ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လအတွင်းမှာတင် မကွေးတိုင်း၊ ယောဒေသမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း ပဉ္စမ မဏ္ဍိုင်( PMCSG ) က ထုတ်ပြန်ပါတယ်။

ပဉ္စမမဏ္ဍိုင်(PMCSG) က ယောဒေသအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုအခြေအနေတွေကို စာရင်းပြုစုပြီး  နိုဝင်ဘာလ ၈ ရက်နေ့က အသိပေးထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သားပြည်သူ နေထိုင်တဲ့ ကျေးရွာ‌တွေကို လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်တွေဟာ ဂျက်တိုက်လေယာဉ်တွေ၊ ဒရုန်းတွေ အသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဂန့်ဂေါမြို့နယ်မှာ (၃)ကြိမ်၊ ထီးလင်းမြို့နယ်မှာ (၃)ကြိမ်နဲ့ ဆောမြို့နယ်မှာ (၂)ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အများစုဟာ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၁ ယောက် သေဆုံးကာ ၄၀ ဝန်းကျင် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းလှမြို့နယ်အတွင်း တိုက်ပွဲများတွင် သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဒုဗိုလ်မှူးကြီး ဇော်မျိုးဝင်း အပါအဝင် အရာရှိနှင့် တပ်သား ၂၀ ကျော် ထိခိုက် သေဆုံးခဲ့

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်း အပါအဝင် အရာရှိနဲ့ တပ်သား ၂၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့သာယာဝတီခရိုင်အမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ကလေးခရိုင် ပကဖ ရဲဘော်အတွက် ချီးမြှင့်ငွေ ထောက်ပံ့

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်အတွက် အခမ်းအနားနဲ့ ချီးမြှင့်ငွေ ထောက်ပံ့ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၄ အတွင်း စစ်ကောင်စီတပ်က ဒုဗိုလ်မှူးကြီး အဆင့်ကနေ ဒုရဲမှူးအဆင့်အထိ အပါအဝင် ၄၇၅ ယောက် အလင်းဝင်ခဲ့တယ်လို့ NUG ပြော

အကြမ်းဖက်စစ်တပ်က ဒုတိယဗိုလ်မှူးကြီး အဆင့်ကနေ ဒုရဲမှူးအဆင့်အထိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇၅ ယောက်ဟာ ၂၀၂၄ ခုနှစ်အတွင်း အလင်းဝင်လာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်  ၄/၂၀၂၄ မှာ ပြောဆိုခဲ့ပါတယ်။
Read More

မြင်းမူမှာ စစ်ကောင်စီစခန်းကို တော်လှန်ရေးအဖွဲ့ ၁၂ ဖွဲ့ ပေါင်းပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရှိနေတဲ့ ဂွေးပင်တောရွာစခန်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Myaung Drone Force အဖွဲ့က ​ထုတ်ပြန်ပါတယ်။
Read More

လုံခြုံရေးအရ အာမခံနိုင်မယ့် မဲဆန္ဒနယ် ၁၆၀ ကျော်မှာ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေ

၂၀၂၅ မှာ စစ်ကောင်စီဘက်ကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးမှာ မဲဆန္ဒနယ် ၁၆၀ ကျော်လောက်ပြုလုပ်နိုင်မယ့် အနေအထားရှိတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ကျောင်းသားလူငယ်များနှင့် စတင်ဖွဲ့စည်းခဲ့သည့် စစ်ကိုင်း PDF ၄ နှစ် ပြည့်

စစ်အာဏာသိမ်းမှု စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာပဲ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားလူငယ်တွေနဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (Sagaing PDF) ဟာ အခုဆိုရင် ၄ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။