TNLA က သူတို့ထိန်းချုပ်ထားတဲ့ မြို့ရွာတွေမှာ အကျင့်စာရိတ္တပြုပြင်ရေးကျောင်း ဖွင့်လှစ်ပြီး မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသူတွေကို ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ကာ ပြုပြင်ပေးနိုင်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က အသိပေးထုတ်ပြန်ပါတယ်။

TNLA ထိန်းချုပ်ဧရိယာတွေမှာ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေနဲ့ သုံးစွဲသူ စုစုပေါင်း ၃၂၀ ကို ဖမ်းဆီးပြီး အကျင့်စာရိတ္တပြုပြင်ရေးကျောင်းဖွင့်လှစ် ပြုပြင်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ The Ta’ang Post)
(ဓာတ်ပုံ The Ta’ang Post)

မူးယစ်ဆေးဝါးကိစ္စရပ်နဲ့  ဖမ်းဆီးရမိသူတွေကို အကျင့်စာရိတ္တပြုပြင်ရေးကျောင်းမှာ ၆ လတိတိ အကျင့်စာရိတ္တပြုပြင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

တဆက်တည်းမှာပဲ  မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

(ဓာတ်ပုံ The Ta’ang Post)

တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ ဒေသတွေမှာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အပြီး ဒေသန္တရအုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကို အကောင်အထည်ဖော်နေပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေကိုပါ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ The Ta’ang Post)
0 Shares:
You May Also Like
Read More

၃၁ ဦး သေဆုံးထားသည့် လက်ပံလှကျေးရွာကို စစ်ကောင်စီ ထပ်မံ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ရာ အရပ်သား အမျိုးသမီး ၃ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတုကို အားပေးကူညီ ဝင်ပြိုင်ကြသည့် NLD ပါတီဝင် အယောက် ၂၀ ကို ပါတီမှ ထုတ်ပယ်

အကြမ်းဖက်စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲအတုမှာ ပါဝင်ကူညီနေကြတဲ့ NLD ပါတီဝင် အယောက် ၂၀ ကို ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီဇင်ဘာ ၂၅ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်မယ့် ‘ကျည်ကာတပ်ဆင် ရွှေမန်းဝင်’ ကမ်ပိန်း

စစ်အာဏာရှင်ဖြုတ်ချရေး ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ မြေပြင်ရဲဘော်တွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ စစ်​ဒေသ၊ မန္တလေးခရိုင် အမှတ် (၄) တပ်ရင်းက ကမ်ပိန်းတစ်ခု ပြုလုပ်နေပါတယ်။
Read More

မြန်မာနဲ့တရုတ်ဟာ အင်တာနက်လွတ်လပ်ခွင့် အနိမ့်ဆုံးနိုင်ငံတွေလို့ အစီရင်ခံစာမှာပြော

မြန်မာနဲ့ တရုတ်နိုင်ငံတို့ဟာ ကမ္ဘာပေါ်မှာ အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံး နိုင်ငံတွေဖြစ်ကြောင်း လေ့လာမှုတစ်ခုက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
Read More

ကန့်ဘလူအချုပ်ခန်း လိင်အကြမ်းဖက်မှုဖြစ်စဉ်က နစ်နာသူတွေကို တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးမယ်လို့ NUG ကတိပြု

စစ်ကိုင်းတိုင်း ကန့်ဘလူ ပလဖ အချုပ်စခန်းက လိင်အကြမ်းဖက်မှု ဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ နစ်နာသူတွေ တရားမျှတမှုရှိစေဖို့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
Read More

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီရဲ့ တပ်မဟာ (၁) က ၆ လပတ်အစည်းအဝေးနဲ့ တပ်တွင်းစည်းလုံးရေး ဘောလုံးပြိုင်ပွဲ ပြုလုပ်

ချင်းပြည်နယ်အခြေစိုက် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ၊ တပ်မဟာ-၁ (ဆီနိုင်းတပ်ရင်း) က ၆ လပတ်အစည်းအဝေးနဲ့ တပ်တွင်းစည်းလုံးရေးအတွက် ဆီနိုင်းတိုက်နယ် ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ ၄ ရက်နဲ့ ၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။