ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့အတူ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံထားရတာကြောင့်  ရခိုင်ပြည်နယ်မှာ လူဦးရေ ၂ သန်းကျော် အငတ်ဘေးကြုံနိုင်ကြောင်း ကုလဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

လာမယ့် ၂၀၂၅ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ အရေးပေါ် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေအတွက် ကြိုတင်သတိပေးတဲ့ အစီရင်ခံစာကို UNDP က နိုဝင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

ရခိုင်မှာ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှု အပါအဝင် ပြည်တွင်းနဲ့နိုင်ငံတကာ ကုန်ပစ္စည်းဝင်ရောက်မှု ကန့်သတ်ခြင်း၊ ဝင်ငွေမရှိခြင်း၊ ငွေကြေးဖောင်းပွခြင်းတို့ကြောင့် ပိုမိုဆိုးရွားတဲ့ အခြေအနေတွေကို ၂၀၂၅ ခုနှစ်မှာ ကြုံတွေ့လာရနိုင်တယ်လို့ သတိပေးထားပါတယ်။

အာရက္ခတပ်တော်နဲ့  စစ်ကောင်စီတို့ရဲ့ တိုက်ပွဲတွေကြောင့် ရခိုင်မှာ ပြည်မကနေ ကုန်စည်လူသုံးကုန်တွေ ဝင်ရောက်မှု မရှိသလောက် နည်းပါးလာပြီး ငွေလွှဲလုပ်ငန်းနဲ့ ဘဏ်လုပ်ငန်းတွေလည်း ရပ်နားထားရတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ UNDP)

ကုန်စည်၊ စားသုံးဆီ၊ စက်သုံးဆီတွေလည်း အဆမတန် ဈေးမြင့်တက်နေပြီး ဆေးဝါးတွေလည်း အားလုံးနီးပါး ပြတ်တောက်နေတာကြောင့် ပြည်သူအများစု အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာပါ။

တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေလည်း မရောက်ရှိသလို စစ်ဘေးရှောင်ရတဲ့ ပြည်သူဟာ ၈သိန်းနီးပါးလောက်ရှိတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ စားနပ်ရိက္ခာ ဖူလုံစေဖို့ ၂၀၂၅ ခုနှစ်မှာ အနည်းဆုံး ဆန်တန်ချိန် ၃၇၂၀၀၀ လိုအပ်နေပြီး ကုန်ပစ္စည်း ဝင်ရောက်နိုင်ဖို့အတွက် လက်ရှိကန့်သတ်ချက်တွေအားလုံးကို ရုတ်သိမ်းပေးဖို့ UNDP က တောင်းဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ထီးချိုင့်က ဆုတ်ခွာလာတဲ့ အင်အား ၆၀ ပါ စစ်ကြောင်းကို PDF ကြားဖြတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ထီးချိုင်မြို့က ဆုတ်ခွာလာတဲ့ စစ်ကောင်စီရဲ့ အင်အား ၆၀ လောက်ပါတဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း ရရှိကာ စစ်ကောင်စီဘက်က သေဆုံးသူအမြောက်အမြားရှိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက အသိပေးထုတ်ပြန်ပါတယ်။
Read More

ပူတာအိုကို ထိုးစစ်ဆင် တိုက်ခိုက်တော့မယ်လို့ KPF အသိပေး

ပူတာအိုဒေသမှာ မကြာခင် ရာနှုန်းပြည့် ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်သွားမှာဖြစ်လို့ ပြည်သူတွေအားလုံး အထူးသတိပြုပြီး ကြိုတင်ကာကွယ် ပြင်ဆင်ကြဖို့  ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ် (KPF) က ဇန်နဝါရီ ၁၆ ရက် ညပိုင်းမှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ 
Read More

ဖားကန့်မှာ နွံကန်ပြိုကျလို့ လူနေအိမ် ၅၀ ကျော်နစ်မြုပ်ကာ လူသေဆုံးမှုများ ရှိနေ

ဖားကန့်က ဆိပ်မူမှာ နွံကန်ပြိုကျလို့ လူနေအိမ် ၅၀ ကျော်နစ်မြုပ်သွားပြီး လူသေဆုံးမှုများလည်းရှိကြောင်း ဒေသခံတွေထံက သိရပါတယ်။
Read More

PDF တပ်ဖွဲ့အတွင်း ဆက်သွယ်ဝင်ရောက်လာတဲ့ အသက်မပြည့်ကလေးငယ်တွေကို မိဘအုပ်ထိန်းသူများဆီ ပြန်လည်အပ်နှံ…

" အခုလို မိသားစုကို ပြန်ပြီးအပ်နှံပေးတာ ဒုတိယအကြိမ်ပါ။ပထမအကြိမ်က ကလေးတွေနဲ့ မိသားစုရဲ့ လုံခြုံရေးအခြေအနေကြောင့် လိုင်းပေါ်မတင်ခဲ့ပါဘူး။ အခုတော့ စိုးမိုးနယ်မြေထဲကဖြစ်လို့ ပြည်သူကိုအသိပေးတာပါ။ ကျနော်တို့ကတော့ ဂျီနီဗာကွန်ဗန်းရှင်းကို လိုက်နာကျင့်သုံးပါတယ်။ ပြည်သူနဲ့တသားတည်းလည်းရှိနေပါတယ်။" လို့ မြင်းခြံခရိုင် ပကဖ တာဝန်ရှိသူ ၁ယောက်ကမောင်းသတင်းဌာနကိုပြောခဲ့ပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပေါ်မှာ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကိုင်းကနေ မုံရွာကိုလာတဲ့ စစ်ကောင်စီ ဆီဘောက်ဆာယာဥ်တန်းကိုလည်း အနီးကပ် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မုံရွာ-မန္တလေးလမ်းပိုင်းပေါ် လမ်းကင်းယူဖို့ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး  အရာရှိ ၁ ယောက်အပါအဝင် ၄ ယောက် ထိခိုက်သွားကြောင်း Brave Heart Army (BHA) အဖွဲ့ထံက သိရပါတယ်။
Read More

ရေဦးမှာ ကျားမ ကြီးငယ် မရွေး စစ်တပ် ပေါ်တာဆွဲ ဖမ်းဆီးနေ၊ မြို့ပေါ် လူထက်ဝက်ကျော် တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်တွေက လူကြီး၊ လူငယ်မရွေး၊ ယောက်ျား မိန်းမ မရွေး ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။