စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ လုံခြုံရေးအားနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ညမထွက်ရ အမိန့်ကို ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကနီမြို့နယ် NUG ပညာရေးဘုတ်အဖွဲ့ တာဝန်ခံမိသားစု သတ်ဖြတ်ခံခဲ့ရတဲ့ ကနီမှာ လုံခြုံရေးအားနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ညမထွက်ရအမိန့်ကို ကနီ ပအဖက ထုတ်ပြန်လိုက်တာပါ။

ညမထွက်ရအမိန့်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မနေ့က နိုဝင်ဘာ ၉ရက်မှာ အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။

ကနီပကဖ၏ ထုတ်ပြန်ကြေညာချက်
ကနီပကဖ၏ ထုတ်ပြန်ကြေညာချက်

ကနီမြို့နဲ့ ကျေးရွာတွေမှာ ပြည်သူတွေအနေနဲ့ ည၁၀ နာရီကနေ မနက်၅နာရီ အတွင်း မိမိနေထိုင်ရာ နေအိမ်ကနေ အပြင်လုံးဝမထွက်ဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အရေးကြီးခရီးသွားလာခြင်းကလွဲလို့ ပြည်သူတွေအနေနဲ့ ကျန်းမာရေးကိစ္စတွေ အရေးပေါ်သွားလာရမယ်ဆိုရင် သက်ဆိုင်ရာ ပအဖ၊ ပကဖ၊ ပလဖတွေထံ အသိပေးအကြောင်းကြားဖို့လည်း ပြောထားပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ တပုန်းကျေးရွာမှာ နိုဝင်ဘာ ၄ရက် ညပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဦးဝင်းဌေးနဲ့ သူ့ရဲ့မိသားစု အသတ်ခံခဲ့ရပါတယ်။

ဦးဝင်းဌေးအပါအဝင် မိသားစု ၃ယောက်လုံးကို သူတို့ရဲ့ နေအိမ်အတွင်း ရက်ရက်စက်စက် ဝင်ရောက်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်သွားတယ်ဆိုတာကိုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကုလစင်မြင့်မှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ဆက်လက်ကိုယ်စားပြုခွင့်ရရေးတောင်းဆို (ဓာတ်ပုံသတင်း)

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် ဒီနေ့ စက်တင်ဘာ ၂၂ရက်၊ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၊ Dag Hammarskjold plaza မှာ ပြည်ပရောက်မြန်မာတွေ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
Read More

PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ အပတ်စဉ် (၂/၂၀၂၅) စစ်မြေပြင်စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ အပတ်စဉ်(၂/၂၀၂၅) စစ်မြေပြင်စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှု သင်တန်းဆင်းပွဲအခမ်းအနားပုံရိပ်တွေကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ မော်ဖိုးကေ စစ်စခန်းကို KNLA ပူးပေါင်းတပ်များ စတင်တိုက်ခိုက်နေ

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီးက အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၂၄ တပ်ရင်း စစ်သားတွေရှိရာ မော်ဖိုးကေ စစ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ စတင်တိုက်ခိုက်နေတယ်လို့ ထိုင်းသတင်းဌာနတွေမှာ သတင်းဖော်ပြပါတယ်။
Read More

လှည်းကူးတွင် မဲရုံလုပ်မည့် ကျောက်အိုင်ရွာ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ရွေးကောက်ပွဲအတုလုပ်ဆောင်မယ့် ကျောက်အိုင်ရွာအုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းတွေနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တော်လှန်ရေးအဖွဲ့အဖြစ် အယောင်ဆောင်ပြီး အရပ်သားတွေဆီက ခြိမ်းခြောက်ငွေညှစ်နေသူကို ကန့်ဘလူခရိုင်- အမှတ် ၄ တပ်ရင်း ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ တော်လှန်ရေး အဖွဲ့အဖြစ် အယောင်ဆောင်ပြီး အရပ်သားပြည်သူတွေဆီက ခြိမ်းခြောက်ငွေညှစ်နေတဲ့ သန်းထိုက်ဦး (ခ) ငတီးဆိုသူကို ဖမ်းဆီးစစ်ဆေးနေကြောင်း ကန့်ဘလူခရိုင်-တပ်ရင်း ၄ ထံက သိရပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့

စစ်ကောင်စီက တစ်ပတ်အတွင်းမှာ တောင်ပိုင်းစစ်ဒေသထဲက အပြည့်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသကနေ သတင်းထုတ်ပြန်ထားပါတယ်။