စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တွဲကားယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားတွေ ထိခိုက်မှုရှိတာ်လို့ မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်းဆီက သိရပါတယ်။
နိုဝင်ဘာလ ၈ ရက် မွန်းတည့်အချိန်ခန့်က မုံရွာမြို့က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တွဲကား ၄၇ စီးနဲ့ Jammer ကား ၅ စီးကို တော်လှန်ရေးတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီယာဉ်တန်းရဲ့ ၅ စီးမြောက်နဲ့ ၆ စီးမြောက် ကားကို တော်လှန်ရေး တပ်ဖွဲ့တွေက ချောင်းဦးမြို့နယ်၊ နတ်ရေကန်နဲ့ ရေပိုးစားအကြား ပဒေသာမိုင်း ၃ လုံးတွဲ ၂ ပွိုင့်နဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း တွဲကား ၂ စီးလုံး မိုင်းစ ထိမှန် ရပ်တန့်သွားပြီး ကင်းဝပ်နေတဲ့ စစ်တပ် ကင်းပုန်းတွေနဲ့ ကားပေါ်က စစ်သားတွေကို လက်နက်ငယ်တွေနဲ့ လမ်းဘေးတစ်လျှောက်ကို ရမ်းသမ်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေ ထိခိုက်မှုရှိပေမယ့် အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေကို မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်းများသော People’s Defence Force – South Monywa ၊ People’s Defence Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Pentagram ၊ Venom Revolution Force ၊ Myinmu Local Defence Force ၊ Shining Star Local Defense Force နဲ့ မြန်မာအစ္စလာမ်အထူကွန်မာန်ဒိုတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပုံအဟောင်းကို အသုံးပြုထားပါတယ်။
0 Shares:
You May Also Like
Read More

နိုင်ငံတစ်ဝန်း ဇွန်လနှင့် ဇူလိုင်လအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ (၁၀၃) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ဇွန်လနဲ့ ဇူလိုင်လအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေ​ကြောင့် အရပ်သားပြည်သူ (၁၀၃) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူမြို့နယ်မှာ စစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက်သေ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးရွာကျေးရွာက အကြမ်းဖက်စစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်-၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာတွင် ပြည်သူကို ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ တိုက်ခိုက်ခံရ၊ ၃ ဦး သေဆုံး

မုံရွာမှာ ပြည်သူတွေကို အနိုင်ကျင့်ပြီး ငွေကြေးတောင်းခံနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် (၂၂) နတ်ဆိုးတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၁ ယောက် အပါအဝင် ဒေသခံ (၆) ယောက် ထိမှန်ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့က စျေးရပ်ကွက်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၆) ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

သီပေါနဲ့ လားရှိုးကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ

TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

MLA မှ တပ်ပြေးရဲဘော် ၅ ဦးကို ထုတ်ပြန်ကြေညာ

မွန်ပြည်နယ်ခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တပ်ဖွဲ့ ကနေ တပ်ပြေးရဲဘော် ၅ယောက်ကို ဒီနေ့ ဇွန်လ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာလာပါတယ်။