ဧရာဝတီတိုင်း၊ မအူပင်မြို့၊ အမှတ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခေါင်းကြီး သန်းထွန်းဆိုသူ ချောင်းရိုက်ခံရမှုနဲ့ ပတ်သက်ပြီး မသင်္ကာလို့ ဖမ်းဆီးခံထားရတဲ့ လူငယ်တချို့ကို စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် စစ်သင်တန်းကျောင်း ပို့လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အထက်ပါ အုပ်ချုပ်ရေးမှူးဟာ စစ်မှုထမ်းဥပဒေ အကြောင်းပြပြီး မတရား ငွေကြေးကောက်ခံလို့ ချောင်းရိုက်ခံခဲ့ရတာဖြစ်ပြီး အရိုက်ခံရပြီးနောက်နေ့မှာ မသင်္ကာမှုနဲ့ ဖမ်းဆီးစစ်ဆေးခံရသူ အများအပြား ရှိခဲ့ကြောင်း သိရပါတယ်။

“သူအရိုက်ခံရပြီး အကြမ်းဖက်စစ်တပ်နဲ့ ရဲတွေက ရပ်ကွက်ထဲမှာ ရှာဖွေစစ်ဆေးတာတွေလုပ်တယ်။ သူတို့နဲ့ အဆင်မပြေရှိတဲ့သူတွေကို ဖမ်းတယ်။ တချို့ကို ငွေကြေးတောင်းပြီး ပြန်လွှတ်ပေးလိုက်တယ်။ အခုလက်ရှိ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးစစ်ဆေးခံရတဲ့အထဲက လူငယ် ၁၄ဦးကတော့ပျောက်နေတယ်။ ဘယ်ကိုပို့ထားမှန်းမသိလို့ စုံစမ်းတဲ့အခါမှာ စစ်မှုထမ်းဖို့ စစ်သင်တန်းကျောင်း ပို့လိုက်တယ်ဆိုတာ သိရတယ်” လို့ ဖမ်းဆီးခံရသူရဲ့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

“အုပ်ချုပ်ရေးမှူး ခေါင်းကြီးသန်းထွန်း အရိုက်ခံရတာက သြဂုတ်လ ၃၁ရက်နေ့ကဆိုတော့ ရက်ကအတော်လေးကြာနေပြီ။ ဖမ်းဆီးခံထားရတော့ အမှုပဲ ဖွင့်ထားလို့လား ဘာလားမသိရဘူး။ ထောင်ကြီးချုပ်ထဲမှာပဲ ထင်ထားကြတာ။ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကမှ သူတို့ကို စစ်တပ်ထဲထည့်ဖို့ စစ်သင်တန်းကျောင်း ပို့လိုက်တယ်ဆိုတာ ကြားရတာ” လို့ အထက်ပါ သတင်းရင်းမြစ်က ထပ်ပြောပြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မအူပင်မြို့ရဲစခန်းမှာ ခိုးဆိုးလုနှိုက်နဲ့ ဆေးသုံးစွဲလို့ ဖမ်းဆီးခံထားရသူတွေကို ရဲတပ်ဖွဲ့ထဲဝင်ဖို့ စည်းရုံးကာ အမှုပိတ်သိမ်းပေးပြီး ရဲသင်တန်းကျောင်း ပို့ခဲ့တာတွေလည်း ရှိတယ်လို့ အဲဒီရဲစခန်းမှာ အချုပ်ကျဖူးသူတွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့် အရာရှိ ၂ ယောက် ဒေါနစစ်ကြောင်းထံ အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ (၃၃) နယ်မြေအတွင်းက ဒေါနစစ်ကြောင်း စစ်ရေးလှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့် အရာရှိ ၂ ယောက် အလင်းဝင်လာတယ်လို့ ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

စစ်မှုထမ်းဥပဒေကြောင့် ရှေ့တန်းရောက်လာတဲ့ စစ်ကောင်စီတပ်သား (၄) ယောက် KNDF ဆီ ထွက်ပြေးခိုလှုံ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့အရှေ့က ချမ်းသာကုန်းအုပ်စု၊ သရက်ဖြူကံရွာနဲ့ ချမ်းသာကုန်းရွာက လူငယ် ၅ယောက်ကို စစ်ကောင်စီတပ်တွေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဲဒီထဲက လူငယ် ၃ ယောက်ကို ပြန်လွှတ်ပေးဖို့ သူတို့ရဲ့မိသားစုဝင်တွေက သိန်း ၂၀၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဖားကန့်တွင် မြေပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူ ၂ ဦး သေဆုံး၊ ၁၄ နှစ်အရွယ် ၁ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မြေပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူ ၂ယောက် သေဆုံးပြီး ၁ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီ ထပ်မံဗုံးကြဲ၊ ပြည်သူ ၆ ဦး ဒဏ်ရာရကာ နေအိမ် ၁၀ လုံး ပျက်စီး

အကြမ်းဖက်စစ်ကောင်စီဟာ တအာင်းတပ် TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၆ယောက် ထိမှန် ဒဏ်ရာရခဲ့တယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြောင်းမြမြို့ ညောင်ပင်လေးဈေး မီးလောင်မှု ဆိုင်ခန်း ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့

ဧရာဝတီတိုင်း၊ မြောင်းမြမြို့၊ အမှတ် ၂ ရပ်ကွက်၊ ၆လမ်းမှာရှိတဲ့ ညောင်ပင်လေးဈေးမှာ ဇန်နဝါရီ ၁၈ ရက် မနေ့က ညပိုင်းမှာ မီးလောင်မှု ဖြစ်ပွါးခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၁၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးမြို့တွင် ရပ်ကွက်အာဏာပိုင်များကို လုပ်ကြံသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် စစ်ကောင်စီက အမျိုးသား ၆ ဦးကို ဖမ်းဆီး၊ မြို့ပြအုပ်ချုပ်ရေး ယန္တရားအောက်တွင် စစ်တပ်လက်ပါးစေများ အရင်ထက် ပိုမိုများပြားလာ

မန္တလေးမြို့က စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးဝန်ထမ်းတွေ သတ်ဖြတ်ခံရမှုနဲ့ ဖောက်ခွဲတိုက်ခိုက်မှုတွေကို MDY PDF ကလုပ်ဆောင်ခဲ့ကြောင်းနဲ့ လုပ်ဆောင်ခဲ့သူ ၆ ယောက်ကို ဖမ်းဆီးရမိထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။