စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကြောင်းထိုးမီးလိုက်ရှို့နေတဲ့ အကြမ်းဖက်စစ်အုပ်စုက ဇီးကုန်းတိုက်နယ်ထဲက ကျေးရွာ ၃ရွာကို ထပ်မံ မီးရှို့ခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာလကုန်ပိုင်းကစလို့ ကန့်ဘလူအခြေစိုက် တင့်ကားတပ်ရင်း (တကရ -၆၀၀၆) တပ်အပါအဝင် ၊ ကာဘိုးတိုက်နယ်အထိုင်တပ်နဲ့ ဇီးကုန်း အမှတ် ၁ သကြားစက်ထဲ တပ်စွဲထားတဲ့ သင်္ကန်းဝတ် ဝါသဝနောက်လိုက် စစ်အုပ်စုတွေက ကန့်ဘလူမြို့နယ်ထဲကို စစ်ကြောင်းအမျိုးမျိုးဝင်ရောက်ရင်း အရပ်သား ရာနဲ့ချီ ဖမ်းဆီးကာ ကျေးရွာတွေကိုလည်းမီးရှို့ဖျက်ဆီးနေတာ ဖြစ်ပါတယ်။

မနေ့က နိုဝင်ဘာ ၉ ရက် မနက်ပိုင်းမှာလည်း ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်ထဲက ကျောင်းကုန်း၊ ဖိုလ်ကုန်းနဲ့ သပြေသာရွာတွေကို ဇီးကုန်း၊ အမှတ် ၁ သကြားစက်ထဲက ထွက်လာတဲ့  အင်အား ၁၂၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းက မီးဝင်ရှို့ခဲ့တယ်လို့လည်း သိရပါတယ်။

ဇီးကုန်းတိုက်နယ်အတွင်းက ကျေးရွာတစ်ခု မီးရှို့ခံနေရစဥ် (ဓာတ်ပုံ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

အောက်တိုဘာ ၃၀ရက်နေ့ကစလို့ လက်ရှိအချိန်အထိ ကျီစု၊ ကျောက်တိုင် ၊ ဝက်တိုး(တ) ၊ လက်ဆည်(ရပ်ကွက်) နဲ့ ဘအင်းသရက်တော ကျေးရွာတွေက နေအိမ် အလုံး၅၀၀ ကျော် ၆၀၀နီးပါးဟာ စစ်ကြောင်းဝင်  မီးရှို့ခံထားရပါတယ်။

စစ်ကြောင်းကြောင့် အိုင်ပေါင်းချောင်၊  ဝက်တိုး၊ ကျည်ကုန်း၊ ဘူးကြီး၊ ဘအင်းသရက်တော ကျေးရွာတွေက အပြစ်မဲ့ အရပ်သား ရာနဲ့ချီလည်း အကြောင်းမဲ့ ဖမ်းဆီးခံထားရပြီး ဒီကနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးသလို ပြည်သူ့စစ်ဖွဲ့ခံရမယ့် အန္တရာယ်နဲ့ပါ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ကျောင်းကုန်း၊ ဖိုလ်ကုန်းနဲ့ သပြေသာရွာတွေက မီးလောင်ပျက်စီးဆုံးရှုံးမှု အခြေအနေတွေနဲ့ ပက်သက်ပြီး လက်တလော အတည်မပြုနိုင်သေးကြောင်းနဲ့ စစ်ကြောင်းမှာ ကျွန်းလှမြို့နယ်ထဲ ရောက်ရှိနေကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ က အသိပေးထားပါသေးတယ်။

ကန့်ဘလူမြို့နည်းတူ စစ်ကိုင်းတိုင်းအတွင်းက ဘုတလင်မြို့နယ်မှာလည်း နမခ အခြေစိုက် စစ်အုပ်စုတွေရဲ့စစ်ကြောင်းကြောင့် အရပ်သားတွေ စစ်ဘေးဒဏ်သင့်နေကြရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်အုပ်စုကို အပြီးသတ် အနိုင်ယူရေး PDF တပ်မှူးကြီးများ အစည်းအဝေး ပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်မှူးကြီးများအစည်းအဝေး (၁/၂၀၂၅) ကို အောင်မြင်စွာ ၃ရက်တာ ပြုလုပ်ခဲ့တယ်လို့ NUG ကာကွယ်‌ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့တွေ ဈေးလာဝယ်တယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ပုသိမ်မြို့မဈေးကို ဝင်ရောက်စစ်ဆေးကာ ဈေးရောင်းချိန် ကန့်သတ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ မြို့မဈေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဈေးလာဝယ်တယ်ဆိုပြီး စစ်ကောင်စီတပ်က ဈေးကို ရှောင်တခင် ဝင်ရောက်စစ်ဆေးကာ ဈေးခေါင်းကိုခေါ်ပြီး ညနေ ၅ နာရီ ဈေးပိတ်ရမယ်လို့ အချိန်ကန့်သတ်လိုက်ကြောင်း သိရပါတယ်။
Read More

စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစု-SFT ၏ စစ်သင်တန်းတက်ရောက်မှုနှင့် သင်တန်းဆင်းပွဲ မှတ်တမ်းဓာတ်ပုံများ

စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစု - SFT အနေနဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် (၂) ခု ပေးထားခဲ့ရာ တက်ရောက်ခဲ့တဲ့ သင်တန်းသားတွေရဲ့ သင်တန်း(၃)လတာ ကာလအတွင်း အခြေခံစစ်ပညာတွေ လေ့လာဆည်းပူးခဲ့တဲ့ သင်တန်းကာလ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နမ်းခမ်းကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၆ ဦး သေဆုံးကာ ၂၂ ဦး ဒဏ်ရာရခဲ့ကြောင်း NUG ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်မှာ အရပ်သားပြည်သူ (၂၆) ယောက် သေဆုံးပြီး (၂၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သရက်ခရိုင်အမှတ် (၄) တပ်ရင်းက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၇) သင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁)စစ်ဒေသ ၊ မကွေးတိုင်းအခြေစိုက် သရက်ခရိုင်အမှတ် (၄) တပ်ရင်းက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၇) သင်တန်းဆင်း အခမ်းအနားကို နိုဝင်ဘာလ (၂၄) ရက်က လွတ်မြောက်နယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘိလပ်မြေစျေးတင်ရောင်းတဲ့ ဆိုင် ၆၀ ကို စစ်ကောင်စီက အရေးယူ

ဈေးကွက်အတွင်းမှာ ဘိလပ်မြေဝယ်လိုအား မြင့်တက်နေချိန် ဈေးတင်ရောင်းတဲ့ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်(၆၀)ကျော်ကိုတည် ဆဲဥပဒေတွေနဲ့အညီ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။