မကွေးတိုင်း ရေစကြိုမြို့မှ စက်လှေ ၃ စီးနဲ့ မြောင်မြို့နယ် ‌ကျောက်ရစ်ရဲစခန်းကို တပ်ချိန်းဖို့ လာတဲ့ အကြမ်းဖက်စစ်သား အင်အား ၆၀ ခန့်ကို တိုက်ခိုက်ခဲ့တယ်လို့ Royal Brother Defence Forceအဖွဲ့ထံက သိရပါတယ်။
အဲဒီအကြမ်းဖက်စစ်သားတွေဟာ ခမရ ၃၃၁ တပ်ရင်းက စစ်သားတွေဖြစ်ပြီး ချင်းတွင်းမြစ်တစ် နေရာမှာ တော်လှန်ရေးတပ်တွေက အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား ၃ ယောက်သေကာ အများအပြားဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ကျေးရွာတပ်ပေါင်းစု (မြောင်)၊ မြင်းခြံခရိုင်တပ်ရင်း အမှတ် (၃)၊ မြင်းခြံခရိုင်တပ်ရင်း အမှတ် (၁)၊ သွေးသောက်တပ်ဖွဲ့၊ 11 Brother revolution forceနဲ့ Wolf brother တပ်ဖွဲ့ တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိပါတယ်။
0 Shares:
You May Also Like
Read More

မြစ်ခြေနဲ့ ကမ္မလမ်းကြောမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၀ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း မြစ်ခြေနဲ့ ကမ္မလမ်းကြောမှာ ဒီဇင်ဘာ ၂၉ ရက်က အင်အား ၁၅၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်တိုက်ပွဲအတွင်း အထိနာနေသည့် စစ်ကောင်စီတပ် ကာမီကာဇေဒရုန်းများ အသုံးပြု တိုက်ခိုက်လာ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် နယ်စပ်စခန်းတွေ သိမ်းပိုက်ခံနေရတဲ့ စစ်ကောင်စီတပ်ဟာ KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကို ကာမီကာဇေဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်နေတဲ့ ရုပ်သံဖိုင်တစ်ခုကို ထိုင်းသတင်းဌာနတွေက ဖော်ပြနေကြပါတယ်။
Read More

ရေကြောင်းအတွင်း ရိက္ခာနဲ့ လူသယ်ယူပို့ဆောင်နေတဲ့ စစ်သင်္ဘောတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့မှတ်တမ်းရုပ်သံဖိုင် T5 Wings ထုတ်ပြန်

ရိက္ခာနဲ့ လူသယ်ယူပို့ဆောင်ပေးနေတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ မှတ်တမ်းရုပ်သံဖိုင်တစ်ခုကို T5 Wings မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ပုလောမြို့နယ် ခလရ ၁၇ တပ်ရင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်မှု အကြမ်းဖက်စစ်သား ၃ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် အခြေစိုက် ခလရ ၁၇ တပ်ရင်းကို ‌တော်လှန်ရေးတပ်တွေ ဇန်နဝါရီ ၉ ရက် မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။
Read More

ကြေးနီတင်ယာဉ်နှင့် စစ်ကောင်စီလုံခြုံရေးယာဉ် စုစုပေါင်း ၅၆ စီးကို လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ ကြေးနီတင်ယာဉ်နဲ့ လုံခြုံရေးလိုက်ပါလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီတော်လှန်‌ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဥပုသ်သီလယူဖို့ လူအများအပြားရှိနေတဲ့အချိန် ဘုန်းကြီးကျောင်းကို ဗုံးကြဲလို့ ပြည်သူ ၆ ဦး သေဆုံး၊ သံဃာတော်များ အပါအဝင် အများအပြားဒဏ်ရာရ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ ကမ်းနီကျေးရွာဘုန်းကြီးကျောင်းကို ဒီနေ့ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ယောက်သေဆုံးပြီး သံဃာတော်များ အပါအဝင် လူအများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။