မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့ အနောက်ဘက်က ရွာတွေကို စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၁၀ ရက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းနှစ်ကြောင်းက တောင်သာမြို့ရှိ စွပ်ကျယ်စက်ရုံမှာဆုံချိန် ၄၀ မမ ၂လုံးနဲ့ ၆၀ မမ ၁လုံးကို ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူးလို့ မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်းက ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်း နဲ့အတူ ညီနောင်မဟာမိတ်တပ်တွေက ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံသားများ၏ ဘဝလုံခြုံအေးချမ်းမှု အပြည့်အဝ ပေးစွမ်းနိုင်သည်အထိ အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ကတိပြု

နိုင်ငံသားတွေရဲ့ ဘဝလုံခြုံအေးချမ်းမှုကို အပြည့်အဝ ပေးစွမ်းနိုင်တဲ့အထိ ဆက်လက်ပြီး အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကတိပြု ပြောဆိုလိုက်ပါတယ်။
Read More

ကလေးဝမြို့နယ်၊ အောင်ချမ်းသာစခန်းနှင့် မစိန်စခန်းတို့မှ စစ်သား (၁) ဦးနှင့် ပြည်သူ့စစ် (၁) ဦး လက်နက်အပြည့်အစုံနှင့် အလင်းဝင်ရောက်လာ

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ စစ်ကောင်စီလက်အောက်ခံ အောင်ချမ်းသာစခန်းနဲ့ မစိန်စခန်းတို့က စစ်သား (၁) ယောက်နဲ့ ပြည်သူ့စစ် (၁) ယောက် လက်နက်အပြည့်အစုံနဲ့ အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကလေးခရိုင် အမှတ် (၉) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမြို့အတွင်းက ငလျင်ဘေးသင့် ပြည်သူတွေကို NUG ကယ်ဆယ်ရေးဆောင်ရွက်

ယမန်နေ့က လှုပ်ခတ်သွားတဲ့ ပြင်းအားမြင့် ငလျင်ဘေးဒဏ်သင့်ခဲ့တဲ့ စစ်ကိုင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပအဖ၊ ပကဖ၊ ပလဖ တို့ ပူးပေါင်းကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပြီလို့ သိရပါတယ်။
Read More

ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်တပ် ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ကျေးရွာတွေကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေတယ်လို့ Beyond The Chindwin Organization-BCO အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ယာဉ်တန်းအတွက် လုံခြုံရေးယူပေးသည့် စစ်သားများကို တိုက်ခိုက်၊ ၄ ဦး သေပြီး ၁ ဦး ထွက်ပြေးသွား

စစ်ကောင်စီလက်အောက်ခံ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို သွားရောက်တိုက်ခိုက်ရာ နေရာတင် စစ်သား ၄ယောက်သေဆုံးပြီး ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု S.S.L.R.U က ရှေ့တန်းထွက်ဖို့ ပြင်ဆင်နေတဲ့ ရဲဘော်များ (ဓာတ်ပုံသတင်း)

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု S.S.L.R.U က ရဲဘော်တွေဟာ လေ့ကျင့်မှုအသစ်တွေနဲ့ စစ်ရေးပြင်ဆင်မှုအသစ်တွေ လုပ်ဆောင်ပြီးတဲ့နောက် ရှမ်းတောင်စစ်ဒေသဆီ ရှေ့တန်းထွက်ဖို့ ပြင်ဆင်နေတဲ့ ပုံရိပ်တွေကို အဆိုပါတော်လှန်ရေးတပ်ပေါင်းစု (SSLRU) က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။