၁၁၁၁ စစ်ဆင်ရေး (၁) နှစ်ပြည့်ခဲ့တဲ့ ဒီနေ့မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် ၂ က  နွေဦးတော်လှန်ရေးအတွင်း အသက်ပေးလှူသွားတဲ့ တော်လှန်ရဲဘော်တွေကို လွမ်းဆွတ်တသတဲ့အနေနဲ့ နှစ်ပတ်လည်အခမ်းအနား ပုံရိပ်တွေကို အဆိုပါတပ်ရင်းက ထုတ်ပြန်ဖော်ပြထားပါတယ်။

“အရာရာကို ပေးခဲ့တဲ့ သူရဲကောင်းတို့၏ ရဲရင့်သော ဝိညာဉ်တွေအတွက် ဂုဏ်ပြုခြင်း” မင်းတို့ရဲ့ အနစ်နာခံမှုက မတရားမှုကိုပြောင်းလဲဖို့ အုတ်မြစ်ချခဲ့တယ်။ မင်းတို့ရဲ့ ရဲရင့်မှုက တရားမျှတမှု၊ အမှန်တရားတို့နဲ့ တည်ဆောက်မယ့် ကမ္ဘာကြီးရဲ့ အိပ်မက်တွေကို ဖော်ဆောင်လမ်းပြခဲ့တယ်။ မင်းတို့ဟာ အမှောင်ထဲမှာ လင်းလက်နေတဲ့ အလင်းဖြစ်ပြီး ငါတို့ကို အခက်အခဲတွေကြားက လမ်းပြပေးခဲ့တယ်။ မင်းတို့ရဲ့ရဲစွမ်းသတ္တိက ငါတို့ကို စစ်မှန်တဲ့တရားမျှတမှုရှိတဲ့ ကမ္ဘာတစ်ခုဆီကို ခေါ်ဆောင်သွားမယ်ဆိုတာ ယုံကြည်တယ်။” လို့ KNDF တပ်ရင်း ၂ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရခိုင်ဘက်ပို့ဆောင်ခံရချိန် ထွက်ပြေးအလင်းဝင်လာသည့် စစ်သက်တမ်း နှစ် ၂၀ ရှိ တပ်ကြပ် ၁ ဦးကို မုံရွာပကဖ စစ်ဆေးနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဆက်သွယ်ရေး ၆ တပ်ကနေ ရခိုင် စစ်မျက်နှာကို ပို့ဆောင်ခံရတဲ့ စစ်ကော်မရှင် တပ်ကြပ် ၁ ယောက် ထွက်ပြေးအလင်းဝင်ရောက်လာကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တောင်ကလေး ဂေါက်ကွင်းမှာ လုပ်ပိုင်ခွင့်အငြင်းပွါးရင်း လက်သီးနဲ့ ထိုးခံခဲ့ရတဲ့ ဒုတိုင်းမှူး နယ်ပြောင်းရွှေ့ခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် တောင်ကလေး ဂေါက်ကွင်းမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဂေါက်ရိုက်ရင်း အငြင်းပွါး စကားများရာက လက်သီးနဲ့ထိုးခံခဲ့ရတဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်ကို နယ်ပြောင်းရွှေ့လိုက်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။
Read More

ကန့်ဘလူမြို့နယ်အတွင်း စစ်အုပ်စုစစ်ကြောင်း ရွာ ၆ ရွာမှ နေအိမ် ၄၃၀ ကျော်ကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၉ ဦးကို မီးရှို့သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်တပ်နဲ့ ပျူစောထီးတွေပေါင်းပြီး စစ်ကြောင်းထိုးနေရာ ကျေးရွာ ၆ ရွာက နေအိမ် ၄၃၀ ကျော် ဖျက်ဆီးခံခဲ့ရပြီး ပြည်သူ ၉ ယောက်ကိုလည်း မီးရှို့သတ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စျေးသည်တွေကို ဖိနှိပ်ဆက်ဆံတဲ့ တာမွေစည်ပင်ရုံး လက်ပစ်ဗုံးနဲ့ပစ်ခံရ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်က စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးပစ် တိုက်ခိုက်ခံရပြီး Non CDM ဝန်ထမ်းတွေ ထိခိုက်သွားကြောင်း သိရပါတယ်​။
Read More

ရွှေကျင်မှာ စစ်ကောင်စီတပ် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူ (၁) ဦးဒဏ်ရာရပြီး နေအိမ် (၃) လုံးနှင့် စာသင်ကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူ (၁) ယောက် ဒဏ်ရာရပြီး နေအိမ် (၃) လုံးနဲ့ စာသင်ကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။
Read More

ဇွဲကပင်တောင် တောမီးလောင်ကျွမ်းမှု ဟိုတယ်ဇုန်နှင့် နီးကပ်လာ 

ကရင်ပြည်နယ်၊ ဘားအံမြို့က ဇွဲကပင်တောင်မှာ တောမီးလောင်ကျွမ်းမှု များပြားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။