အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းခဲ့ရတဲ့ စစ်ကောင်စီတပ်သား နှစ်ယောက်ဟာ လက်နက်ခဲယမ်းနဲ့အတူ မကွေးတိုင်းအရှေ့ခြမ်းက ကြိုးကြာနီတပ်ရင်း (၇) ဆီ ဆက်သွယ် အလင်းဝင်ရောက်လာတယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။

စစ်မှုထမ်း ဥပဒေအရ ဝင်ရောက်ခဲ့ရတဲ့ စစ်ကောင်စီတပ်သား နှစ်ယောက်က MA သေနတ် ၂လက်၊ ကျည်ဘောက် ၆ ခု၊ ကျည်ဆံအတောင့် ၂၀၀ နီးပါး၊ လက်ပစ်ဗုံး ၁လုံး၊ ၁၄ နင်းမိုင်း တစ်လုံးတို့နဲ့အတူ ဆက်သွယ်အလင်းဝင်ရောက်လာတယ်လို့ ကြိုးကြာနီ ပြည်သူ့ကာကွယ်ရေးတပ်က ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား နှစ်ယောက်ကို ကြိုးကြာနီ တပ်ရင်း (၇)အနေနဲ့  တာဝန်ယူစောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ်။

အခုလို ဆက်သွယ်အလင်းဝင်ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်သား နှစ်ယောက်ကို ပြည်သူ့သားကောင်းတွေအဖြစ် အသိအမှတ်ပြု ဂုဏ်ယူပြီး လုံခြုံတဲ့ နေရာဆီ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျိုက်ထိုမြို့နယ်အတွင်း တပ်မ ၂ ခုနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရလို့ ပြန်လည်ဆုတ်ခွာထွက်ပြေး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းကို အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ နှစ်ခု ဖြစ်တဲ့ တပ်မ ၇၇ နဲ့ တပ်မ ၄၄ တို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
Read More

ရွှေသောင်ယံမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေရာ အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ပါ ဗုံးကြဲနေ…

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် AA ဦးဆောင်တဲ့ ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ ဇန်နဝါရီလ ၁၆ ရက် ညနေပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

လှော်ကားလမ်းဆုံအနီးက စစ်ကောင်စီ ခမရ ၁၀၆ တပ်ကို Dark Shadow အဖွဲ့ အဝေးမိုင်းနဲ့ တိုက်ခိုက်

ရန်ကုန်တိုင်း၊ ထောက်ကြံ့မြို့နယ်၊ လှော်ကားလမ်းဆုံအနီးက စစ်ကောင်စီရဲ့ ခမရ ၁၀၆ တပ်ရင်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ YGN Dark Shadow အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ် တပ်ဖွဲ့ရဲ့ အရာရှိသင်တန်း အပတ်စဥ် (၁) နှင့် တပ်သားသင်တန်း အပတ်စဥ် (၂၄) သင်တန်းဆင်းပွဲ အခမ်းအနား

ကရင်နီပြည်အခြေစိုက် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF) အနေနဲ့ အရာရှိသင်တန်းအပတ်စဥ် (၁) နဲ့ တပ်သားသင်တန်းအပတ်စဥ် (၂၄) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရုံးပင်ရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးပွေ့ချီထွက်ပြေးသည့် မိခင်အပါ ၂ ဦး သေဆုံး၊ ကလေးငယ် အသက်ရှင်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးပင်ရွာ ဘုန်းကြီးကျောင်းအနီးကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးပြီး ၂ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၅) မှ ရဲဘော် ၁ ဦး အကြမ်းဖက်စစ်ကြောင်းကို ခုခံတိုက်ခိုက်ရင်း ကျဆုံး

ကရင်နီအမျိုးသားကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၅) မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်ထူးနေခလေး ဟာ အကြမ်းဖက်စစ်ကြောင်းကို ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။