စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ လုံခြုံရေးအားနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ညမထွက်ရ အမိန့်ကို ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကနီမြို့နယ် NUG ပညာရေးဘုတ်အဖွဲ့ တာဝန်ခံမိသားစု သတ်ဖြတ်ခံခဲ့ရတဲ့ ကနီမှာ လုံခြုံရေးအားနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ညမထွက်ရအမိန့်ကို ကနီ ပအဖက ထုတ်ပြန်လိုက်တာပါ။

ညမထွက်ရအမိန့်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မနေ့က နိုဝင်ဘာ ၉ရက်မှာ အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။

ကနီပကဖ၏ ထုတ်ပြန်ကြေညာချက်
ကနီပကဖ၏ ထုတ်ပြန်ကြေညာချက်

ကနီမြို့နဲ့ ကျေးရွာတွေမှာ ပြည်သူတွေအနေနဲ့ ည၁၀ နာရီကနေ မနက်၅နာရီ အတွင်း မိမိနေထိုင်ရာ နေအိမ်ကနေ အပြင်လုံးဝမထွက်ဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အရေးကြီးခရီးသွားလာခြင်းကလွဲလို့ ပြည်သူတွေအနေနဲ့ ကျန်းမာရေးကိစ္စတွေ အရေးပေါ်သွားလာရမယ်ဆိုရင် သက်ဆိုင်ရာ ပအဖ၊ ပကဖ၊ ပလဖတွေထံ အသိပေးအကြောင်းကြားဖို့လည်း ပြောထားပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ တပုန်းကျေးရွာမှာ နိုဝင်ဘာ ၄ရက် ညပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဦးဝင်းဌေးနဲ့ သူ့ရဲ့မိသားစု အသတ်ခံခဲ့ရပါတယ်။

ဦးဝင်းဌေးအပါအဝင် မိသားစု ၃ယောက်လုံးကို သူတို့ရဲ့ နေအိမ်အတွင်း ရက်ရက်စက်စက် ဝင်ရောက်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်သွားတယ်ဆိုတာကိုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

သာကေတနှင့် မြောက်ဥက္ကလာပတွင် စစ်အုပ်စု၏ ဌာနဆိုင်ရာနှင့် လုံခြုံရေးယူထားသည့်နေရာများ ဖောက်ခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ သာကေတနဲ့ မြောက်ဥက္ကလာပမြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဌာနဆိုင်ရာရုံးနဲ့ လုံခြုံရေးချထားရာနေရာတွေကို ဇွန် ၁၈ ရက် (မနေ့ညပိုင်း) မှာ ကိုယ်စီ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း လုပ်ဆောင်ခဲ့တဲ့ သက်ဆိုင်ရာမြို့ပြပြောက်ကျားအဖွဲ့ဝင်တွေက မောင်းကို ပြောပါတယ်။
Read More

တပ်မ (၂၂) မှ စစ်သား ၂ ဦး ကော်ဘရာစစ်ကြောင်းထံ လက်နက်နှင့် အလင်းဝင်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ၊ လေးကေ့ကော်ကို စစ်ကြောင်းထိုးနေတဲ့ တပ်မ ၂၂ က စစ်သား ၂ ယောက် ကော်ဘရာစစ်ကြောင်းထံ အလင်းဝင်လာခဲ့တယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ရောက်ခဲ့ရသူ အယောက် ၁၀၀၀ ကို ကမ်းရိုးတန်း ဘတ်တံဆိပ်တွေတပ်ပေးပြီး ရှေ့တန်းပို့

ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ မတရားစစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ရောက်ခဲ့ရတဲ့ တပ်သားသစ် အယောက် ၁၀၀၀ ကို ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) က ကမ်းရိုးတန်း ဘတ်တံဆိပ်တွေ တပ်ပေးပြီး စစ်ဆင်ရေးနယ်မြေတွေဆီ ပို့လိုက်တယ်လို့ နတခ နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

စစ်အုပ်စုက ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံသူများအား အရေးယူမည်ဟု မုံရွာနယ်ခံကာကွယ်ရေးတပ်များ အသိပေး

မကြာမီကျင်းပပြုလုပ်မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ  မုံရွာနယ်က ဝင်ရောက်အရွေးခံမယ့် စစ်ကောင်စီထောက်တိုင်များကို အရေးယူသွားမယ်လို့ မုံရွာနယ်မြေခံကာကွယ်ရေးတပ်ဖွဲ့တွေက မောင်းကို ပြောပါတယ်။
Read More

ဂန့်ဂေါမြို့ပေါ်တွင် စစ်အုပ်စု လုံခြုံရေး တင်းကျပ်ထားသည့်ကြားက အတုအယောင်ရွေးကောက်ပွဲကို လက်မခံကြောင်း ရွေးကောက်ပွဲကန့်ကွက်စာရွက်များ ကပ်ပြီး အသံတိတ်ဆန္ဒပြ

မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်မှာ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲလက်မခံကြောင်း စာရွက်တွေကို မြို့ထဲက နေရာအချို့မှာ ကပ်ပြီး အသံတိတ်ဆန္ဒပြမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တအာင်းပြည်မှာ TNLA ဖော်ဆောင်မယ့် ပြည်သူ့အစိုးရတစ်ရပ်ကို ကြိုဆိုကြောင်း MDY- PDF သဝဏ်လွှာပေးပို့

တအာင်းဒေသမှာ TNLA ဦးစီးဖော်ဆောင်မယ့် ပြည်သူ့အစိုးရတစ်ရပ်ကို ထောက်ခံကြိုဆိုကြောင်း မန္တလေး PDF က ဒီနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။