ရခိုင်ပြည်နယ်၊ အမ်းမြို့ တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၄ဦးကို ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) မှဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပြီး အဲဒီတိုက်ပွဲတွေကြားထဲကနေ အခုလို စစ်သား ၄ဦးဟာ ထွက်ပြေးလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ အမ်းမြို့ (နပခ)၊ ခမရ (၃၇၃) ကနေ ထွက်ပြေးလာတဲ့ ကိုယ်ပိုင်အမှတ် (ပစ – ၁၀—-) ကိုသက်နိုင်နဲ့ (ပစ – ၁၀—-) ကိုသက်နိုင်ဦး တို့ ၂ ဦးကိုအရင်ဦးဆုံး ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“၃၇၃ က ၂ယောက်ကတော့ အာရက္ခတပ်တော် AA က ၃၇၃ ကို သိမ်းချိန်မှာ စခန်းတွင်း တပ်သား ၈ ယောက်ပဲ ကျန်တော့လို့ ကြောက်လန့်ပီး ထွက်ပြေးလာတာဖြစ်တယ်” လို့ CDF – Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင် က မောင်းကို ပြောပါတယ်။
အဲဒီနောက် နိုဝင်ဘာလ ၃ ရက်နေ့မှာလည်း ခမရ (၃၇၁)၊ ကြက်ရေစမ်း နယ်ခြားဂိတ် ရှေ့တန်းစစ်ကြောင်းမှ ကိုယ်ပိုင်အမှတ် ( ပစ – ၁၀—- ) ကိုရဲမွန်ဦးနဲ့ ( ပစ – ၁၀—- ) တပ်သားကိုကျော်မင်းဦးတို့ ၂ ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“၃၇၁ က ၂ယောက်ကတော့ နယ်ခြားဂိတ် ကံမြင်းကန်ဂိတ်အနီး ကြက်ရေစမ်းမှာ စစ်ကြောင်းချထားချိန် ကင်းချိန်အတွင်း ပြေးလာတယ်လို့ ထွက်ဆိုထားတယ်” ၄င်းက ဆက်လက်ပြီးပြောပါတယ်။
အဆိုပါစစ်သား ၄ဦးဟာ ရခိုင်ပြည်နယ်ကနေ CDF-Asho ရဲ့ စစ်ဆင်ရေးလှုပ်ရှားရာ မကွေးတိုင်း နယ်မြေထဲကို ကျွံလာတာကြောင့် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးရမိစဉ်မှာ စစ်သားတွေမှာ စိတ်အခြေအနေ မတည်မငြိမ်ဖြစ်နေပြီး လက်ရှိမှာတော့ အခြေအနေ အနည်းငယ် တည်ငြိမ်လာပြီလို့ ဆိုပါတယ်။
CDF-Asho ကနေပြီး အဆိုပါ စစ်ကောင်စီတပ်သား ၄ဦးကို နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ဥပဒေတွေနဲ့ အညီ စနစ်တကျ ဖမ်းဆီးထိန်းသိမ်း ထားတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်ကောင်စီ လေတပ်ဗိုလ်ကြီးကို PLA ပစ်ခတ်ရှင်းလင်း

စစ်ကောင်စီရဲ့ လေတပ်ဗိုလ်ကြီးတစ်ယောက်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဒီနေ့ ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

အင်းစိန်ထောင်မှ လွတ်ရက်စေ့ ရိုဟင်ဂျာများကို စစ်ကောင်စီက စစ်တွေကို ပို့ဆောင်

အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထားတဲ့ လွတ်ရက်စေ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီက ခေါ်ထုတ်သွားပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ စစ်တွေကို ပြန်လည်ပို့ဆောင်ဖို့ လုပ်ဆောင်နေကြောင်း  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
Read More

မြင်းမူတွင် ဧပြီလအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၅ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ခဲ့

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဧပြီလ တစ်လအတွင်း လူ ၅ ယောက် သေဆုံးခဲ့ပြီး ထိခိုက်သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ကလေးငယ်တွေ အပါအဝင် PDF တပ်ဖွဲ့ဝင်တွေနဲ့ သက်ကြီးပိုင်းတွေ ပါဝင်ခဲ့တယ်လို့ မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အုတ်ဖိုတွင် ကျေးရွာများကို မီးရှို့နေသည့် အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အယောက် ၂၀ ကျော် သေ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာမှာ တပ်စွဲကာ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာမှာ စစ်အုပ်စုဘက်က အယောက် ၂၀ ကျော် သေဆုံးသွားတယ်လို့ သာယာဝတီခရိုင်၊ အမှတ် (၁) တိုက်ခိုက်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

အင်းစိန်က စစ်ကောင်စီ လေတပ်အိမ်ထောင်သည်လိုင်းခန်း အစောင့်ကင်းဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်…

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ လေတပ်အိမ်ထောင်သည်လိုင်းခန်း အစောင့်ကင်းဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မန်းရွှေစက်တော်ဘုရားအနီး သွားလာမှုတွေ မပြုလုပ်ဖို့ မင်းဘူးခရိုင် PDF တပ်ရင်း သတိပေး

စစ်ကောင်စီက ပြည်သူတွေကို အကြမ်းဖက် ဖမ်းဆီးမှုတွေရှိနေတာကြောင့် မန်းရွှေစက်တော်ဘုရားအနီးကို ပြည်သူတွေ လာရောက်ခြင်းမပြုဖို့ ပြည်သူ့ကာကွယ်‌ရေးတပ်မတော် မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက သတိပေးထုတ်ပြန်လိုက်ပါတယ်။