မုံရွာမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ ယာဥ်တန်းကို တော်လှန်ရေးအင်အားစုတွေက ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း မုံရွာခရိုင် အမှတ်(၁၁) တပ်ရင်းက အသိပေးထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၈ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်း (၃)လုံးတွဲ ၂ ပွိုင့်နဲ့ မိမိရရဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ ဒီနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မုံရွာခရိုင် အမှတ်(၁၁) တပ်ရင်း၏ ထုတ်ပြန်ကြေညာချက်

စစ်ကောင်စီရဲ့ တွဲကား (၄၇) စီးနဲ့ Jammer ကား (၅) စီးထဲက (၅) စီးမြောက်နဲ့ (၆) စီးမြောက် လိုက်ပါလာတဲ့ တွဲကား (၂) စီးကို ချောင်းဦးမြို့နယ်၊ နတ်ရေကန်နဲ့ ရေပိုးစားကြား အရောက်မှာ ပဒေသာမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

ဖောက်ခွဲတိုက်ခိုက်မှုကြောင့် တွဲကား(၂)စီးလုံး မိုင်းစထိမှန် ရပ်တန့် သွားခဲ့ပြီး အနီးမှာ ကင်းဝပ်နေတဲ့စစ်ကောင်စီ ကင်းပုန်းတွေနဲ့ ကားပေါ်ပါ စစ်သားတွေက လက်နက်ကြီး လက်နက်ငယ်တချို့နဲ့ ပြန်လည်ပြီး ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာ People’s Defence Force – South Monywa နဲ့အတူ နွေဦးလူငယ် People’s Defence Force၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Pentagram၊ Venom Revolution Force၊ Myinmu Local Defence Force၊ Shining Star Local Defense Force၊ မြန်မာအစ္စလာမ် အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ ပါဝင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဟန်ပြအပစ်ရပ်သက်တမ်း (၁) လ တိုးထားသည့် စစ်ကောင်စီတပ် နောင်ချိုမြို့နယ်တွင် လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးဖြင့် ဆက်လက်တိုက်ခိုက်နေ

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ မေလ ၆ ရက်ကနေ ၃၁ ရက်အထိ အပစ်ရပ် သက်တမ်း (၁)လ ထပ်တိုးထားပေမယ့် တအာင်းတပ်မတော် TNLA ထိန်းချုပ်နယ်မြေတွေမှာ မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းနဲ့ လေကြောင်း အသုံးပြုတိုက်ခိုက်ခြင်းတွေ နေ့စဥ် ပြုလုပ်နေတယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG ကို လိုအပ်ရင်လိုအပ်သလို ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်လို့ ဝန်ကြီးချုပ်က အသိပေး

NUG အစိုးရကို ပြည်သူတွေ ယုံကြည်အားကိုးရတဲ့ အစိုးရ အဆင့်ထိရောက်ဖို့ ကြိုးစားရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။
Read More

သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ၏ အမတ ၃၁၀ တပ်ရင်းကို မစ်ဇိုင်းဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ သေဆုံးမှုများ ရှိနိုင်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ထဲကို မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

သဲကုန်းမြို့နယ်၊ ပန်းပင်ကုန်းရွာမှ နေအိမ်များကို မီးရှို့ပြီးပြန်လာသည့် စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်၊ ၂ ဦးသေပြီး ၂ ဦးဒဏ်ရာရ…

ပဲခူးတိုင်း၊ သဲကုန်းမြို့ ၊ ပန်းပင်ကုန်းကျေးရွာ ၊ အောင်စည်သာကွက်သစ်က နေအိမ်တွေကို မီးရှို့ပြီးပြန်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းဆွဲခံရတာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow ဆီက သိရပါတယ် ။
Read More

ပါတီမဲဆွယ်ဆိုင်းဘုတ်များ ဖျက်ဆီးသည်ဆိုကာ စစ်တပ်က လူငယ် ၄ဦးကို စစ်ကော်မရှင်က အရေးယူဖမ်းဆီး

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပါတီတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်တိုင်း၊ သဃ်န်းကျွန်းမြို့နယ်ထဲက လူငယ်၄ယောက်ကို ဖမ်းဆီးအရေးယူထားတယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။ နိုဝင်ဘာလ ၁၄ ရက်၊ မနေ့မနက်ပိုင်းမှာ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းနဲ့ ဦးဘဟန်လမ်းထောင့်က ကြံ့ဖွံ့ပါတီ ဆိုင်းဘုတ် ၁ ခု အပါအဝင် လေးထောင့်ကန်လမ်းနဲ့ ဗမ္ဗူဒိပ်လမ်းထောင့်ရှိ ပြည်သူ့ပါတီ ဆိုင်းဘုတ် ၁ ခု၊ ဇဝနလမ်းဆုံရှိ ပြည်သူ့ပါတီ ဆိုင်းဘုတ် ၁ ခုနဲ့ PPP ပါတီ ဆိုင်းဘုတ် ၁ ခု တို့ကို လူငယ်တွေကဖျက်ဆီးခဲ့တယ်လို့ စစ်အုပ်စုက စွပ်စွဲထားတာပါ။
Read More

Unity Generation Z PDF တပ်ဖွဲ့က စစ်ရှောင်ထောက်ပံ့ကူညီရေးလုပ်ငန်းစဥ်တွေ ပြုလုပ်နေ (ဓာတ်ပုံသတင်း)

ကရင်နီပြည်အခြေစိုက် Unity Generation Z ( UGZ ) PDF တပ်ဖွဲ့က ရဲဘော်တွေဟာ ပြည်သူ့လုံခြုံရေးကဏ္ဍအနေနဲ့ စစ်ရှောင်ထောက်ပံ့ကူညီရေးလုပ်ငန်းစဥ်တွေ ပြုလုပ်နေတယ်လို့ အဆိုပါတပ်ဖွဲ့က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။