နိုဝင်ဘာလ ၈ရက်၊ ည ၇နာရီကျော်လောက်က ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့ EPC ရုံး လက်ပစ်ဗုံးနဲ့အပစ်ခံရပြီး ကင်းအစောင့်ချထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ရဲအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဆီကနေ သိရပါတယ်။
မြောက်ဥက္ကလာပ EPC ရုံး၊ အစောင့်ချထားတဲ့ နေရာကို လက်ပစ်ဗုံး ၂လုံးနဲ့ ပစ်သွင်းတိုက်ခိုက်ခဲ့တာကြောင့် ကင်းစောင့်နေတဲ့ အကြမ်းဖက်စစ်သားနဲ့ ရဲတွေ ထိခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရတာပါ။
“ပြည်သူတွေကိုအကြမ်းဖက်နေတဲ့ စစ်တပ်၊ ရဲတွေကို၊ သူတို့ကင်းကျတဲ့ EPC ရုံးထိ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်” လို့ Yangon UG People Army တာဝန်ခံ ဂျိုးက မောင်းကိုပြောပါတယ်။
လက်ပစ်ဗုံးနဲ့ ပစ်ခဲ့ပြီး ပေါက်ကွဲမှု့ကြောင့် ကင်းစောင့်နေတဲ့ အကြမ်းဖက်စစ်သားနဲ့ ရဲတွေ လဲကျတာကိုတွေ့ရပြီး ထိခိုက်သေဆုံးမှု့ကိုတော့ အတိအကျမသိရသေးဘူးလို့ အထက်ပါ YUPA တာဝန်ခံက ဆက်ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို YUPA မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့နဲ့ မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၂တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
ရန်ကုန်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်၊ ရဲနဲ့ အကြမ်းဖက်စစ်တပ်ထောက်တိုင်များကို မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်လျှက််ရှိပြီး၊ နိုဝင်ဘာ၇ရက်နေ့ညကလည်း မဂ်လာဒုံမြို့နယ်ရှိ အကြမ်းဖက်လေတပ်၊ အိမ်ထောင်သည်လိုင်းခန်းဂိတ်ကို RUC မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့က ပဒေသာမိုင်းထောင်ပြီး ဖောက်ခွဲ့မှုတွေ ပြုလုပ်ခဲ့ကြောင်းလည်း ရန်ကုန်မြို့ပြယူဂျီတော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
ပုံစာ- မြောက်ဥက္ကလာပ EPC ရုံးကိုပစ်ခတ်ရာမှာအသုံးပြုတဲ့ လက်ပစ်ဗုံးပုံ
0 Shares:
You May Also Like
Read More

ငလျင်မလှုပ်ခင် မိနစ်ပိုင်းအလို စက်တပ်လေထီး ဗုံးကြဲလို့ ထမင်းစားနားနေသည့် အမျိုးသမီး အလုပ်သမား ၃ ဦး သေဆုံး၊ ၇ ဦး  ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မတိုက်နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုင်းရင်းဆေးဝါးစက်ရုံကို အကြောင်းမဲ့ စက်တပ်လေထီး Paramotor နဲ့ ဗုံးကြဲတိုက်ခိုက်ရာ ထမင်းစားနားနေတဲ့ အမျိုးသမီးအလုပ်သမား ၃ ယောက် သေဆုံးကာ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

အမှတ် ၁၀၀၉ တပ်ရင်းဖွဲ့စည်းတည်ထောင်ခြင်း ( ၂ ) နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

စက်တင်ဘာလ (၁၁) ရက်နေ့တွင် အမှတ် ၁၀၀၉ တပ်ရင်း ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့်ခဲ့တဲ့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် - IPDF (အမှတ် ၁၀၀၉ တပ်ရင်း) ဟာ ရာသီဥတုဆိုးရွားမှုကြောင့် (၂) နှစ်ပြည့် အခမ်းအနားကို မဟာမိတ်တပ်ရင်းတပ်ဖွဲ့ တွေနဲ့အတူ စက်တင်ဘာလ (၂၅)ရက်မှာ အကျဉ်းချုံး ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

TNLA စိုးမိုးနယ်မြေများအတွင်း ငလျင်ဘေးသင့် ပြည်သူများအတွက် ကျပ်သိန်းပေါင်း (၄၀၀၀)ကျော် အလှူငွေကောက်ခံရရှိခဲ့…

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုးကုတ်၊ ကျောက်မဲမြို့နယ်တို့မှာ အင်အားပြင်း ငလျင်ဒဏ်သင့် ပြည်သူတွေ အတွက် ကော်မတီဖွဲ့စည်းပြီး အလှူခံဌာနဖွင့်လှစ်ရာ ကျပ်သိန်းပေါင်း (၄၀၀၀)ကျော် ကောက်ခံရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရုပ်ရှင်အစည်းအရုံးဝင်နှင့် အစည်းအရုံးဝင်ဖြစ်ဖို့ လျှောက်ထားသူများကိုသာ ရုပ်ရှင်ရိုက်ခွင့်၊ ဆင်ဆာကြည့်ခွင့်များ ပေးတော့မည်

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များအဖြစ် လျှောက်ထားဆဲသူများ ပါဝင်တဲ့ ရုပ်ရှင်၊ ဇာတ်လမ်းတင်ဆက်မှုတွေကိုသာ ရိုက်ကူးခွင့်၊ ဆင်ဆာကြည့်ရှုခွင့်တွေ ပေးတော့မှာဖြစ်ကြောင်း အကြမ်းဖက်စစ်တပ် လက်ဝေခံ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက သြဂုတ်လ ၈ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

နမ္မတူမြို့နယ် မန်လီဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်၊ ဘုန်းကြီးကျောင်း ပျက်စီးသွားပြီး သံဃာတော်များ ရွာထဲနေအိမ်များတွင် ခေတ္တသွားရောက် သီတင်းသုံးနေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်ရှိ မန်လီကျေးရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မန်လီကျောင်းထိုင်ဆရာတော်ထံက သိရပါတယ်။
Read More

မွန်ပြည်နယ်ရှိ သထုံခရိုင် ပကဖ နှင့် PDF ဗျူဟာ (၂၇) ပူးပေါင်းစစ်ကြောင်းထွက်ခွာ

မွန်ပြည်နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်း လက်အောက်ခံ ဗျူဟာ (၂၇) နဲ့ KNU သထုံခရိုင် တပ်မဟာ (၁) နယ်မြေအတွင်း အခြေခံလှုပ်ရှားနေတဲ့ ပကဖတိုက်ခိုက်ရေးအဖွဲ့ အင်အားစုတွေကို စုစည်းပြီး ဗျူဟာ (၂၇) ပူးပေါင်းစစ်ကြောင်း (၁)နဲ့ (၂) အဖြစ် ဖွဲ့စည်းကာ အထူးစစ်ကြောင်းပုံစံနဲ့ တာဝန်တွေ စတင်ထမ်းဆောင်နေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။