တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (GMS) အစည်းအဝေးပွဲတွေကနေ ပြန်လာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အနုပညာရှင်တချို့က ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

အခုလိုကြိုဆိုမှုဟာ ဒုစစ်ခေါင်းဆောင်စိုးဝင်းက မကြိုမနေရ အမိန့်ထုတ်ထားတာကြောင့် စစ်ကောင်စီ၊ ရဲ၊ ဌာနဆိုင်ရာဝန်ထမ်း၊ စစ်တပ်ထောက်ခံသူနဲ့ အနုပညာရှင်တွေပါ မကျန် လာရောက်ကြိုဆိုရတာဖြစ်တယ်လို့လည်း လူမှုကွန်ရက်ပေါ်မှာ သတင်းတွေ ပျံ့နှံ့နေပါတယ်။

(ဓာတ်ပုံ NP News)
(ဓာတ်ပုံ NP News)

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နိုင်ငံကို နိုဝင်ဘာလ ၆ရက်နေ့မှာ ထွက်ခွာသွားခဲ့တာဖြစ်ပြီး ဒီကနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။

မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်ထွက်ခွာတဲ့နေ့မှာပဲ နေပြည်တော် အေလာလေဆိပ်မှာ ဗုံးပေါက်ကွဲမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

(ဓာတ်ပုံ NP News)
(ဓာတ်ပုံ NP News)
(ဓာတ်ပုံ NP News)
(ဓာတ်ပုံ NP News)

စစ်ခေါင်းဆောင်ကို ကြိုဆိုတဲ့ပွဲမှာတော့  ဒါရိုက်တာ ဇင်ယော်မောင်မောင်၊ ရန်အောင်၊ ခန့်စည်သူ၊ စိုးမြတ်သူဇာ၊ မေသန်းနု၊ မေသဥ္ဇာဦး၊ ဂျင်းနီ၊ ယုန်လေး၊ ဒိန်းဒေါင် စတဲ့ အနုပညာရှင်တွေကို တွေ့ရပါတယ်။

လက်ရှိ မြန်မာပြည်တွင်းက အနုပညာရှင်တချို့ဟာ သူတို့ကိုယ်သူတို့ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ အဖြူရောင်အနုပညာရှင်တွေအဖြစ် နာမည်ခံယူပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ အခမ်းအနားတွေမှာ တက်တက်ကြွကြွ ပါဝင်နေကြတာပဲ ဖြစ်ပါတယ်။

(ဓာတ်ပုံ NP News)
(ဓာတ်ပုံ NP News)5782652761489
0 Shares:
You May Also Like
Read More

ဘားအံ တောင်ကလေးအကျဉ်းထောင်တွင် နိုင်ကျဉ်း (၂) ဦး သတ်ဖြတ်ရန် ကြံစည်ခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးမြို့နယ် အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုကျော်ကျော်မြင်နဲ့ ကိုမင်းသူစိုးတို့ကို တခြား ရာဇဝတ်အကျဉ်းသားအုပ်စုက သတ်ဖြတ်ဖို့ ကြံစည်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
Read More

ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်၊ IEC ဒုဥက္ကဌ ခွန်းဘီတူး တို့ တက်ရောက်ခဲ့သည့် BPLA အမှတ်စဉ်(၉) သင်တန်းဆင်းပွဲ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၉) သင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တနေရာမှာ ၂၀၂၅ခုနှစ်၊ ဇွန်လ(၇)ရက်နေ့ က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သေနတ်နဲ့ပစ်ခံရတဲ့ မန္တလေးက ယာဉ်ထိန်းဒုရဲအုပ် ရဲမေ အဆုတ်ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ပဲ ဆေးရုံမှာ သေ

မန္တလေးမှာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဒုရဲအုပ် ယာဥ်ထိန်းရဲမေ ဖူးပွင့်ဇော်မှာ မနေ့ည (အောက်တိုဘာ ၁၄) ကပဲ အဆုတ်ကျည်ဖောက်ဝင် ဒဏ်ရာနဲ့ သေဆုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ငလျင်ကြောင့် သေဆုံးသူ ၂၃၉၅ ဦးအထိ ရှိလာပြီး ငလျင်ဒဏ် ကြုံခဲ့ရသူ ၈ သန်းခွဲကျော်ရှိဟု NUG ထုတ်ပြန်

စစ်ကိုင်းမြို့နယ်ကို အခြေပြုကာ မတ်လ (၂၈)ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဒီနေ့အချိန်ထိ သေဆုံးသူ (၂၃၉၅) ယောက်ရှိပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဧပြီ ၁ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုကုမ္ပဏီတွေကို ကြီးကြပ်ဖို့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဦးဆောင်မည်

အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းမယ့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီမှာ စစ်ကောင်စီရဲ့  ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ကျိုက်ဒုံမြို့ မီးသတ်ရုံကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ အမျိုးသမီးတစ်ဦး ဗုံးစထိမှန် သေဆုံး

ကရင်ပြည်နယ် ကျိုက်ဒုံမြို့ကို အကြမ်းဖက်စစ်တပ်က ဒီနေ့ ဇန်နဝါရီ ၂၂ ရက် မနက်အစောပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။