ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ထဲက  စစ်ကောင်စီ အခြေစိုက်ရာ နေရာနှစ်ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့ကြောင်း KNLA Nighthawks အဖွဲ့က ဒီနေ့ နိုဝင်ဘာ ၁၀ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက် မနက်ပိုင်းမှာ ဆိပ်စစ်ကောင်စီစခန်းကိုလည်းကောင်း၊ နိုဝင်ဘာလ ၁ ရက် ညနေပိုင်းမှာ ‌ကျောက်တန်းကျေးရွာ ဘုန်းကြီးကျောင်းအနီးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းကောင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုအခြေအနေကို  စုံစမ်းအတည်ပြုနေဆဲဖြစ်တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ KNLA Nighthawks)

တိုက်ခိုက်မှုကို KNLA ပူးပေါင်းတပ်ဖွဲ့နဲ့အတူ KNLA Nighthawks အဖွဲ့က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KNLA Nighthawks အဖွဲ့ဟာ ရွှေကျင်ဒေသထဲမှာ စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းစစ်ဆင်ရေးတွေ ဖော်ဆောင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ခမရ (၅၅၇)တပ်ရင်းမှ တပ်သား(၁)ဦး တနင်္သာရီမြို့နယ် ပကဖထံ လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် ခမရ (၅၅၇)တပ်ရင်းက စစ်သား(၁) ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူမှာ မိုင်းခွဲခံရတဲ့ အုပ်ချုပ်ရေးမှူးအိမ်ရှေ့ ထွက်လာတဲ့ စစ်အုပ်စုတွေ ထပ်မံမိုင်းခွဲခံရ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအိမ်ရှေ့နဲ့ ရဲစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ၅ယောက်ခန့် ထိခိုက်ဒဏ်ရာပြင်းထန်နေကြောင်း မင်းဘူးခရိုင်တပ်ရင်း-၄ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မောင်တောတွင် ARSA အဖွဲ့က ခရီးသည်တင်ကားတစ်စီးကို ခြုံခိုတိုက်ခိုက်၊ အပြစ်မဲ့ အမျိုးသမီး ၂ ဦးကို သတ်ဖြတ်ပြီး ပစ္စည်းများ ယူဆောင်သွား

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းမှာ အကြမ်းဖက် ARSA အဖွဲ့က ခရီးသည်တင်ကားတစ်စီးကို ခြုံခိုတိုက်ခိုက်ပြီး အပြစ်မဲ့အမျိုးသမီး ၂ ယောက်ကို သတ်ဖြတ်ကာ ပစ္စည်းတွေ လုယက်ယူဆောင်သွားတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲဲအတွင်း Myingyan Black Tiger တပ်ဖွဲ့ဝင် ၇ ဦး ကျဆုံး၊ အယောက် ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း Myingyan Black Tiger (MBT)တပ်ဖွဲ့က တပ်ဖွဲ့ဝင် ၇ယောက် ကျဆုံးကာ ခြေလက်င်္အဂါဆုံးရှုံးခဲ့သူတွေအပါအဝင် ရဲဘော်အယောက် ၃၀ ကျော်အထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ထုတ်ပြန်၊ ဟန်ပြရွေးကောက်ပွဲတွင် ပူးပေါင်းသူများကို စစ်ရာဇဝတ်မှု ကိုယ်တိုင်ကျူးလွန်သူများအဖြစ် ပြည်သူများ သတ်မှတ်မည်ဟု သတိပေး

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်ကို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မလိုအပ်ဘဲ မသွားလာဖို့ PDF သတိပေး

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ  အချိန်မရွေးတိုက်ပွဲတွေ ဖော်ဆောင်တော့မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ အထူးသတိပြုသွားလာနေထိုင်ပေးဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးပြောဆိုနေပါတယ်။