မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း Anyar Federal Task Force (A F T F) မှ ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။ 

ပြီးခဲ့တဲ့  နိုဝင်ဘာလ ၆ ရက်နေ့တွင် ရေစကြိုမြို့မှ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို စစ်ကူလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။

တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဘီးလင်းမြို့နယ် အလူးလေးနှင့် သပြေနီကျေးရွာအကြား စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ယောက်သေ (ရုပ်/သံ)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အလူးလေးနဲ့ သပြေနီကျေးရွာအကြား ဧပြီ ၂၁ ရက်က အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က ၆ ယောက်သေကာ အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ နဂါးဖြူတပ်ရင်းထံက သိရပါတယ်။
Read More

သထုံခရိုင် အမှတ်(၁) PDF တပ်ရင်းကို ပြည်ပရောက်မြန်မာတွေက စောင်တွေလှူဒါန်း (ရုပ်/သံ)

သထုံခရိုင် အမှတ် ၁ PDF တပ်ရင်းမှာ ရဲဘော်တွေ အမှန်တကယ်လိုအပ်နေတဲ့ စောင်တွေကို ထောက်ပို့ပံ့ပိုးကူညီပေးကြတဲ့ ပြည်ပက အမည်မဖော်လိုတဲ့ ထောက်ပို့ပြည်သူတွေကို ကျေးဇူးတင်ရှိကြောင်း အဆိုပါ တပ်ရင်းက ရုပ်သံနဲ့တကွ ထုတ်ပြန်လာပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၇ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရန်သူရဲ့ တိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ဖို့ ရှမ်းတောင်အထူးတပ်ဖွဲ့ P3-9702 မှာ ဖောက်ခွဲရေးနည်းပညာများ လေ့ကျင့်သင်ကြား (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဒေသ(၃) ရှမ်းတောင်အထူးတပ်ဖွဲ့ P3-9702 ရဲဘော်တွေကို ဖောက်ခွဲရေးနည်းပညာများ လေ့ကျင့်သင်ကြားပေးနေတဲ့ မှတ်တမ်းရုပ်သံကို Urban Operation Columnမှ ထုတ်ပြန်လိုက်ပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်မှ PRF ထောက်ပို့တပ်သားများအား ဂုဏ်ပြုစကားပြောကြား (ရုပ်/သံ)

PRF - People's Revolution Supply Family စတင်တဲ့ ၂၀၂၂ ဒီဇင်ဘာကနေ ဒီကနေ့အထိ လစဉ်မပျက်မကွက် ထောက်ပို့ပေးကြတဲ့ PRF တပ်သားတွေကို ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အထူးကျေးဇူးတင်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့ပါတယ်။
Read More

စစ်မှုထမ်းဖို့ ဖမ်းဆီးခံရတဲ့ ပြည်သူ ၃ယောက်ကို PDF ကယ်တင် (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီက စစ်မှုထမ်းဖို့ ဖမ်းဆီးထားတဲ့ ပြည်သူ ၃ ယောက်ကို ကယ်ထုတ်ခဲ့ရကြောင်း တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသက ထုတ်ပြန်ပါတယ်။