ထိုင်းဝန်ကြီးချုပ်ပတွန်တန် ရှင်နာဝပ်ထရာအနေနဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အကြောင်းမယ်မယ်ရရမရှိဘဲ တွေ့ဆုံခဲ့မှုဟာ ထိုင်းကို တစ်ကမ္ဘာလုံးရှေ့မှာ အရှက်ခွဲသလိုဖြစ်နေတယ်လို့ ထိုင်းလွှတ်တော်အမတ်တစ်ဦးက ၎င်းရဲ့လူမှုကွန်ရက်မှာ ဝေဖန်ထောက်ပြပြောဆိုထားပါတယ်။

တရုတ်နိုင်ငံ၊ ကူမင်းမှာ နိုဝင်ဘာ ၇ ရက်က ပြုလုပ်တဲ့ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) အစည်းအဝေးရဲ့ ဆက်စပ်အစီအစဥ်တစ်ခုဖြစ်ခဲ့တဲ့ အဆိုပါတွေ့ဆုံမှုဟာ “ထိုင်းရဲ့ နိုင်ငံခြားရေးနဲ့ တည်ငြိမ်ရေးဆိုင်ရာ အားနည်းချက်ကို မြန်မာအရေးပြဿနာကတစ်ဆင့် ပြသနေတာဖြစ်တယ်”လို့ ထိုင်းရဲ့ Fair Party အမတ် Kannavee Suebsang က နိုဝင်ဘာ ၈ ရက်မှာ ဝေဖန်ထားတာပါ။

အာဏာသိမ်းပြီးနောက်ပိုင်း မင်းအောင်လှိုင်ရဲ့ ပြည်ပခရီးစဉ်တိုင်းဟာ သိသာတဲ့ အဓိပ္ပာယ်တွေရှိကြောင်း၊ မင်းအောင်လှိုင်ဟာ အတိုက်အခံတွေကို နိုင်ငံအနှံ့ ဖိနှိပ်ရာမှာ အဓိကကျသူဖြစ်ပြီး (နေပြည်တော်ကို) စစ်ရေးအရ ထိုးဖောက်ဝင်ရောက်မှာကို စိုးရိမ်တာကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပထွက်ဖို့ အမြဲ တွန့်ဆုတ်နေတာဖြစ်ကြောင်း၊ မြေပြင်၊ ဝေဟင် အင်အားတွေသုံးပြီး အတိုက်အခံတွေနဲ့ အရပ်သားတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်တိုက်ခိုက်နေခဲ့တာ ၃နှစ်ကျော်ကြာလာပေမယ့် မအောင်မြင်တာကြောင့် အရှက်တကွဲ အကျိုးနည်းဖြစ်နေကြောင်းလည်း Kannavee Suebsang က ပြောပါတယ်။

မြန်မာနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးအပြင် နိုင်ငံတကာ စင်မြင့်မှာပါ ထိုင်းအနေနဲ့ ဘယ်လိုအခန်းကဏ္ဍက ပါဝင်သင့်တယ်ဆိုတာကို စဉ်းစားဆင်ခြင်ဖို့လိုတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင်နဲ့ လူချင်းတွေ့ပြီးနောက်ပိုင်း မြန်မာပြည်ငြိမ်းချမ်းရေးအတွက် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ပံ့ပိုးပေးမယ့်သဘော ထိုင်းဝန်ကြီးချုပ်က မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။ ဒီလို ပြောခဲ့တာတွေဟာ ထိုင်းကို ဒေသတွင်း၊ နိုင်ငံတကာကိုပါ သက်ရောက်စေနေတဲ့  မြန်မာပြည်ရဲ့ ထိရှလွယ်ပြီး ရှုပ်ထွေးတဲ့ အခြေအနေတွေကို နားလည်မှု အားနည်းနေတယ်ဆိုတာ ပြသရာရောက်နေတယ်လို့လည်း သူက ထောက်ပြပါတယ်။

ဒါ့အပြင် ထိုင်းဝန်ကြီးချုပ်ရဲ့ မင်းအောင်လှိုင်နဲ့‌ တွေ့ဆုံမှုဟာ လက်ခံနိုင်စရာမဟုတ်ကြောင်းနဲ့  စစ်သားတွေဟာ အပြစ်မဲ့ပြည်သူတွေကို သတ်နေပြီး၊ လူပေါင်း ၁၆ သန်းနီးပါး ထိခိုက်စေခဲ့တဲ့အပြင် ၃ သန်းလောက်ကို အိုးမဲ့အိမ်မဲ့ဖြစ်စေနေတာတောင် သူနဲ့ အကြောင်းမယ်မယ်ရရမရှိဘဲ ဘာကြောင့် တွေ့နိုင်ရတာလဲလို့လည်း သူက ဆိုပါတယ်။

ဒီလိုလုပ်ဆောင်ခဲ့တာဟာ တလောကလုံးအရှေ့ အရှက်ခွဲသလိုဖြစ်နေကြောင်း၊ မင်းအောင်လှိုင်ဟာ သူနဲ့တွေ့ဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ကို ရွေးချယ်ခဲ့ကြောင်း၊ ဒါဟာထိုင်းအနေနဲ့ ၄င်းတို့ နှစ်သက်လက်ခံထားတယ်ဆိုတဲ့ လစ်ဘရယ်အခြေခံမူတွေကို လိုက်နာကျင့်သုံးမှု မရှိဘူးဆိုတာတဲ့အပြင် ထိုင်းရဲ့ အဓိပ္ပာယ်ပြည့်၀တဲ့ သံတမန်ရေးမူဝါဒကို ရိုက်ချိုးဖျက်ဆီးတာ၊ ဆန့်ကျင်တာလည်းဖြစ်ကြောင်း လွှတ်တော်အမတ်က ပြောပါတယ်။

အပြစ်မဲ့ပြည်သူတွေကို သတ်နေတဲ့ စစ်ခေါင်းဆောင်နဲ့ ယခုတကြိမ်တွေ့ဆုံမှုက သံတမန်ရေးအရ လစ်ဘရယ်အခြေခံမူတွေကို ပျက်ပြားစေခဲ့ကြောင်းနဲ့ လူသားချင်းစာနာမှုအကူအညီတွေကို စစ်တပ်လက်အောက်ခံအဖွဲ့အစည်းတခုဖြစ်တဲ့ မြန်မာကြက်ခြေနီအသင်းကတဆင့် ပေးအပ်တာမျိုးကို အဆုံးသတ်သင့်ကြောင်း ၄င်းကဝေဖန်တိုက်တွန်းလိုက်ပြီး၊ ၎င်းရဲ့ မေးခွန်းတွေကို ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့က ဖြေပေးစေလိုကြောင်းလည်း သူရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာကို ကာလဝမ်းရောဂါဆေးတွေ ထိုင်း အကူအညီပေး

မြန်မာပြည်မှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါ ကာကွယ်တိုက်ဖျက်ရေး အကူအညီဖြစ်စေဖို့ ကာလဝမ်းရောဂါဆေးတွေကို ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပေးထားကြောင်း Bangkok Post က ဒီဇင်ဘာ ၂၄ ရက်မှာ ဖော်ပြထားပါတယ်။  
Read More

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး အမြန်လမ်းစီမံကိန်းအတွင်းမှာ မတော်တဆဖြစ်မှုကြောင့် လူ ၄ဦး သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးက စမွတ်စခွန်ခရိုင်၊ မဟာချိုင်မြို့သစ်ဧရိယာမှာ တည်ဆောက်ဆဲ တံတားတစ်ခုရဲ့ ကရိန်းနဲ့ ကွန်ကရစ်အပိုင်းတွေ ပြိုကျခဲ့မှုကြောင့် လူ ၄ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

တောင်ကိုးရီးယားရောက် မြန်မာနိုင်ငံသားများ စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း ဆန္ဒပြ

တောင်ကိုးရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြတယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) အတွင်းရေးမှူး ကိုလင်းအိမ်က ပြောပါတယ်။
Read More

မင်းအောင်လှိုင်က သူ့ကိုယ်သူ ဘုရင်လို့သုံးနှုန်းပြီး လက်နက်စကြာရှင် ပူတင်နှင့် တွေ့ဆုံမှုဟာ မြတ်စွာဘုရားရှင်၏ ဗျာဒိတ်တော်အရ ဖြစ်သည်ဟု ပြောဆို

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

သုညမှ စခဲ့သည့် တော်လှန်ရေး ပြည်သူများ၏ ကြံ့ကြံ့ခံနိုင်မှုကြောင့် အောင်မြင်နေ၊ တော်လှန်ရေးတပ်များ နယ်မြေ ၅၀ ရာခိုင်နှုန်းကျော် ထိန်းချုပ်ထားနိုင်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

Asia Society က မတ်လ ၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ Myanmar/Burma 2025: Challenges and Opportunities ဆွေးနွေးပွဲကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကလေးငယ် ၂ ဦး အပါအဝင် ရွှေ့ပြောင်းမြန်မာ ၁၁၀ ကျော် ကန်ချနဘူရီမှာ ဖမ်းဆီးခံရ 

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ၊ ထောင်ဖာဖုမ်မှာ မြန်မာပြည်ကနေ တရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သား ၁၁၀ ကျော်ကို အာဏာပိုင်တွေက စက်တင်ဘာလ ၁၆ ရက်မှာ ထပ်မံ ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။