ရွှေဘိုမြို့နယ်၊ ပလိုင်းရွာကို  ရိက္ခာပို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ကြောင်း သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ လမ်းခရီးမှာ ပြည်သူငါးယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းဖြစ်ပြီး PDF ပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည်တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

ပြီးခဲ့တဲ့  အောက်တိုဘာလ ၂၉ ရက်နေ့က ရွှေဘိုမြို့နယ်၊ ကျွန်းတောရွာဘက်က တက်လာတဲ့ ရိက္ခာပို့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို အိုးဘိုရွာထိပ်နဲ့ မင်းကုန်းရွာ တံတားဝန်းကျင်မှာ ရွှေဘိုမြို့နယ်၊ တိုက်နယ် ၅ ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ ငါးမည်ရ ပကဖ တိုက်ခိုက်ရေးအဖွဲ့တို့က တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့ကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပေါက်မြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်း အများအပြား သေဆုံးခဲ့သည့် တိုက်ပွဲအတွင်း SOS ရဲဘော်များ ပါဝင်တိုက်ခိုက်ခဲ့ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ရာမှာ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအောက်ရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ (SOS) ရဲဘော်တွေက ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ရဲဘော်တွေရဲ့ အသက်အန္တရာယ်လုံခြုံဖို့ “အမေ့အိမ်သို့ အပြန်လမ်း” မှာ ပါဝင်ကူညီအားဖြည့်နိုင် (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ဆင်ရေးကို အပြီးသတ် တွန်းလှန်ချေမှုန်းနိုင်ဖို့ မဟာမိတ်ရဲဘော်တွေနဲ့အတူ တိုက်ပွဲဝင်နေတဲ့ Justice Soldier PDF ရဲဘော်တွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်ဖို့ ပရောဂျက်တစ်ခုပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ ထောက်ပို့စစ်ယာဉ်တန်းအား တပ်ပျက်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့ Zero ပြောက်ကျားတပ်ဖွဲ့ရဲဘော်တွေကို ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

မန္တလေးတုင်း မြင်းခြံခရိုင် ငါးဇွန်နဲ့ မြို့သာအကြား စစ်ကောင်စီရဲ့ ထောက်ပို့စစ်ယာဉ်တန်းအား တပ်ပျက်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့ Zero ပြောက်ကျားတပ်ဖွဲ့ရဲဘော်တွေကို ပြည်သူတွေက ကြိုဆို ဂုဏ်ပြုခဲ့ကြတယ်လို့ မြင်းခြံခရိုင်တပ်ရင်း (၇)ထံမှ သိရပါတယ်။
Read More

ငါန်းမြာကြီးရဲကင်းစခန်းသို့လာသည့် စစ်ကား ၄ စီးကို ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၇ ဦးသေပြီး ဗိုလ်အပါအဝင် ၂ ဦး ဖမ်းဆီးရမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရဲကင်းစခန်းသို့ တပ်ချိန်းဖို့နဲ့ လက်နက်ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ် ယာဉ် ၄ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၇ ယောက်သေပြီး ဗိုလ် ၁ ယောက်အပါအဝင် ၂ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ TGYR - Youth Guerrilla Counter Revolution -NZ အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဘေးသင့်ပြည်သူများအတွက် ရှေ့တန်းစစ်မျက်နှာပြင်ရောက် PDF ရဲဘော်များ ဆုတောင်းပွဲပြုလုပ် (ရုပ်/သံ)

တောင်ပိုင်း​စစ်ဒေသ​၊ စစ်​ဆင်ရေးနယ်မြေ (၁)၊ အမှတ်(၂၇) စစ်ဗျူဟာ ကွပ်ကဲမှုအောက်ရှိ‌ ဖာပွန်ရှေ့တန်းစစ်မျက်နှာပြင်မှာ ရောက်ရှိနေတဲ့ PDF ရဲဘော်တွေက ငလျင်သေးသင့်ပြည်သူတွေအတွက် ဆုတောင်းပွဲပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။