဏာသိမ်းစစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေးက ပြောကြားလိုက်ပါတယ်။
Read More

ပြွန်တန်ဆာမြို့ အုပ်ချုပ်ရေးမှူး၊ ပျူခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ပြွန်တန်ဆာမြို့ မြို့မအုပ်ချုပ်ရေးမှူး ဖြစ်သလို ပျူခေါင်းဆောင် လည်းဖြစ်တဲ့ ဦးလှသောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်း ခဲ့တယ်လို့ 9 Stars Underground Force , Bago Region တပ်ဖွဲ့ဆီက သိရပါတယ်။