ပဲခူးတိုင်း၊ သံတောင်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ ၂ ကော်မာဒိုစစ်ကြောင်းတို့ ၃ ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Thawthikho အဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၃ ရက် နေ့လည်ပိုင်းက သံတောင်ကြီး ၁၃ မိုင် ပျားစခန်းကျေးရွာဆီ လမ်းကင်းယူဖို့ ဆင်းလာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ယောက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ညနေပိုင်းမှာလည်း တောင်ငူကနေ သံတောင်ကြီး ဘုရင့်နောင်တပ်ကို တပ်ရင်းမှူးသင်တန်း တက်ဖို့လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၁၂ စီးကို  ၆ မိုင်မှာ တော်လှန်ရေးတပ်တွေဖြစ်တဲ့ တပ်မဟာ ၂ ကော်မာဒိုစစ်ကြောင်းက ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၅ ရက်မှာလည်း ဘုရင့်နောင်တပ်ကနေ သင်တန်းဆင်းပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတွေကို ၆ မိုင်ဝန်းကျင်မှာ တပ်မဟာ ၂ ကော်မာဒိုစစ်ကြောင်းက ထပ်မံဆီးကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။  အဲဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာတွင် အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးတွေကြဲချ တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၇ ယောက် သေဆုံးခဲ့တယ်လို့ Wetlet Informational Network က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

အနာဂတ်လူငယ်များ ထပ်ပြီး မဆုံးရှုံးရစေရန် အနုပညာရှင် ခါရာ ဗုံးခိုကျင်းကမ်ပိန်းပြုလုပ် (ရုပ်/သံ)

"စကစက ကျွန်တော်တို့ ဆေးရုံတွေ ကျောင်းဆောင်တွေကို အဓိကတိုက်ခိုက်ပါတယ်။ အဲတော့ ဆေးရုံတွေ ကျောင်းဆောင်တွေမှာ ကျွန်တော်တို့ ဗုံးခိုကျင်းတွေလုပ်ဖို့ လိုအပ်ပါတယ်။ဗုံးခိုကျင်းမရှိရင် လုံးဝမလွယ်ပါဘူး" လို့ ခါရာက ဆိုပါတယ်။
Read More

ဗမာ့တပ်တော် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပပြုလုပ် (ရုပ်/သံ)

ဇန်နဝါရီ ၁ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ဗမာ့တပ်တော် (B.A) ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနား မှတ်တမ်းရုပ်သံကို ဗမာ့တပ်တော် - Bamar Army က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကင်မ် ကီလို ၈၀ ပြေးသည့် Challenge တွင် ယူကေရောက်မြန်မာများ ပါဝင်အားဖြည့် (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့ အထိမ်းအမှတ် Challenge အနေနဲ့ သားဖြစ်သူ ကင်မ်က ကီလို ၈၀ ပြည့်အောင် ပြေးနေပါတယ်။
Read More

ချောင်းဦး-မြင်းမူ လမ်းပိုင်းမှာ စစ်တပ်ယာဉ်တန်းကို လုံခြုံရေးယူထားတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်မှု ၃ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်တဲ့ စစ်ဆင်ရေးမှာ ၃ ယောက်သေခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပုလဲမြို့နယ်ထဲ လေယာဉ်နဲ့လာပို့တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေရဲ့ ဒရုန်းစစ်ဆင်ရေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ဦးဆောင်တဲ့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲအပြီး စစ်ကောင်စီက လေကြောင်းကနေ အင်အားဖြည့်တင်းမှုတွေ လုပ်နေပါတယ်။